၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန် အခြေအနေ
နေပြည်တော် ဧပြီ ၂၁
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအတွက် မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန် တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၇၄ ဒသမ ၈ဝ သန်း၊ နယ်စပ်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၉ဝ ဒသမ ၉၉ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၆၅ ဒသမ ၇၉ သန်းဖြစ်ပါသည်။ ပုံမှန်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၆၈၃ ဒသမ ၉၄ သန်း၊ နယ်စပ်သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ဝ၅ ဒသမ ၈ဝ သန်းနှင့် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၈၈၉ ဒသမ ၇၄ သန်းဖြစ်ပါသည်။ သို့ဖြစ်၍ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအတွက် စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၈၅၅ ဒသမ ၅၃ သန်းဖြစ်ပြီး စုစုပေါင်း ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ ၉၂၃ ဒသမ ၉၅ သန်း ဖြစ်ပေါ်ခဲ့သည်။
၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံ၏ ပုံမှန်ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၃၄၇ ဒသမ ၉၅ သန်း၊ နယ်စပ် ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၁၇၉ ဒသမ ၈၈ သန်းနှင့် စုစုပေါင်း ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁ဝ၅၂၇ ဒသမ ၈၃ သန်း တင်ပို့နိုင်ခဲ့ပါသည်။ ပုံမှန် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂၇၁၃ ဒသမ ၅၈ သန်း၊ နယ်စပ် သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၅၄၂ ဒသမ ၁၃ သန်းနှင့် စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၂၅၅ ဒသမ ၇၁ သန်းဖြစ်သဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလအတွင်း စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ ၂၅၇၈၃ ဒသမ ၅၄ သန်းဖြစ်ပြီး ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၄၇၂၇ ဒသမ ၈၈ သန်းဖြစ်ပေါ်ခဲ့ကြောင်း ဗဟိုစာရင်းအင်း အဖွဲ့၏ ပို့ကုန်၊ သွင်းကုန် အခြေအနေ အစီရင်ခံစာအရ သိရှိရသည်။
(သတင်းစဉ်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment