Latest News

Monday, April 3, 2017

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကိုယ်စားလှယ်တွေ ဒါကာမြို့မှာ ဆွေးနွေး

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကိုယ်စားလှယ်တွေ ဒါကာမြို့မှာ ဆွေးနွေ


မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ရေးရာဆွေးနွေးပွဲအတွက် ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် မျိုးဆွေဝင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဒါကာမြို့ကို ဧပြီလ ၁ ရက်နေ့မှာရောက်နေပြီလို့ သိရပါတယ်။

၆ ရက်ကြာ ကျင်းပမယ့်ဆွေးနွေးပွဲကို မနေ့က ဧပြီလ ၂ ရက်နေ့မှာစခဲ့ပြီး၊ နှစ်နိုင်ငံစလုံးနဲ့ ပတ်သက်တဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကိစ္စ၊ လူဝင်မှုကြီးကြပ်ရေးကိစ္စ၊ လုံခြုံရေးကိစ္စတွေဆွေးနွေး ကြမယ်လို့သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်စလင် ၁ သိန်းကျော်ရှိနေပြီး၊ သူတို့ကိုပြန်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ထပ်တလဲလဲပြောနေသလို၊ မြန်မာအာဏာပိုင်တွေဘက်ကတော့ ပြန်လာတဲ့သူတွေကို နိုင်ငံသားစိစစ်နေတယ်လို့ တုန့်ပြန်ပြောဆိုတယ်လို့ ဆိုပါတယ်။

အခုဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB အဖွဲ့က ညွှန်ချုပ် Anisur Rahman ဦးဆောင်တဲ့အဖွဲ့က ဆွေးနွေးနေပြီး၊ ပြည်ထဲရေးဌာန၊ နိုင်ငံခြားရေးဌာန၊ စစ်တမ်းကောက်ယူရေးဌာန၊ ကမ်းခြေစောင့်တပ်နဲ့ မူးယစ်နှိမ်နင်းရေးဌာနက အရာရှိတွေလည်း တက်မယ်လို့ သိရပါတယ်။ RFA

No comments:

Post a Comment