Latest News

Tuesday, April 11, 2017

ရွှေဘိုမြို့၌ ဒုတိယရဲမှူးကြီးအယောင်ဆောင် ဒေါက်တာဟုဆိုသူအား လိုင်စင်မဲ့ကားတစ်စီးနှင့်အတူ ဖမ်းဆီးရမိ

ရွှေဘိုမြို့၌ ဒုတိယရဲမှူးကြီးအယောင်ဆောင် ဒေါက်တာဟုဆိုသူအား လိုင်စင်မဲ့ကားတစ်စီးနှင့်အတူ ဖမ်းဆီးရမိ


ရွှေဘို ဧပြီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့ပေါ်၌ ဧပြီ ၁ဝ ရက် ည ၉ နာရီခန့်က ဒုတိယရဲမှူးကြီးအယောင်ဆောင် ဒေါက်တာဟုဆိုသူတစ်ဦးအား လိုင်စင်မဲ့ကားတစ်စီးနှင့်အတူ ဖမ်းဆီးရမိကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးမြို့ မြို့သစ် ပြည်ကြီးတံခွန်မြို့နယ် ကျန်စစ်သားလမ်း (ဆ)ရပ်ကွက်နေ စိုင်းပြည့်စုံချမ်း(ခ)မြတ်သာချမ်း (၄၂)နှစ်သည် ဒုတိယရဲမှူးကြီး အယောင်ဆောင်၍ ဒေါက်တာစိုင်းပြည့်စုံချမ်းဟုဆိုကာ ရွှေဘိုမြို့ အမှတ်(၁ဝ) မြတောင်ရပ်ကွက်ရှိ ''ဘီလျှံပါဝါ''စားသောက်ဆိုင်တွင် ရောက်ရှိနေကြောင်း သတင်းအရ ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးမြင့်ကျော် ဦးဆောင်၍ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ရဲအုပ် ခင်မောင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ဆွေ၊ မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒု-ရဲအုပ်ကိုလတ်တို့အဖွဲ့ သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အဆိုပါ ဒုတိယရဲမှူးကြီး အယောင်ဆောင် ဒေါက်တာစိုင်းပြည့်စုံချမ်းဆိုသူ မောင်းနှင်လာသောYGN 9F/....... Mark- II အဖြူရောင်ယာဉ်အား ဆိုင်တွင်ထားရှိ၍ ထွက်ပြေးတိမ်း ရှောင်သွားခဲ့သဖြင့် လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ရွှေဘို-ကျောက်မြောင်း ကားလမ်းမပေါ် ရွှေဘိုတက္ကသိုလ်အနီး၌ ရဲတပ်ဖွဲ့ တံဆိပ်ခေါင်းခါးပတ်နှင့် နက်ပြာရောင်ဘောင်းဘီရှည်ဝတ်ဆင်ထားလျက် တွေ့ရှိခဲ့သဖြင့် အဆိုပါ ''ဘီလျှံပါဝါ''စားသောက်ဆိုင်တွင် ထားခဲ့သောယာဉ်နှင့်အတူ မြို့မရဲစခန်းသို့ ခေါ်ဆောင်၍ သက်သေများရှေ့တွင် စစ်ဆေးရှာဖွေခဲ့သည်။

ယင်းသို့ရှာဖွေရာ ကားအတွင်းရှိ ခရီးဆောင်အိတ်ထဲမှ ဒုတိယရဲမှူးကြီး အဆင့်ဆောင်း ဦးထုပ်တစ်လုံး၊ တပ်မတော်သုံးတန်းသုံးတန်းပါServiceတန်း တစ်ခု၊Dr SAIP YAE SONE CHAN စာတန်းပါ Name Plate တစ်ခု၊ ရဲအရာရှိ လေ့ကျင့်ရေးကျောင်းဘက်တံဆိပ်ပါ ပခုံးဒေါက်ပေါ်တွင် ဒုတိယ ရဲမှူးကြီး ရာထူးတပ်ဆင်ထားသည့် ယူနီဖောင်းလက်ရှည် တစ်ထည်၊ နက်ပြာ ရောင်ယူနီဖောင်း ဘောင်းဘီတစ်ထည်နှင့် ရှူးဖိနပ်တစ်ရန် တွေ့ရှိသဖြင့် သိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တပ်ဖွဲ့ဝတ်စုံနှင့်အဆင့် တံဆိပ်များအား ဝတ်ဆင်အသုံးပြု၍ မိမိကိုယ်ကို ဒုတိယရဲမှူးကြီးဟု လည်း ကောင်း၊ ဒေါက်တာဟုလည်းကောင်း ပြောဆိုလိမ်လည်ကာ ပြည်သူ့ဝန်ထမ်း အယောင်ဆောင်ခဲ့သဖြင့် စိုင်းပြည့်စုံချမ်း(ခ)မြတ်သာချမ်းအား ရွှေဘိုမြို့မ ရဲစခန်းက (ပ)၁၉၂/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ - ၁၇ဝ နှင့် (ပ)၁၉၃/၂ဝ၁၇၊ ပို့ကုန်/သွင်းကုန်ဥပဒေပုဒ်မ- ၈ ဖြင့် အသီးသီးအမှုဖွင့် ဖမ်းဆီးအရေးယူထား ကြောင်း သိရသည်။

ချစ်စံ(ခင်ဦး)

No comments:

Post a Comment