Latest News

Monday, April 3, 2017

အမြန်လမ်းမကြီးပေါ်တွင် ကား ၁ စီးတိမ်းမှောက်၊ အမျိုးသား ၁ ဦးသေဆုံး

အမြန်လမ်းမကြီးပေါ်တွင် ကား ၁ စီးတိမ်းမှောက်၊ အမျိုးသား ၁ ဦးသေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၆/၄ နဲ့ ၆/၅ အကြား ဧပြီ ၃ ရက်နေ့ မနက် ၇ နာရီ ၁၅ မိနစ်လောက်က TOYOTA IST (အနက်ရောင်)တစီး တိမ်းမှောက်ပြီး အမျိုးသား ၁ ဦး သေဆုံးခဲ့တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့မှ သိရပါတယ်။

နေပြည်တော်ဘက်မှ ရန်ကုန်ဘက်ကို သုံးပင်ကွင်း၊ ဟင်္သာတမြို့နယ်နေ ယာဉ်မောင်း ထက်ဝေလင်း  မောင်းနှင်လာတဲ့ TOYOTA IST အနက်ရောင်ယာဉ်ဟာ ယာဉ်မောင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဖြစ်ကာ လမ်းလယ်ကျွန်းကို ကျော်တက်ပြီး တဖက်ယာဉ်ကြောရှိ မြေသားလမ်းပေါ်ကို တိမ်းမှောက်ခဲ့တာပါ။

ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ အမျိုးသား ၂ ဦးအနက် ထက်ဝေလင်းမှာ ဦးခေါင်းနောက်စေ့ကွဲ၊ နှာခေါင်း၊ ပါးစပ် သွေးထွက်ဒဏ်ရာ ရရှိခဲ့ရာ ဆေးရုံကို ပို့ဆောင်တဲ့လမ်းမှာပင် သေဆုံးသွားခဲ့ပါတယ်။ ယာဉ်ပေါ်မှာ လိုက်ပါလာသူ ဦးသက်နောင်မှာ ဘိုကလေးမြို့ ရုပ်/သံလမ်းမှာ နေထိုင်သူဖြစ်ပြီး သာမန်ပွန်းပဲ့ဒဏ်ရာတွေသာ ရရှိကာ မစိုးရိမ်ရဘူးလို့  ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရပါတယ်။

ယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး အမှတ်-၃ လမ်းဆုံ၊ အမြန်လမ်းမကြီးစခန်းက ယာဉ်မောင်းထက်ဝေလင်းကို ယာဉ် (ပ) ၈ / ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄  က/၃၃၇ အရ အမှုဖွင့်အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီဗွီဘီ

သတင်း - ကျော်အောင် (ကညွတ်ကွင်း) ၊ဓာတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့

No comments:

Post a Comment