Latest News

Wednesday, April 26, 2017

ကား ဆီတိုင်ကီပေါက် ဖာထေးရာမှ မီးလောင်မှုဖြစ်

ကား ဆီတိုင်ကီပေါက် ဖာထေးရာမှ မီးလောင်မှုဖြစ်


 ဖြူး ဧပြီ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဈေးရပ်ကွက်အတွင်း ရန်ကုန်-မန္တလေး ပုံမှန်ကား လမ်းဘေးတွင် ဆီဂါလံ ၇၂၀၀ ဆံ့ နောက်တွဲယာဉ်အားဖြုတ်ခဲ့ပြီးခေါင်းတွဲ တွင်ပါရှိ သော ဆီတိုင်ကီအား ဆီယို ဆိမ့်မှုကြောင့် ဖာထေးမှုပြုလုပ် ရာတွင် ဧပြီ ၂၆ရက် မွန်းလွဲ ၁ နာရီ ၂၅မိနစ်က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

 ဖြစ်စဉ်မှာ - ဖြူးမြို့တွင်း ရန်ကုန်- မန္တလေးပုံမှန်ကားလမ်းဘေး၊ ဈေးရပ်ကွက်အတွင်း မိုင် တိုင်အမှတ် ၁၃၉/၆ အနီး ချမ်းလေးကားဘော်ဒီ ပြုပြင်ရေး ဆိုင်တွင် အဆိုပါ ယာဉ် 9B/ 7806
 ယာဉ်မှ ယာဉ်မောင်း ထွန်းထွန်းဦး (၃၇)နှစ် မောင်းနှင်လာသော ကားပေါ်တွင် ဆီတိုင်ကီပေါက်ပြီး ယိုဆိမ့်မှုဖြစ်နေသဖြင့် ဖာထေးရန်ပြုလုပ်သည်တွင် ချမ်းလေးကားဘော်ဒီ ပြုပြင်ရေးဆိုင်မှ လုပ်သားဖြစ်သူ ဖိုးလပြည့် (ခေါ်) ပါကျဲ (၂၁)နှစ်ကနောက်တွဲယာဉ် ပေါ်ပါကားဆီတိုင်ကီအလွတ်အား ဂတ်(စ်)ဖြင့်ပြုပြင်ဖာထေးရာမှ တိုင်ကီအလွတ်အတွင်းရှိ လက်ကျန်ဆီငွေ့ဖြင့်မီးလောင်မှု ဖြစ်ပွားခဲ့သည်။

 အဆိုပါဖြစ်စဉ်ကြောင့် ဖိုးလပြည့်(ခေါ်)ပါကျဲ တွင် ပြင်ပမီးလောင်ဒဏ်ရာများရ ရှိခဲ့ပြီး  ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့အတွင်းလူနာအဖြစ် တင်ပို့ထားရှိပြီး မီးလောင်မှုအား ဖြူးမြို့ နယ် မီးသတ်ဦးစီးဌာနက မီးသတ်ယာဉ်(၁) စီး၊ ရေသည်ယာဉ်(၁)စီးတို့ဖြင့် သွားရောက်မီးငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီခွဲတွင်မီးငြိမ်းသတ် နိုင်ခဲ့ကြောင်းသိရသည်။

 ဖြူးမြင့်ဦး'''ကန်ကောက် သားလေးကျော်သက်ထွေး>>#AZM

No comments:

Post a Comment