ကိုယ်လုံးတီးလမ်းလျှောက်မှုအပေါ် မြန်မာအိုင်ဒေါဒိုင်သုံးယောက်၏ အမြင်
Photo-Myanmar Idol
တင်ဇာမော် -
" ချစ်တုံးရီး အမလေးဟယ် .. ချစ်ဖို့ကောင်းလိုက်တာ
အမစိတ်ထဲမှာလေ ကိုယ်လုံးတီးလျှောက်နေတယ်လို့ကို
မထင်ဘူး ဖျော်ဖြေနေသလိုပဲ .. အမှားလေးတော့ရှိတာပေါ့နော်
ဒါပေမဲ့ အမ ကတော့ ညီမလေးကို ခွင့်လွှတ်တယ်..
နောက်ပြီး ညီမလေးရဲ့ ပရိသတ်တွေအားပေးမှုကလည်း
အရမ်းကြောက်ဖို့ကောင်းတယ် .. အမလေ.. ညီမလေးအစား
ကြက်သီးတောင် ထတယ် .. ရော့ခ် "
မြန်မာပြည်သိန်းတန် -
" အင်း .. အင်းကွ အန်ကယ်ကတော့ကွာ သမီးကို
ဧဝရတ်တောင်ကြီးလို့ကို မြင်မိတယ်ကွ .. အင်း ..
ဘာလို့လဲဆိုတော့အန်ကယ် တလမ်းလုံး အနောက်ကနေ
တောက်လျှောက် လိုက်ကြည့်လာတာ
နည်းတာကြီးမှ မဟုတ်ပဲကွ .. ဒါပေမဲ့ကွာ သမီးအနေနဲ့
လမ်းလျှောက်တာထက် လေးဖက်ထောက်သွားရင်
ပိုအဆင်ပြေလိမ့်မယ်လို့ အန်ကယ်ကတော့ ထင်တယ်
အင်း .. အန်ကယ်ကတော့ ရက်စ်ပါ "
မေဆွိ -
တီဆွေ့စိတ်ထဲမှာလေ သိပ်တော့ အားမရသေးဘူး သမီးရဲ့
နည်းနည်းလေး ဒီထက်ပိုပြီး လူများတဲ့နေရာမှာ
လျှောက်ရင် သမီးအတွက် ပိုအဆင်ပြေလိမ့်မယ်လို့
တီဆွေ့အနေနဲ့ ထင်မိတယ် .. ဘာပဲဖြစ်ဖြစ် သမီးက အခု
ဒီလမ်းကိုကိုယ်လုံးတီးလျှောက်နေပြ်ီိဆိုတော့ တီဆွေ့အနေနဲ့
မြို့တစ်ပတ်လျှောက်ဖို့ပဲ မှာချင်တယ်..
သမီးကံကောင်းပါစေ "
( စိန်သောင်း )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment