Latest News

Wednesday, April 19, 2017

မကွေးက KTV ဆိုင်တွေကိုယာယီပိတ်ခိုင်းထား

မကွေးက KTV ဆိုင်တွေကိုယာယီပိတ်ခိုင်းထား

မကွေးမြို့မှာ ရှိတဲ့ ကေတီဗွီဆိုင်တွေကို ဧပြီလ ၁၁ ရက်နေ့ကစပြီး ခေတ္တယာယီပိတ်ထားဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က စာထုတ်ညွှန်ကြားထားပြီး စီစစ်မှုတွေ ပြန်လည်လုပ်ဆောင်နေပါတယ်။

စည်းကမ်းချက်တွေနဲ့ အညီ ဖွင့်လှစ်ထားတာရှိမရှိကို စစ်ဆေးဆောင်ရွက်မှာဖြစ်တဲ့အတွက် တစ်စုံ တစ်ရာ ညွှန်ကြားချက် ထွက်မလာမခြင်း ခေတ္တပိတ်ထားဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က စာထုတ် ညွှန်ကြားထားတာ ဖြစ်တယ်လို့ တယ်လို့ မကွေးမြို့မရဲစခန်းက စခန်းမှူး ဒုရဲမှူးစိန်အောင်က ပြောပါတယ်။

"တိုင်းဒေသကြီးအစိုးရကနေ ဒီကေတီဗွီတွေကို လိုင်စင်စည်းကမ်းနဲ့ညီမညီစစ်မယ် ၊ သူတို့စစ်ဆေးခြင်း မပြုမီမှာ ယာယီအကုန်ပိတ်ပလိုက်ပြီ၊ စစ်ဆေးပြီးတော့မှ လိုင်စင်စည်းကမ်းနဲ့ ညီညွှတ်တဲ့ဟာကိုပဲ ပြန်ဖွင့်ခွင့်ပေးမယ့်သဘောပေါ့နော်"

မကွေးမြို့မှာ ဧပြီ ၂ ရက်နေ့ ည ၁၀ နာရီ ၀န်းကျင်က ရွှေမြတ်မင်းသမီးကာရာအိုကေနဲ့ စားသောက်ဆိုင်  မီးလောင်ခဲ့ပြီး လူ၁၆ ဦးသေဆုံးခဲ့ပြီး နောက်မှာ ကေတီဗွီဆိုင်တွေကို စစ်ဆေးဖို့အတွက် ညွှန်ကြားချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

လက်ရှိမှာ အဲဒီ ကေတီဗွီဆိုင်မီးလောင်မှုနဲ့ပတ်သက်ပြီး မကွေးမြို့ မြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅၊၃၀၄ (က) တို့နဲ့ ဆိုင်ပိုင်ရှင်ကို အမှုဖွင့် စစ်ဆေးဆောင်ရွက်နေပါတယ်။

မကွေးမြို့ပေါ်မှာ ကေတီဗွီဆိုင် ပေါင်း ၂၆ ဆိုင် ရှိတယ်လို့သိရပါတယ်။

Photo: ဇော်တူး/ RFA

No comments:

Post a Comment