Latest News

Friday, April 7, 2017

သမ္မတကြီး ဦးထင်ကျော် တရုတ် ပြည်တွင် မြစ်ဆုံဆည် ဖျက်သိမ်းရေး ဆွေးနွေးမည် ဖြစ်

သမ္မတကြီး ဦးထင်ကျော် တရုတ် ပြည်တွင် မြစ်ဆုံဆည် ဖျက်သိမ်းရေး ဆွေးနွေးမည် ဖြစ်


မနက်ဖန် သွားမယ့် သမ္မတကြီးရဲ့ ခရီးစဉ် ကတော့ သာမန် သွားရိုးသွားစဉ် ချစ်ကြည်ရေး ခရီးစဉ် တော့ မဟုတ်ပါဖူး၊ မြန်မာ တမျိုးသားလုံး ရင်ထဲ ကြိမ်မီးအုန်းသလို ဖြစ်နေခဲ့တယ် မြစ်ဆုံဆည် တည်ဆောက်ရေး ကိစ္စ အပြီးအပိုင် သွားရောက် ဆွေးနွေးမှာ ဖြစ်ပါတယ်၊

အဆိုပါ မီဂါဝတ် ၆ ထောင် ထုတ်လုပ်နိုင်မည့် ဆည်တည်ဆောက်ရေးစီမံကိန်းမှ မြန်မာနိုင်ငံ အဖို့ ငွေကြေး အပြင် မီဂါတ်ဝတ် ၆၀၀ ပဲ အလကား ရရှိနိုင်မယ့် စီမံကိန်းမျိုး ဖြစ်ပြီး မြန်မာတို့ အဖို့ မိမိတို့ အထွတ်အမြတ်ထားတဲ့ ဧရာဝတီ မြစ်ကြီး နဲ့ ဘယ်လိုမှ အလဲအလှယ် မလုပ်နိုင်ကြတာ ဖြစ်ပါတယ်။

မြန်မာဘက်က လေ့လာတင်ပြထားတဲ့ "ဘက်မလိုက် တရားမျှတသော" အစီရင်ခံစာကို တရုတ်ခေါင်းဆောင်တွေ လေ့လာကြည့်ရှု့နေပြီ ဖြစ်ပါတယ်။ ၎င်းတို့နဲ့ မဆွေးနွေး ပြီးမချင်း အစီရင်ခံစာထဲမှာ ပါတဲ့ အကြောင်းအရာတွေကို လျို့ဝှက်ထားဖို့ ရှိပုံရပါတယ်။ သို့သော်လည်း အဆိုပါ အစီရင်ခံစာမှာ ဆည်ကို ဆက်လက်တည်ဆောက်ရေး ထောက်ခံထားပုံမရဖူး လို့ သုံးသပ်ရပါတယ်။

အခု သမ္မတကြီးက မြစ်ဆုံဆည်အစား လျှော်ကြေးငွေတော့ မပေးနိုင်ပေမယ့် ရေအားလျပ်စစ် ထုတ်လုပ်နိုင်မယ့် ဆည်အသေးစား လေးများနဲ့ တရုတ် သမ္မတ စီရှင်ပင့်ရဲ့ "One belt One road" မဟာ စီမံကိန်းကြီး အထောက်အကူ ဖြစ်မယ့် ကျောက်ဖြူ ဆိပ်ကမ်း တ၀ိုက် အခွင့်အရေး ပိုပေးမယ့် အလားအလာတွေကို ဆွေးနွေးမှာ ဖြစ်တယ်လို့ သမ္မတကြီးနဲ့ လိုက်ပါသွားမယ့် မြန်မာ အထက်တန်း အရာရှိကြီး နှစ်ဦးက ပြောကြောင်း ရိုက်တာ သတင်းဌာနမှာ ဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတွက် တရုတ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်နေတာဖြစ်တဲ့အတွက် မြန်မာ အဖို့ လွန်စွာ အရေးပါတဲ့ အိမ်နီချင်း နိုင်ငံကြီး ဖြစ်လာနေတာကြောင့် အကျေအလည် ဆွေးနွေးရမယ့် သဘော ရှိပါတယ်။

ဆွေးနွေးပွဲ အောင်မြင်နိုင်စရာ ရှိတဲ့ အလားအလာတခုကတော့ ဆည်ကို တည်ဆောက်လုပ်ကိုင်မယ့် တရုတ် ကုမ္ပဏီ မှ အဆိုပါ ကိစ္စကို အလောသုံးဆယ် မလုပ်တော့ပဲ သွေးအေးနေတာ ခြောက်လ လောက်ရှိနေပြီ လို့ ဆိုပါတယ်။ ဒါကလည်း တရုတ်ပြည်မှာ စီးပွားရေး ကျဆင်းလာမှုနဲ့ အတူ အရင်ကလို စွမ်းအင် မလိုအပ်တဲ့ လုပ်ငန်းတွေ ပြောင်းလဲ လုပ်ကိုင်လာတာကြောင့် ယူနန် ပြည်နယ်မှာ လျပ်စစ်ဓါတ်အား တွေ အလျံပါယ် ဖြစ်လာနေတဲ့ အတွက် ကြောင့် ဖြစ်ပါတယ်။

သို့သော် ဒီနေ့ တရုတ် သတင်းစာ Global Times က သမ္မတကြီး ဦးထင်ကျော် ရဲ့ ခရီးစဉ် အကြို ရေးသားရာမှာ ပါတ်ဝန်းကျင် ထိမ်းသိမ်းရေး စိုးရိမ်မှုက အဓိက မကျပဲ အနောက်နိုင်ငံ မီဒီယာ များ မြှောက်ထိုးပင့်ကော် လုပ်မှုနဲ့ ယခင် စစ်အစိုးရရ  အတည်ပြုပေးထားတဲ့ တရုတ်စီမံကိန်း ဖြစ်နေတာကြောင့် မြစ်ဆုံဆည် ဖျက်သိမ်းရေးကို ဒီမိုကရေစီ အောင်ပွဲ အဖြစ် လူအချို့က သတ်မှတ်နေကြတယ်လို့ စွပ်စွဲ ရေးသားထားပါတယ်။

ကျန်တဲ့ အချက်တွေကတော့ တင်းမာတဲ့ သဘောထားတွေ ပြနေဆဲ ဖြစ်ပြီး ဒါကလည်း ဆွေးနွေးတဲ့ အခါ ပိုပြီး Leverage ရအောင်တမင် ပြောဆိုနေတာ ဖြစ်နိုင်ပါတယ်။ ဒါကလည်း သံခင်တမန်ခင်း သဘောအရ အထူးအဆန်းတော့ မဟုတ်ပါဘူး၊  အထူးသဖြင့် မကြာမီက နယူးယောက်တိုင်းမ် သတင်းစာက ဖေါ်ပြခဲ့တဲ့ ဆောင်းပါး (မိမိ မတ်လ ၃၁ ရက်နေ့က တင်ပြခဲ့ပြီး) ကို ဆတ်ဆတ် ခါ နာသွားခဲ့ပြီး ရည်ညွန်း ဖေါ်ပြခဲ့ပါတယ်။

ဒီမိုကရေစီ သည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အတွက် တွန်းအားပေးသင့်သည့် စနစ်သာဖြစ်သင့်ပြီး အဟန့်အတား ဖြစ်အောင် မလုပ်သင့်၊ ဒီမိုကရေစီကို ဟန်ဆောင်ပန်ဆောင် စနစ်သာ ကျင့်သုံးမည်ဆိုက ယခု ကမ္ဘာမှာ ခေတ်စားလာသည့် Populism ဆိုသော လူုပြိမ်းကြိုက်ဝါဒ သာ ထွန်းကားလာစရာ ရှိပါတယ်လို့ ရေးသားထားပြန်ပါတယ်။

မြစ်ဆုံ ကိစ္စ အပေါ် တရုတ်မှ မူလ ကန်ထရိုက်ကို ပြင်ဆင်ပေးနိုင်တဲ့ အရိပ်အယောင်တွေ ပြောလာနေပြီး ဘယ်လောက် ရာခိုင်နှုန်း လိုချင်သလဲ ဆိုတာ မြန်မဘက်က တင်ပြဖို့ နဲ့ မြို့ကြီးတွေဆီ ပါ လျပ်စစ်ဓါတ် သွယ်တန်းပေးမယ်ဆိုတဲ့ သဘောမျိုး ရေးသားထားပါတယ်။

ဒေသခံ တွေအတွက် အသက်မွေးဝမ်းကျောင်း ပညာသင် ကျောင်းတွေ ဆောက်ပေးမယ်၊ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ် မှာ အထူး ရံပုံငွေ တွေ မတည်ငွေ ထည့်ဝင်ပေးသွားမယ်လို့လည်း ကမ်းလှမ်းထားပြန်ပါတယ်။

နောက်ဆုံးမှာတော့ လက်ရှိ မြန်မာရဲ့ စွမ်းအင်အကျပ်အတည်း ကို ဖြေရှင်းဖို့ ရေအား လျပ်စစ် စခန်းများ တည်ဆောက်ရေးကို လက်သင့်ခံမယ့် သဘောမျိုး အခုလို လမ်းဖွင့်ရေးသားထားပြန်ပါတယ်။

Media outlets and research institutions on both sides should hold symposiums of various kinds to publicly discuss Myanmar's power demand and construction of hydroelectric stations as well as come up with effective ways to deal with the current bind.

သမ္မတကြီး ဦးထင်ကျော်၏  ဖခင် ဆရာကြီး မင်းသုဝဏ် သည်  တရုတ်နိုင်ငံက လေးစားရသော စာဆိုကြီးတဦးဖြစ်ပြီး တရုတ် ကဗျာများစွာကို မြန်မာ ပြန်ဆိုရေးသားခဲ့သူ ဖြစ်သည့်အပြင် တရုတ်-မြန်မာ ယဉ်ကျေးမှု အပြန်အလှန် ဖလှယ်ရေး နဲ့ ပါတ်သက်တဲ့ သံတမန်ကြီးလည်း ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

ကိုးကား၊ ၊  Reuters / Global Times

U Win Aye

No comments:

Post a Comment