Latest News

Sunday, April 23, 2017

နိုင်ငံလင်း (သို့မဟုတ်) Rebel of Rangoon

နိုင်ငံလင်း (သို့မဟုတ်) Rebel of Rangoon

သာကေတ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အဖြစ် မဲဆွယ် စည်းရုံးရေး ခရီးစဉ်အတွင်း လူရမ်းကားတသိုက်ရဲ့ ဒါးချက် နဲ့ ဆေးရုံ မှာ အတွင်းလူနာ အဖြစ် ဒဏ်ရာပြင်းထန်စွာနဲ့ ရောက်နေတဲ့ ကိုနိုင်ငံလင်း ဆိုတာ နဲနဲရရ လူတော့မဟုတ်ဘူး။

အမေရိကန် စာရေးဆရာမ Washington Post သတင်းစာ ဆရာ Dephine Schrank ရဲ့ မကြာမီက ရေးသားခဲ့တဲ့ Rebel of Rangoon ဆိုတဲ့စာအုပ်က စစ်အာဏာရှင် စနစ်ကို ၂၀၀၇ ခုနှစ်က စပြီး မြေအောက် လှုပ်ရှားမှုကို ဦးဆောင်လှုပ်ရှားခဲ့တဲ့ သူဘ၀ ဖြစ်စဉ်အကြောင်း ခမ်းခမ်းနားနား ရေးသား ဂုဏ်ပြု ထားတဲ့ စာအုပ်ပါ။

 နိုင်ငံလင်း ဆိုတာ အမည်ရင်း ဖြစ်ပြီး နိုင်ငံခြားသားတွေနဲ့ ဆက်ဆံနေရလို့ Nigel ဆိုတဲ့ နာမည်နဲ့ လူသိများပါတယ်။  မြောက်ဥက္ကလာာ ဇာတိ၊ ညီအကို မောင်နှမ ကိုးယောက်မှာ အကြီးဆုံး။

 ၁၉၈၈ မှာ ငမိုးရိပ် ချောင်းထဲကနေ အညှိုးကြီးလှတဲ့ စစ်တပ်က စစ်သင်္ဘောပေါ်ကနေ ကုန်းပေါ်က ဆန္ဒပြသူတွေကိုစက်သေနတ်နဲ့ ပစ်ခတ်ခဲ့တာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရင်္ပြး အဖေ ကော  အမေ ပါ NLD ထဲ ခြေစုံပြစ်ဝင်ခဲ့တယ်။

၉၉၉၉ အရေး အခင်းမှာ မိဘ ၂ ပါး စလုံး  အဖမ်းခံခဲ့ရတယ်။ သားကြီး ဖြစ်တဲ့ ကိုနိုင်ငံလင်းက မိသားစုကို  လမ်းဘေးဈေးသည်ဘ၀နဲ့ကော ထိုင်းမှာ ရွှေ့ ပြောင်း အလုပ်သမားဘ၀နဲ့ ရုန်းကန် က္ဈေးမွေး ခဲ့ရပါတယ်။

၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး ကနေ စတင် ၀င်ရောက်လှုပ်ရှားပြီး NLD ပါတီဝင်ဖြစ်လာခဲ့ပြီးနောက် ထက်မြက်တဲ့ အရည်အချင်းကြောင့် ပါတီက နေရာပေးတာ ခံခဲ့ရပါတယ်။ နောက်ပိုင်း NLD လူငယ်တွေကို ပေးတဲ့  British Council ရဲ့ စကော်လားရှစ်ဆုကိုရပြီး အွန်လိုင်း က နေ တက်ရတဲ့ တက္ကသိုလ် Open University မှာ နိုင်ငံရေး ဘာသာ နဲ့ ဒီပလိုမာ ရခဲ့သူ ဖြစ်တယ်။

ဇနီးဖြစ်သူ ခင်စန္ဒာဝင်းကလည်း ရွှေဝါရောင် တော်လှန်ရေး ကာလအတွင်း ထရိတ်ဒါး ဟော်တယ်ရှေ့မှာ ဆန္ဒပြရင်း အဖမ်းခံရတယ်။ တိုက်ပေါ်တက်ပြေးပြီး ပုန်းနေရာက လွတ်နေမှန်း သိသော်လည်း  သတ္တိ ရှိရှိ နဲ့ ပြန် ဆင်းပြီး ခေါင်းဆောင် ပီသစွာ အဖမ်းခံခဲ့လို့ အင်းစိန်မှာ ၀ါဆိုခဲ့ဘူးသူ ဖြစ်ပါတယ်။။

NLD မှာ ဖွင့်ထားတဲ့ သင်တန်းမှာ အင်္ဂလိပ်စာ နည်းပြ လုပ်နေတဲ့ ကိုနိုင်ငံလင်း နဲ့ ဖူးစာဆုံပြီး နောက် ကိုနိုင်ငံလင်းက ဇနီးနေထိုင်ရာ သာကေတမှာ ပြောင်းရွှေ့နေ ထိုင်ခဲ့သူ ဖြစ်တယ်။

ကိုနိုင်ငံလင်း အဖမ်းခံရတော့ သူကို ချူပ်ထားတဲ့ ကျိုက်ဝိုင်းဘုရားလမ်းက ထောက်လှမ်းရေးဝင်းထဲကို ဇနီး ဖြစ်သူ မခင်စန္ဒာဝင်း ကိုယ်ဝန်ကြီး တကားကားနဲ့ လိုက်လာ၊ တွေ့ခွင့်မရတော့ ၀င်းထဲက ဆောက်လက်စ အဆောက်အဦး မှာ လုပ်နေတဲ့ ပန်းရံ အလုပ်သမ အယောင်ဆောင် ပြီး ၀င်တွေ့ဘို့ ကြိုးစားတဲ့ အတွက် ထောက်လှမ်းရေးက သနားပြီး လင်မယား ၂ ယောက် တွေ့ခွင့်ပေးလိုက်တယ်။

နောက်ပိုင်း NLD Youth ကနေ ထွက်ပြီး Myanmar Development Committe မှာ ခေါင်းဆောင် ကိုထင်ကျော်နဲ့ အဖွဲ့ ၀င် အတော်များများ အဖမ်းခံရတော့ ပြည်သူတွေ မကြောက်တရားနဲ့ နိုင်ငံရေး အသိတွေ နိုးကြားဘို့ MDC ကို ဆက်လက်ဦးဆောင်ခဲ့ရင်းက  အခုလို ထောက်လှမ်းရေး ရဲ့ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါကြောင့် သူဟာ နှယ်နှယ်ရရ မဟုတ်ပါဘူး။ သူ့ အကြောင်း လှုပ်ရှားမှု အသေးစိတ်ကို ပြောချင်ပေမယ့် ထိခိုက်မှာ စိုးလို့ ချန်ထားခဲ့တာတွေ အများကြီးပါ။

ဒီလို အမျိုးသား လွတ်မြောက်ရေးအတွက် အသက်တချောင်းကို ဖက်ရွက်လောက်မှ တန်ဘိုးမထားခဲ့တဲ့ ပိုပြီး ရက်စက်ကြမ်းကြုပ်တဲ့ စစ်အစိုးရ ခေတ်မှာ ရဲရဲတောက် လှုပ်ရှားလာခဲ့တဲ့ သူတယောက်။ NLD ရဲ့ အထက်မြက်ဆုံး လူငယ် ခေါငိးဆောင်တွေထဲက တယောက်ကို ခုလို အကြောင်းမဲ့ ဓါး နဲ့ ၀င် ခုတ်တာ နောက်ကွယ်မှာ ဒီထက် လေးနက်တဲ့ အကြောင်းတွေ အများကြီး ပါဝင် ပါတ်သက်နေတယ်လို့ ယူဆပါတယ်။


ကိုနိုင်ငံလင်းက ငယ်စဉ်က ကရာတေး သင်တန်းမှာ  လက်ထောက်တယောာက် အဆင့်အထိ တတ်က္ဈမ်းခဲ့သူ ဖြစ်ပေမယ့် အခုလို ရန်ပြု လာတဲ့သူကို ပြန်မခုခံတဲ့အပြင် ဘေးက လူတွေကို လက်တုန့်မပြန်ကြဘို့ပင် ဟန့်တားခဲ့ပါတယ်။

ဗုဒ္ဓဘာသာ မြန်မာလူမျိုး တဦး ဖြစ်ပြီး အကျဉ်းစံရက်တွေကို ၀ိပသာနာ တရားတွေ ရှု့မှတ်ရင်း ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့သူ တဦးလို့ စာအုပ်မှာ အကျယ်တ၀င့် ဖေါ်ပြခဲ့ပါတယ်။

ဘာတွေကိုယ်ပဲ ယုံကြည် ယုံကြည်။ ကိုယ်ယုံကြည်ရာ အတွက် အသက်ကို စွန့်လွှတ်ဘို့ ၀န်မလေးဘူး လို့ မညာတမ်း ခံယူထားရင်တော့ သူလို လူမျိုးကို ဝေဖန်ကြပေါ့ဗျာ။

HSW

Brain Wave

No comments:

Post a Comment