Latest News

Friday, April 7, 2017

မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီး နှုတ်ထွက်စာတင်

မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီး နှုတ်ထွက်စာတင်

မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီး ယူးဂျေကျွန်းက ရာထူးက နှုတ်ထွက်စာတင်လိုက်ပါတယ်။

လာဘ်စားမှုတွေနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ သမ္မတဟောင်း ပတ်ဂျုံဟေးနဲ့ အမှုတွဲဖြစ်နေတဲ့ စီးပွားရေးသမား ချိုင်ဆွန်းဆေလ်ရဲ့ ထောက်ခံမှုနဲ့ သံအမတ်ရာထူး ခန့်အပ်ခံရတာဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ရာထူးကနေနှုတ်ထွက်တာဟာ သူ့ရဲ့ပုဂ္ဂိုလ်ရေးအခြေအနေအရဖြစ်တယ်လို့ သံအမတ်ကြီး ယူးဂျေကျွန်းက ပြောပါတယ်။

စုံစမ်းစစ်ဆေးချက်အရ- ချိုင်ဆွန်းဆေလ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံမှာရှိတဲ့အတွက် ဆမ်းဆောင်းအီလက်ထရိုမက်ကင်းနစ် ကုမ္ပဏီရဲ့အမှုဆောင်ဟောင်းတစ်ယောက်ဖြစ်တဲ့ ယူးဂျေကျွန်းကို မြန်မာနိုင်ငံမှာ သံအမတ်ခန့်ဖို့ ရွေးခဲ့တာလို့သိရပါတယ်။ RFA

No comments:

Post a Comment