Latest News

Friday, April 21, 2017

ထရန့် သည် စိတ်ရောဂါ ခံစားနေရသူ ဖြစ်ဟုအမေရိကန် စိတ်ကုဆရာဝန်များ ကြေငြာ

ထရန့် သည် စိတ်ရောဂါ ခံစားနေရသူ ဖြစ်ဟုအမေရိကန် စိတ်ကုဆရာဝန်များ ကြေငြာ



ဒေါ်နယ်ထရန့်တွင် "အန္တရယ် ရှိသော စိတ်ဝေဒနာ" ခံစားနေရ၍ နိုင်ငံကို ဦးဆောင်ရန် မသင့်ဟု ယနေ့
ယေးလ်တက္ကသိုလ်တွင် ကျင်းပသော ကွန်ဖရင့်တွင်
စိတ်ကျန်းမာရေး ကုသမှု ဆရာဝန် များက ထုတ်ဖေါ်
ပြောကြားလိုက်ပါတယ်။

၎င်းတို့မှ ပြောကြားရာတွင် ထရန့် တွင် "ယုံမှား သံသယ လွန်ကဲခြင်း နှင့် ထင်ယောင်ထင်မှား" ဖြစ်
သည့် ဝေဒနာ ခံစားနေရသဖြင့် နိုင်ငံအတွက် အန္တ
ရယ် ဖြစ်လာနိုင်သဖြင့် မိမိတို့ ဆရာဝန်များ ကျင့်ဝတ် နဲ့ အညီ လူတုကို သတိပေးရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဂ္ဈန် ဟော့ကင်း တက္ကသိုလ် ဆေးကျောင်းတွင် စိတ်
ကျန်းမာရေး ပညာ က္ဈမ်းကျင်သူ အဖြစ် လုပ်ကိုင်
လျက်ရှိသော ဒေါက်တာ ဂ္ဈန် ဂါတ်နာ က ၎င်း၏ ကျမ်း
သစ္စာ ကျိမ်ဆိုပွဲတွင် သမိုင်းတွင် အများပြား ဆုံး
လူအင်အား တက်ရောက်ခဲ့သည်ဟု ပြောဆိုနေခြင်း
သည် မိမိတို့ လေ့လာနေသော အကြောင်းခြင်းရာ များစွာထဲတွင် တခု အပါအ၀င် ဖြစ်သည်ဟု ဆိုပါတယ်။

၎င်းသည် ထိုနေ့ က လိမ်ညာငြင်းခုံ ပြောဆိုနေခြင်း
မဟုတ်ပဲ အမှန်တကယ် သူ့ စိတ်ထဲ ထင်မြင်လာ
သည်ကို ပြောဆိုနေခြင်းသာ ဖြစ်သည်ကို မိမိတို့
လေ့ လာ သိရှိခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

ယေးလ်တက္ကသိုလ် စိတ်ပညာ ဌာနမှ လက်ထောက်
ပါမောက္ခာ ဒေါက်တာ ဘန်ဒီ လီး က ယင်း ပြသာနာ
သည် ယခုအခါ လယ်ပြင်တွင် ဆင်သွားသလို ထင်ရှား လာနေပြီး အမေရိကန် လူထု မှ ကျယ်ကျယ် ပြန့်
ပြန့် ပြောလာလျက် ရှိနေပြီဟု ဆိုပါတယ်။

နယူးယောက်  တက္ကသိုလ်မှ စိတ်ကျန်းမာရေး ကုသမှု
က္ဈမ်းကျင်သူ ပါမောက္ခ ဒေါက်တာ ဂျိမ်း ဂီလီယန် မှ ကွန်ဖရင့် တွင် ပြောကြားရာတွင် နှစ်ပေါင်း ၅၀ နီးပါး
အကျဉ်းထောင်များရှိ စိတ်ကျန်းမာရေး ကုသမှု အစီအစဉ် များတွင် ပါဝင်ခဲ့ရ၍ လူသတ်သမားများ နှင့် မုဒိမ်း
မှု ကျူးးလွန်သူ များစွာကို ထိတွေ့.ဆက်ဆံခဲ့ဖူးပြီ ဖြစ်
၍ လူတယောက်ကို တမိုင် အကွာ လောက်မှပင် မည်မျ အန္တရာယ် များသည်ကို မိမိ ပြောနိုင်ခံ့ကြောင်း
ထရန့်ကိုလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်ဟု ဆိုပါတယ်။

ဒေါက်တာ ဂ္ဈန် ဂတ်နာက ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ
ပြင်ဆင်ချက် (၂၅) ပုဒ်မ (၄) အရ ထရန့် အား ရာထူး
မှ ဖယ်ရှားရေး အွန်လိုင်း တွင် မေတ္တာရပ်ခံချက်ကို
လက်မှတ် ထိုးသူပေါင်း ၄၁,၀၀၀ ခန့်  ရှိနေုပြီ လို့ ဆိုပါတယ်။

ကွန်နက်တီကပ် ပြည်နယ် ရီပါတ်ဘလီကင် ပါတီဥက္ကဌ မှ ယင်းဆရာဝန် များသည် ရွေးကောက်ပွဲ ရလာဒ်
အပေါ် မကျေနပ်ကြ၍ ဆရာဝန် ကျင့်ဝတ်များကို ဘေး
ချိတ်ပြီုး ပြု မူ နေကြည်ဟု ဝေဖန်ရှုတ်ချ ခဲ့ပါတယ်။

ယေးလ်တက္ကသိုလ်မှလည်း အဆိုပါ ကွန်ဖရင့်သည်
အလွတ်သဘော ကျင်းပခဲ့ခြင်းသာဖြစ်၍ မိမိတို့
တက္ကသိုလ်၏ ထင်မြင် ယူဆချက်များကို ကိုယ်စား
မပြုဟု ကြေငြာချက် ထုတိပြန်ခဲ့ပါတယ်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ လ အတွင်းက စိတ်ကျန်းမာရေး က္ဈမ်းကျင်သူ များနဲ့ စိတ်ကု ဆရာဝန်များ ပါဝင်တဲ့ Duty to warn  အသင်းကြီးမှ အလားတူ ပြောငြား
ခဲ့ကြပြီး ဖြစ်ပါတယ်။

HSW

No comments:

Post a Comment