Latest News

Friday, April 7, 2017

NLD ဦးဝင်းထိန်၏ လက်မှတ်ပါရှိသော ထောက်ခံစာကိုအသုံးပြု၍ ဓာတ်ငွေ့နှင့် လောင်စာဆီများ မှောင်ခိုသယ်သည့် အဖွဲ့ ကို ဖမ်းဆီးရမိ

NLD ဦးဝင်းထိန်၏ လက်မှတ်ပါရှိသော ထောက်ခံစာကိုအသုံးပြု၍ ဓာတ်ငွေ့နှင့် လောင်စာဆီများ မှောင်ခိုသယ်သည့် အဖွဲ့ ကို ဖမ်းဆီးရမိ


NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှုး အဖွဲ့ ဝင် ဦးဝင်းထိန်၏ လက်မှတ်ကို ကိုင်၍ လုပ်ငန်းလိုင်စင်နှင့် တရားဝင် ခွင့်ပြုချက် မရှိဘဲ ထိုင်းနိုင်ငံဘက်မှ မြန်မာနိုင်ငံအတွင်းသို့ သယ်ဆောင်လာသည့် ဆီဘောက်ဆာယာဉ် အစီး ၅၀ ခန့်နှင့် ယာဉ်မောင်းများကို မြဝတီ နယ်စပ်ဂိတ်တွင် ဧပြီလ ၆ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ဧပြီ ၇ ရက်တွင် သတင်းရရှိသည်။

အဆိုပါ ယာဉ်တန်းတွင် ပါဝင်လာသည့် ကြီးကြပ်ရေးမှူးဆိုသူက ၎င်းတို့တွင် ထောက်ခံစာပါရှိသည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်၏ လက်မှတ်ပါနေသော စာရွက်ကို ထုတ်ပြခဲ့ကြောင်း သိရသည်။ ထောက်ခံစာတွင် ဦးဝင်းထိန် လက်မှတ်ပါရှိနေသည်မှာ မှန်သော်လည်း ဦးဝင်းထိန်မှာ အစိုးရအဖွဲ့ဝင် တစ်ဦးမဟုတ်သောကြောင့် အဆိုပါယာဉ်အစီး ၅၀ နှင့်ယာဉ်မောင်းများကို မြ၀တီအကောက်ခွန်နယ်စပ်ဂိတ်တွင် ထိန်းသိမ်းထားကြောင်း သိရှိရသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် UMFCCI သို့ ဆက်သွယ်စုံစမ်းခဲ့ရာတွင်လည်း အဆိုပါယာဉ်များကို ခွင့်ပြုထားခြင်းမရှိကြောင်း ပြောကြားခဲ့သည်ဟု အကောက်ခွန်ထံမှ သိရသည်။ ဆီဘောက်ဆာ ယာဉ်များကို ဦးဆောင်ရသည့် ကြီးကြပ်ရေးမှူးဆိုသူက ထောက်ခံစာတွင် ပါဝင်သည့် လက်မှတ်ကို ဦးဝင်းထိန် ကိုယ်တိုင် လက်မှတ်ရေးထိုးပေးလိုက်ခြင်းဖြစ်ကြောင်း ပြောနေသော်လည်း အတည်ပြုနိုင်ခြင်း မရှိသေး​ပေ။ လက်ရှိတွင် ယင်းကိစ္စကို မြို့ နယ်ရဲစခန်း၌ အမှုဖွင့်ထားရခြင်း မရှိသေးဘဲ အခြေအနေကို စောင့်ကြည့်နေရဆဲဟု သိရသည်။

စည်သူဝေထွန်း ( အကုန်သိ )

No comments:

Post a Comment