Latest News

Monday, April 10, 2017

ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ယနေ့ လျှပ်စစ်မီး အချိန်ပိုင်းပြတ်တောက်မည်

ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ယနေ့ လျှပ်စစ်မီး အချိန်ပိုင်းပြတ်တောက်မည်

ရန်ကုန်တိုင်းဒေသကြီး အတွင်း လျှပ်စစ်အန္တရာယ်ကင်း ရှင်းရေး လုပ်ငန်းစီမံချက်ကို ဆောင်ရွက်မည် ဖြစ်သည့်အ တွက် ယနေ့ (ဧပြီ ၁၁ ရက်)၌ မြို့ နယ်အများအလိုက် အချိန်ပိုင်းအ နေဖြင့် လျှပ်စစ်မီးပြတ်တောက် မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ် အားပေးရေး ကော်ပိုရေးရှင်းက သတင်းထုတ်ပြန်သည်။

ဓာတ်အားခွဲစက်ရုံများ ထိန်းသိမ်းပြုပြင်ခြင်း၊ ရှုပ်ထွေးသော ဆားဗစ်ဝိုင်ယာကြိုးများ ရှင်းလင်း ခြင်း၊ ဓာတ်အားလိုင်းကြိုးများ လဲ လှယ်တည်ဆောက်ခြင်းနှင့် ဓာတ် ကြိုးဖြင့် မလွတ်ကင်းသော သစ် ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း တို့ ပြုလုပ်မည်ဖြစ်သည့်အတွက် အချိန်ပိုင်း လျှပ်စစ်မီး ပြတ် တောက်ရခြင်းဖြစ်သည်ဟု ထုတ် ပြန်ချက်၌ ပါရှိသည်။

ကော်ပိုရေးရှင်း၏ ထုတ် ပြန်ချက်အရ အရှေ့ဒဂုံ၊ မရမ်း ကုန်း၊ အလုံ၊ ကြည့်မြင်တိုင်၊ ဒဂုံ၊ ကမာရွတ်၊ ဗဟန်း၊ လှိုင်၊ စမ်း ချောင်း၊ လှိုင်သာယာ၊ ရွှေပြည် သာ၊ မင်္ဂလာဒုံ၊ ထောက်ကြန့်၊ လှည်းကူး၊ ဒါးပိန်၊ ဖောင်ကြီး၊ မှော်ဘီ၊ တိုက်ကြီး၊ ဥက္ကံ၊ အင်း တိုင်၊ အဖျောက်၊ မြောင်းတကာ၊ ထန်းတပင်၊ CNG ဆိုင်အချို့နှင့် စက်မှုဇုန်အချို့တွင် နေ့လယ်၁၂ နာရီမှ ၂ နာရီအတွင်း လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်သည်။

အလားတူ သာကေတပင်မ ဓာတ်အားခွဲရုံ ထိန်းသိမ်းပြုပြင် ခြင်းလုပ်ငန်း ဆောင်ရွက်မည် ဖြစ်သည့်အတွက် ဒဂုံ(မြောက်)၊ မြောက်ဥက္ကလာပ၊ တောင်ဥက္က လာပ၊ ရန်ကင်း၊ CNG ဆိုင်အချို့ နှင့် စက်မှုဇုန်အချို့တွင် နံနက် ၈ နာရီမှ နေ့လယ် ၁ နာရီအတွင်း၊ သာကေတ၊ ဒေါပုံတွင် နေ့လယ် ၂ နာရီမှ ၃ နာရီအတွင်း၊ သန်လျင်ဓာတ်အားခွဲရုံ ထိန်းသိမ်းပြုပြင်မည် ဖြစ်သည့်အတွက် သန်လျင်၊ ကျောက်တန်းတွင် နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအတွင်း လျှပ်စစ်မီး ပြတ်တောက်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေး ရှင်းက သတင်းထုတ်ပြန်ထား သည်။

(7Day News)

No comments:

Post a Comment