Latest News

Tuesday, April 4, 2017

စိတ်ကြိုက်မိန်းမ,မတွေ့တော့လို့ ကိုယ်တိုင် စက်ရုပ်မ ဖန်တီးပြီး လက်ထပ်လိုက်တဲ့ အင်ဂျင်နီယာတစ်ဦး

စိတ်ကြိုက်မိန်းမ,မတွေ့တော့လို့ ကိုယ်တိုင် စက်ရုပ်မ ဖန်တီးပြီး လက်ထပ်လိုက်တဲ့ အင်ဂျင်နီယာတစ်ဦး

သူကိုယ်တိုင်မိန်းမလိုက်ရှာရတာ စိတ်မရှည်တော့လို့ ကိုယ်ပိုင်မိန်းမစက်ရုပ်ဖန်တီးလိုက်တဲ့အင်ဂျင်နီယာဟာ ၃၁နှစ် Zheng Jiajia ဖြစ်ပါတယ်။သူလိုချင်တဲ့မိန်းမမျိုးနဲ့ တစ်ပုံစံတည်းတူအောင်ပရိုဂရမ်ဒီဇိုင်းရေးဆွဲနေရာမှာတော့ သူကအလွန်ကျွမ်းကျင်ပါတယ်။

၂၀၁၆အကုန်ခါနီးမှာ Yingying အမည်ရှိ စက်ရုပ်မကိုတီထွင်ခဲ့တယ်။လုပ်တာလည်းမြန်တယ်လို့ တရုတ်တောင်ပိုင်းသတင်းအရသိရပါတယ်။

Yingying စက်ရုပ်မက အလေးချိန် ၃၀ကီလိုဂရမ်ရှိပြီး ပုံမှန်စကားလုံးအနည်းငယ်သာပြောနိုင်ပြီး တရုတ်အမူအကျင့်တွေပြုလုပ်နိုင်ပါတယ်။

Zheng အတွက်စိတ်ပျက်စရာကောင်းတာက စက်ရုပ်မက လမ်းမလျှောက်နိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အိမ်မှာသူမကိုအဆင်မြှင့်ဖို့ တဖြည်းဖြည်းချင်းလုပ်သွားမယ်လို့ပြောပါတယ်။

သောကြာနေ့ကသူတို့မင်္ဂလာဆောင်မှာ သူမခေါင်းကိုအနီရောင်ပ၀ါစအုပ်ပေးထားပြီး ရိုးရာအကျီင်္အနက်ရောင်လေးဝတ်ပေးထားပါတယ်။

Zheng ရဲ့သူငယ်ချင်းတစ်ယောက်ပြောတာက သူကောင်မလေးရှာတာမတွေ့တော့လို့ ဒီလိုစက်ရုပ်ဖန်တီးလိုက်တာလို့ ပြောပါတယ်။မင်္ဂလာပွဲမှာ သူ့ရဲ့အမေနဲ့သူငယ်ချင်းတွေက မျက်မြင်သက်သေအဖြစ် ပွဲတက်ကြတယ်။

Credit: Buzzy Myanmar

No comments:

Post a Comment