ဂရစ်ဇ်မန်း လာလီဂါဂိုး(၁၀၀)ပြည့်ခဲ့ပြီး ပြင်သစ်ကစားသမားများထဲတွင် ဒုတိယမြောက်သွင်းဂိုးအများဆုံးအဖြစ် ရပ်တည်
အက်သလက်တီကိုအသင်း အဓိကတိုက်စစ်မှူး ဂရစ်ဇ်မန်းသည်
လာလီဂါတွင် သွင်းဂိုး(၁၀၀)ပြည့် မြောက်ခဲ့ပြီး ပြင်သစ်ကစားသမားများထဲ၌ လာလီဂါသွင်းဂိုးအများဆုံး စာရင်းတွင် ဒုတိယနေရာ၌ ရပ်
တည်နေ ကြောင်းသိရသည်။
ဂရစ်ဇ်မန်းသည် ပြီးခဲ့သည့်စနေ နေ့က အက်စ်ပန်ညိုအသင်းကို
(၁- ၀)ဂိုးဖြင့် အနိုင်ရခဲ့သော လာလီဂါပွဲတွင် တစ်လုံးတည်းသောဂိုးအား ပွဲချိန်(၇၃)မိနစ်၌ သွင်းယူခဲ့သည်။ အဆိုပါဂိုးမှာ ၎င်းအတွက် လာလီဂါဂိုး (၁၀၀)မြောက်ဖြစ်ခဲ့ပြီး ယခုအခါ ပြင်သစ်လူမျိုးထဲတွင် လာလီဂါသွင်းဂိုးအ များဆုံးကစားသမားစာရင်း၌ ဘန်ဇီမာ၏နောက်
ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။
ရီးယဲလ်တိုက်စစ်မှူးဘန်ဇီမာသည် လာလီဂါ တွင် စုစုပေါင်း(၂၃၉)ပွဲကစား (၁၂၀) ဂိုးသွင်းယူထားပြီး ဂရစ်ဇ်မန်းမှာမူ ဆို စီဒက်၊ အက်သလက်တီကိုအသင်းတို့နှင့်အတူ လာလီဂါပွဲပေါင်း(၂၄၇)ပွဲကစားခဲ့ရာတွင် ဂိုး(၁၀၀)ပြည့်ခဲ့ ခြင်းဖြစ်ကြောင်းသိရသည်။
Eleven Sports
Sunday, April 23, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment