Latest News

Monday, April 10, 2017

တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ခန်း ၁၀,၀၀၀ ကျော် ဆောက်လုပ်ရောင်းချမည်ဟုဆို

တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ခန်း ၁၀,၀၀၀ ကျော် ဆောက်လုပ်ရောင်းချမည်ဟုဆို


တန်ဖိုးနည်း၊ တန် ဖိုးသင့် အိမ်ခန်းစုစုပေါင်း ၁၀,၀၀၀ ကျော်ကို ယခုနှစ်အတွင်း အပြီးဆောက်လုပ်ကာ ပြည်သူများအား ရောင်းချသွားမည်ဟု ဆောက် လုပ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးကျော်လင်းက ပြော သည်။

‘‘အိမ်ခန်းရောင်းချသွားတဲ့ အခါမှာ ဝင်ငွေနည်းပြည်သူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေ၊ ကုမ္ပဏီဝန် ထမ်း၊ ပင်စင်စားတွေကို ဦးစား ပေးစနစ်နဲ့ ရောင်းပေးမယ်’’ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော် လင်းက ဧပြီ ၁၀ ရက်တွင်ပြန်ကြား ရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် အစိုးရသစ် တစ်နှစ်တာ ဆောင် ရွက်ချက်များ သတင်းစာရှင်းလင်း ပွဲတွင် ပြောကြားခဲ့သည်။

ပြည်သူများ အိမ်ရာပိုင်ဆိုင် နိုင်ရေးအတွက် ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ အိမ်ရာအပေါင်ချေးငွေစနစ်ဖြင့် ရှစ် နှစ်မှ ၁၀ နှစ်အထိ ဝယ်ယူနိုင် အောင် စီစဉ်ဆောင်ရွက်ထားပြီး နေပြည်တော်တွင် အိမ်ခန်း ၈၀၊ ရန်ကုန်မြို့တွင် အိမ်ခန်း ၈,၇၁၂၊ မုံရွာမြို့တွင် အိမ်ခန်း ၄၄၀၊ မကွေးမြို့တွင် အိမ်ခန်း ၃၀၄၊ ပုသိမ်မြို့ တွင် အိမ်ခန်း ၆၇၆ စုစုပေါင်း ၁၀,၂၁၂ ခန်း ဆောက်လုပ်မည် ဖြစ်သည်။

(7Day News)

No comments:

Post a Comment