Latest News

Wednesday, April 26, 2017

ဖမ်းမိထားသည့် တရားမဝင်သစ်တန်ချိန် ငါးသောင်းကျော်ကို ပြည်တွင်းသုံးစွဲရန် ရောင်းချမည်

ဖမ်းမိထားသည့် တရားမဝင်သစ်တန်ချိန် ငါးသောင်းကျော်ကို ပြည်တွင်းသုံးစွဲရန် ရောင်းချမည်

 ပြီးခဲ့သည့် ဘဏ္ဍာရေး နှစ်တွင် ဖမ်းဆီးမိသော တရားမ ဝင်သစ်တန်ချိန် ငါးသောင်းကျော် ကို ပြည်တွင်းသုံးအတွက်ရောင်း ချမည်ဟု သယံဇာတနှင့် သစ် တောရေးရာ ဝန်ကြီးဌာနမှ သ တင်းရရှိသည်။
‘‘ဖမ်းဆီးရမိတဲ့သစ်တွေကို လေလံစနစ်နဲ့ ပြည်တွင်းသုံးအ တွက် သီးသန့်ရောင်းချသွားဖို့ရှိပါ တယ်’’ဟု သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦး ဇော်မင်းက ပြောသည်။

ယင်းသစ်များသည် သစ် ထုတ်လုပ်မှုတစ်နှစ်ရပ်နားစဉ် ဖမ်းမိသည့် တရားမဝင်သစ်များဖြစ်ပြီး ကျွန်းသစ် ၁၃,၉၄၄ တန်၊  သစ်မာ ၁၂,၉၇၇ တန်နှင့် အခြားသစ် ၂၃,၁၀၄ တန်တို့ ပါဝင်သည်။ ယခုဘဏ္ဍာနှစ် သစ်ထုတ်ရာသီတွင် ကျွန်းသစ်ကုဗတန်  ၁၅,၀၀၀ နှင့်သစ်မာကုဗတန်ချိန် ၃၅၀,၀၀၀ ထုတ်လုပ်ရန် လျာထားသဖြင့် ပြည်တွင်း၊ ပြည်ပသုံးစွဲရေး အစိုးရ၏သစ်ရောင်းချမှုပမာဏသည် သစ်တန်ချိန် လေးသိန်းကျော် ရှိမည်ဖြစ်သည်။

ဖမ်းဆီးရမိသည့် သစ်များကို ပြည်တွင်းသုံးရန် သီးသန့်ရောင်း ချခြင်းဖြစ်၍ သစ်လေလံအောင် သူများ ပြည်ပသို့တင်ပို့ခွင့်ရရှိ မည်မဟုတ်ဟု  ဦးဇော်မင်းက  ပြောသည်။

ဖမ်းဆီးထားသော တရားမ ဝင်သစ်များစီမံခွင့်ကို သစ်တော ဦးစီးဌာနက ချုပ်ကိုင်ထားသော် လည်း ရောင်းချမှုများကို မြန်မာ သစ်လုပ်ငန်းက လုပ်ကိုင်ခြင်း ဖြစ်သည်။ မြန်မာသစ်လုပ်ငန်းက ပြည်တွင်းသုံးရန် ရောင်းချသော သစ်များကို ယခင်က ပြည်ပတင် ပို့ခွင့်ပြုထားသော်လည်း ယခုနှစ် ဧပြီကစ၍ အစိုးရက ယင်းစနစ် ကို ဖျက်သိမ်းလိုက်သည်။

7Day News Journal

No comments:

Post a Comment