Latest News

Sunday, April 23, 2017

မိဘမဲ့ ကလေးကျောင်း အတွက် ငွေ ၁၀ သိန်း လှူတဲ့ R ဇာနည်

မိဘမဲ့ ကလေးကျောင်း အတွက် ငွေ ၁၀ သိန်း လှူတဲ့ R ဇာနည်


အ၀ါရောင် မျိုးဆက်သစ်အဖွဲ့ - Yellow Generation Wave မှ သံဃာတော်များ ဦးစီးပြီး လပွတ္တာမြို့တွင် တည်ထောင် ဖွင့်လှစ်ထားသည့် Y.G.W မိဘမဲ့ ကလေး စောင့်ရှောက်ရေး ကျောင်းအတွက် နိုင်ငံကျော် စတီရီယို တေးသံရှင် R ဇာနည်က ငွေကျပ် ၁၀ သိန်းကို ယနေ့ လှူဒါန်း လိုက်ပါတယ်။

“ဒီကနေ့ လှူဒါန်းတဲ့ ငွေ ၁၀ သိန်းက ကမ္ဘာသား တေးစီးရီး ကနေ ရရှိလာတဲ့ငွေ ဖြစ်ပါတယ်။ ကျနော်တို့က မိဘ ဖြစ်နေပြီ။ ကိုယ့်သားသမီး တစ်ယောက်တောင် မနည်း ထိန်းနေရတဲ့ အချိန်မှာ ဒီဆရာတော်တွေက ကလေးပေါင်း တစ်ရာကျော်ကို ထိမ်းသိမ်း စောင့်ရှောက် ပြုစုပေး နေတာကို ကြားသိရလို့ ကျောင်းအတွက် လိုအပ်တာတွေ အသုံးပြုဖို့ လှူဒါန်းတာပါ” ဟု တေးသံရှင် R ဇာနည်က ဧရာဝတီကို ပြောပါတယ်။

ပုသိမ်မြို့ တောင်သူလယ်သမား သင်တန်းကျောင်း - GPI တွင် ပြုလုပ်သည့် အလှူငွေ ပေးအပ်ပွဲတွင် အဆိုတော် R ဇာနည်၏ မိသားစု အပြင် R ဇာနည်၏ ချိတ်ဆက် ပေးချက် အရ မန္တလေးမြို့မှ Great AIM ကုမ္ပဏီ ပိုင်ရှင် ဦးအောင်သူနှင့် ဒေါ်ဝါ၀ါဦး မိသားစုက ကျပ်သိန်း ၅၀ ၊ ဒေါက်တာ နိုင်ဝင်း မိသားစုက ၅ သိန်းကျပ်နှင့် ကိုသိန်းနိုင်နှင့် အဖွဲ့က ၅ သိန်းကျပ် စသဖြင့် လပွတ္တာမြို့ Y.G.W ကျောင်း အတွက် စုစုပေါင်း ကျပ်သိန်း ၇၀ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

အဆိုတော် R ဇာနည် မိသားစုမှာ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ရှိ ရေရှားဒေသ များတွင် အ၀ီစိတွင်းများ ဆောက်လုပ် လှူဒါန်းခြင်း၊ ကမ်းပြိုမှု ရင်ဆိုင်နေရသည့် လေးမျက်နှာမြို့နယ် အိုင်သပြုကျေးရွာ တွင် နေအိမ်များ ဆောက်လုပ် လှူဒါန်းသည့် ပရဟိတ လုပ်ငန်းများ လုပ်ဆောင် ခဲ့ပါသေးတယ်။

သတင်းနှင့်ဓာတ်ပုံ - ဆလိုင်းသန့်စင် / ဧရာဝတီ

No comments:

Post a Comment