Latest News

Friday, April 7, 2017

သာသနာရေးဝန်ကြီးဌာနရဲ့စာဟာ တရားစီရင်ရေးကို စွက်ဖက်တာမဟုတ်ကြောင်း ထုတ်ပြန်

သာသနာရေးဝန်ကြီးဌာနရဲ့စာဟာ တရားစီရင်ရေးကို စွက်ဖက်တာမဟုတ်ကြောင်း ထုတ်ပြန်

Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်း ကို အမှုဖွင့်ထားတာတွေနဲ့ ပတ်သက်ပြီး သာသာနာရေးဝန်ကြီးဌာနက စာနဲ့ အကြောင်းပြန်ကြားခဲ့တာဟာ တရားစီရင်ရေးကို ဝင်ရောက်စွက်ဖက်တာ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြန်ကြားချက်သာဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက မနေ့က ထုတ်ပြန်လိုက်ပါတယ်။

ကိုဆွေဝင်း ကို မဘသအဖွဲ့ဝင်တွေက တရားစွဲဆိုထားတဲ့အပေါ် သာသနာရေးဝန်ကြီးဌာနရဲ့ စာအကြောင်း RFA က မေးမြန်းရာမှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဆန်းဝင်း က အခုလိုပြောပါတယ်။

"အဲဒါတော့ ကျနော်တို့ မသိဘူးခင်ဗျ၊ ကျွန်တော်တို့က ဦးဆွေဝင်း ကိုပဲ သဘောထားမှတ်ချက်ပေးတာပါ၊ ကွန်တော်တို့ကတော့ အဲဒီမှာ ထုတ်ပြန်ထားတဲ့အတိုင်းပါပဲ"

မန္တလေး မဟာအောင်မြေမြို့နယ် ရဲစခန်းနဲ့ ရန်ကုန် ကျောက်တံတားမြို့နယ် ရဲစခန်းတွေမှာ ပုဒ်မ ၆၆-ဃ ဆက်သွယ်ရေးပုဒ် ၊ ပုဒ်မ ၂၉၅-က သာသနာညှိုးနွမ်းစေမှု ပုဒ်မတွေနဲ့ ကိုဆွေဝင်းကို မဘသအဖွဲ့ဝင်တွေက တရားစွဲဆိုထားတာဖြစ်ပါတယ်။ ကိုဆွေဝင်းက သာသနာရေးဦးစီးဌာနရဲ့ သဘောထားမှတ်ချက် တောင်းခံလာတဲ့အတွက် အကြောင်းပြန်ကြားခဲ့တာလို့ ပြောပါတယ်။

အဲဒီစာဟာ ပြီးခဲ့တဲ့ရက်ပိုင်းက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားတာ ဖြစ်ပါတယ်။

အဲဒီစာမှာ ကိုဆွေဝင်းရဲ့ ပြောကြားချက်တွေဟာ သတင်းသမားတစ်ဦးအနေနဲ့ တဆင့်ဝေဖန်ဖော်ပြခြင်းသာဖြစ်တာကြောင့် ဦးဝီရသူကို အသရေဖျက်ရာ မရောက်ကြောင်း သုံးသပ်ထားပါတယ်။ ကိုဆွေဝင်းရဲ့ ဦးဝီရသူနဲ့ ပတ်သက်ပြီး ဝေဖန်ချက်တွေဟာ သာသနာတော်နဲ့ ပတ်သက်လို့ မည်သည့် ငြိစွန်းချက်မှ မပါရှိတာကြောင့် ပုဒ်မ ၂၉၅-က ကိုလည်း ကျူးလွန်ရာမရောက်ဘူးလို့ ရေးသားထားပါတယ်။

အဲဒီအကြောင်းပြန်ကြားစာကိုလည်း ရုံးဌာနတွေ၊ အဖွဲ့အစည်းတွေကို အကြောင်းကြားတာမျိုးတွေမရှိဘဲ ကိုဆွေဝင်းဆီကိုသာ ပေးပို့ခဲ့တာ ဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

Photo: Ministry of Religious Affairs and Culture FB/RFA

No comments:

Post a Comment