Latest News

Saturday, April 1, 2017

ထန်တလန်မြို့ ကြားဖြတ်ရွေးကောက်ပွဲ NLD ပါတီအနိုင်ရ

(ဓာတ်ပုံ - NLD လွှတ်တော်ကိုယ်စားလှယ် ဦး ဘွဲ့ခဲန်း)
ခိုနူမ်းသုန်သတင်း၊ ၁ ဧပြီ ၂၀၁၇

ချင်းပြည်နယ် ထန်တလန်မြို့တွင် ယနေ့ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) ကိုယ်စားလှယ်လောင်း ဦးဘွဲ့ခဲန်း အနိုင်ရရှိသွားသည်ဟုသိရသည်။

ယခုနောက်ဆုံးရရှိသည့်သတင်းအရ ထန်တလန်မြို့နယ်တွင် NLD ကိုယ်စားလှယ်လောင်း ဦးဘွဲ့ခဲန်းက ၈၆၁၇ မဲ၊ ပြည်ထောင်စုကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်း ဦး ဇိုပဲန်းမှ ၅၂၁၂ မဲ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်ကို ယ်စားလှယ်လောင်း ဒေါ်ဇာတလဲန်းမှ ၅၇၄၃ မဲ အသီးသီးရရှိကြသည်ဟု သိရသည်။

ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တရားဝင်ကြေညာခြင်းမရှိသေးသော်လည်း ယခုလက်ရှိတွင် မဲရေတွက်ရန် ကျေးရွာ ၄ ရွာသာ ကျန်ရှိနေသေးပြီး ဦးဘွဲ့ခဲန်းသည် ပြိုင်ဘက်ကိုယ်စားလှယ်များကို ဆန္ဒမဲ ၂၈၀၀ ကျော်ဖြင့် ဦးဆောင်ကာ အနိုင်ရရှိသွားပြီဖြစ်သည်။

ဦးဘွဲ့ခဲန်းက “ ကျနော်ဝမ်းသာပါတယ်၊ ဘုရားသခင်ကျေးဇူး နံဘတ် ၁ ၊ နောက် ပြည်သူလူထုကလည်း ကျနော့ကို ချစ်လို့ သနားလို့ဖြစ်တာ’’ ဟု ခိုနူမ်းသုန်ကိုပြောသည်။

လစ်လပ်မဲဆန္ဒနယ်မြေ တစ်နေရာသာရှိသော ချင်းပြည်နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲကို ထန်တလန်မြို့နယ်တွင် ကျင်းပခဲ့ကြပြီး ချင်းပြည်နယ် မဲဆန္ဒနယ်မြေအမှတ်(၃) အမျိုးသား လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် NLD၊ USDP နှင့် CNDP ပါတီ ၃ ခုတို့မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ယခုကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် CNDP ပါတီ ရှူံးနိမ့်သွားသည့်ကိစ္စနှင့်ပတ်သက်ပြီး ပါတီအတွင်းရေးမှူး ဆလိုင်းကျဲအိုအိခ်ထောင်က “တခြားပါတီတွေ ကဲမ်ပိန်းလုပ်တဲ့နေရာမှာ အစိုးရဖြစ်နေတဲ့တွက်ကြောင့် အစိုးရဘဏ္ဍာငွေက သူတို့ လက်ထဲမှာရှိလို့ ဒီကြားဖြတ်ရွေးကောက်ပွဲက နိုင်ငံတော်ဘဏ္ဍာငွေကို သုံးစွဲဖို့ပေါ့အဲလိုပြောတဲ့အခါကျတော့ ကျေးရွာတော် တော်များက လက်ရှိအစိုးရကိုမဲမပေးရင် အထူးသဖြင့် အစိုးရဘဏ္ဍာငွေထဲ ဖွံ့ဖြိုးရေးရံပုံငွေတွေ သူတို့ရွာ ကို မရောက်မှာစိုးရိမ်တယ် အဲတော့ တော်တော်များများပါတာပေါ့လေ လူထုကလည်း မမှားပါဘူး ဒါက သူတို့တွက် အရေးကြီး တာကိုး’’ ဟု ခိုနူမ်းသုန်ကိုပြောသည်။

CNDP ပါတီအနဖြင့် ရှူံးနိမ့်သော်လည်း ၂၀၁၅ ရွေးကောက်ပွဲမဲရလဒ်အခြေအနေထက် တိုးတက်မှုရှိလာကြောင်း၊ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲတွင် လုံးဝအနိုင်ရရှိမည်ဟု မျှော်လင့်ထားကြောင်း ဆလိုင်းကျဲအိုဘိခ်ထောင်ကဆက်ပြောသည်။

“ ဘာဘဲဖြစ်ဖြစ် ရှူံးတယ်ဆိုကတည်းက ကျနော်တို့ရဲ့ အားနည်းချက်ပါ၊ ကျနော်တို့မြင်တာက မြို့ပေါ်မှာတော့အနိုင်ရရှိတယ် နယ်ဘက်မှာ ရှူံးတာပေါ့နော်၊ ကျနော်တို့ရဲ့ အားနည်းချက်ပါ၊ ကျနော်တို့မှာ ပြင်ဆင်စရာတွေအများကြီးရှိ ပါတယ်၊ ဒီထက်ပိုကောင်းလာအောင်ပေါ့၊ တကယ်တော့ အရင်ထက်တိုးတက်မှုအများကြီးရှိပါတယ် ၂၀၁၅ ရွေးကောက်ပွဲ ထက်စာလို့ရှိရင် ဒီတစ်ခေါက်ရွေးကောက်ပွဲမှာ မဲအရေတွက်အရရော တော်တော်လေးတိုးတက်မှုတွေရှိတယ်၊ အနိုင်မရဘူးဆိုသည့်တိုင်အောင်မရှူံးဘူးပေါ့ ၊ လာမယ်၂၀၂၀ ကျရင်တော့ လုံးဝအနိုင်ယူနိုင်မယ့်အနေအထား ဖြစ်ဖို့ မျှော်လင့်ချက်တာ့ရှိနေဆဲပါပဲ’’ ဟု သူကပြောသည်။

Khonumthung Burmese
https://www.facebook.com/KhonumtungBurmese/

No comments:

Post a Comment