Latest News

Sunday, April 2, 2017

ရှေးဂရိအဆိုအရ အချစ် (၇)မျိုး

ရှေးဂရိအဆိုအရ အချစ် (၇)မျိုး



ပုံသဏ္ဍာန်တွေအမျိုးမျိုးနဲ့ အချစ်တွေကို ကျွန်တော်တို့တွေ့မြင်ခဲ့ဖူးကြပါပြီ။ ရှေးသုတေသနပညာရှင်တွေကတော့ လူသားရဲ့ စိတ်ခံစားမှုပေါ်မူတည်ပြီး အချစ်ကို ခွဲခြမ်းလေ့လာသုံးသပ်ခဲ့ကြပါတယ်။ ကမ္ဘာတစ်ခုလုံးကို လွှမ်းမိုးထားပြီး လူနေမှုအဆင့်အတန်း ၊ စစ်နဲ့ သမိုင်းကိုပါ သက်ရောက်စေနိုင်တာလည်း ဒီစိတ်ပဲလို့ ပညာရှင်တွေက ဆိုစမှတ်ပြုခဲ့ကြပါတယ်။ ရှေးဂရိတွေရဲ့အဆိုအရ အချစ်(၇)မျိုးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်။

၁။ Philautia
မိမိကိုယ်ကိုချစ်မြတ်နိုးရင်း အခြားသူတွေကို ချစ်တဲ့အချစ်မျိုးပါ။ လူပုဂ္ဂိုလ်တွေတင်မဟုတ်ပါဘူး။ အခြားသော တိရိစ္ဆာန်တွေ အရာဝတ္ထုတွေပါပါဝင်ပါတယ်။

၂။ Pragma
ရေရှည်ဆက်ဆံရေး ဒါမှမဟုတ် အိမ်ထောင်ရေးမှာ ချစ်မြတ်နိုးတဲ့အချစ်မျိုးပါ။ နှစ်ဦးနှစ်ဖက်အကျိုးရှိတဲ့ ချစ်မြတ်နိုးခြင်းဖြစ်တယ်လို့ လေ့လာသူတွေကဆိုကြပါတယ်။

၃။ Ludus
Pragma နဲ့ဆန့်ကျင်ဘက် အချစ်မျိုးဖြစ်ပါတယ်။ လိင်မှုကိစ္စကိုသာ အဓိကထားတဲ့ အချစ်မျိုးပေါ့။ ကြာရှည်မတည်တံ့တဲ့အမျိုးအစားတစ်ခုဖြစ်ပါတယ်တဲ့။

၎။ Eros
အသက်အရွယ်ကြီးရင့်သူတွေမှာဖြစ်ပေါ်တတ်တဲ့ အချစ်မျိုးအစားပါပဲ။ အပြစ်တစ်ခုအနေနဲ့ ရာဇ၀တ်မှုတစ်ခုအနေနဲ့တော့ ဒီအချစ်အမျိုးအစားကို သင်္ကေတပြုထားကြတာမျိုးတော့မဟုတ်ပါဘူး။

၅။ Philia
သူငယ်ချင်းတွေကြားထဲက ဆက်ဆံရေးကို ဖော်ညွှန်းတဲ့အချစ်မျိုးဖြစ်ပါတယ်။

၆။ Storge
မိဘနဲ့သားသမီးကြားထဲက အချစ်မျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ အကောင်းမြင်တဲ့ဘက်ကနေကြည့်မယ်ဆိုရင်တော့ ဒီလိုအချစ်မျိုးဟာ ဘ၀အတွက် တောင်ပံတစ်စုံလို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ အဆိုးမြင်ဝါဒီအရဆိုရင်တော့ အမြစ်တွေနဲ့တူပါသတဲ့။

၇။ Agape
ရှားပါးတဲ့အမျိုးအစားဖြစ်ပြီးတော့ ဂြိုဟ်ကမ္ဘာတစ်ခုလုံးနဲ့သက်ဆိုင်နေတဲ့အပြင် စကြာဝဠာနဲ့တောင်ချီသွားနိုင်တဲ့ အချစ်မျိုးဖြစ်ပါတယ်။ Agape ဆိုတဲ့ စကားလုံးဟာ ရာစုပေါင်းမြောက်များစွာကို ဖြတ်သန်းပြီး လက်ရှိ ဂရိဘာသာစကားမှာ ထင်ထင်ရှားရှား ကျန်ရစ်ခဲ့ပါသေးတယ်။

Ref:lifeadvancer

Trend Myanmar

No comments:

Post a Comment