Latest News

Thursday, April 20, 2017

မာရသာအကြောင်းပြု ကြက်သွန်နီဈေးမြင့်တက်ရန်အစပြု

မာရသာအကြောင်းပြု ကြက်သွန်နီဈေးမြင့်တက်ရန်အစပြု

ရန်ကုန် ဧပြီ ၁၈

ဧပြီ ၁၆ ရက်က တိုက်ခတ်ခဲ့သော မာရသာမုန်တိုင်းမိုးကြောင့် ကြက်သွန်နီထွက်ရှိရာ ဒေသအပါအဝင် မြို့ကြီး ကိုးမြို့တွင် မိုးရေချိန်စံချိန်သစ်တင်ရှိမှု အခြေပြစာရင်း ထုတ်ပြန်ခဲ့သည်။ အချို့မြို့တွင် နှစ်ပေါင်း ၂ဝ၊ အချို့ မြို့များတွင် နှစ်ပေါင်း ၅၄ နှစ် အတွင်း ဧပြီလ၏ ၂၄ နာရီအတွင်း ရွာသွန်းခဲ့သော မိုးရေချိန်စံချိန်သစ်ဟု ဖော်ပြထားသည်။

ရာသီဥတုပူပြင်းသဖြင့် ရေရှားသည့်ဒဏ် ခံစားရချိန် ပခုက္ကူတွင် မိုးရေချိန် ၁ ဒသမ ၈ လက်မ၊ မကွေး တွင် ၅ ဒသမ ၇၄ လက်မအထိ မိုးရွာသွန်းခဲ့သည်ဟု သိရသည်။

ယခုအချိန်သည် ဆောင်းစိုက်ကြက်သွန်နီ တူးဖော်ဆဲရှိသေးသည်။ မတူးဖော်ရသေးသော ကြက်သွန်များ မိုးရွာထား၍ အချိန်စောင့်ရဦးမည်ဟု သိရသည်။ သင်္ကြန်ပိတ်ရက်မတိုင်မီ ဧပြီ ၁၁ ရက်တွင် ကြက်သွန်နီ ပိဿာချိန် ၄၂ဝဝဝ ဝင်ရောက်ပြီး ဧပြီ ၁၂ ရက်တွင် အဝင်မရှိ၍ ကုန်စည်ဒိုင် ဈေးမဖွင့်ဟု သိရသည်။ ယင်းနေ့တွင် ဆိပ်ဖြူကြက်သွန်နီ လက်ကားတစ်ပိဿာငွေကျပ် ၅၅ဝ မှ ငွေကျပ် ၇ဝဝ၊ မြစ်သား ငွေကျပ် ၈၅ဝမှ ၁၁၇၅ ကျပ်အတွင်းဈေးရှိခဲ့သည်။

ဖွင့်ရက် ဧပြီ ၁၈ ရက်တွင် ကြက်သွန်နီပိဿာချိန် ၉၆ဝဝဝ ဝင် ရောက်ပြီး ဝယ်လက်များ စုံလင်စွာ မရောက်သေးသော်လည်း ဆိပ်ဖြူ ငွေကျပ် ၆ဝဝ မှ ငွေကျပ် ၈၅ဝ နှုန်းသို့ ဈေးမြင့်လာသည်။ သို့သော် မိုးရေ အကြောင်းပြုတူးဖော်ဆဲနှင့် မတူးဖော်ရသေးသော ကြက်သွန်နီ စိုက်ခင်းများ အခက်အခဲကြုံတွေ့လာရချိန် တူးဖော်ပြီးနှင့် လှောင်ထား သည်များ ဈေးမြှင့်တင်ရောင်းချခြင်းဖြစ်ကြောင်း အဝယ်တော်တစ်ဦးက ဆိုသည်။၊

လှောင်သမားများ ဝယ်လှောင်ချိန် နှင့်ပြည်ပတွင် ကြက်သွန်နီထွက်ရှိ မှုများပြားနေသဖြင့် လှောင်သမားများ အမြတ်ရရန် ဈေးနှုန်းမြှင့်တင်မှု မများ နိုင်သေးဟု သိရသည်။ သို့သော် ဘုရင့် နောင်ဈေးကွက်တွင် ယနေ့ဖွင့်ဈေးနှင့် ဝယ်ယူပြီးနောက်နေ့ မြင့်တက်လာနိုင်မည် ကို စောင့်ဆိုင်းနေသည်ဟု ဈေးကွက်မှ သိရသည်။

အာလူးပိဿာချိန် ၁၂ဝဝဝဝ ဝင်လာပြီး ဈေးနှုန်း လက်ကား တစ်ပိဿာ ငွေကျပ် ၄၅ဝ မှ ငွေကျပ် ၇၇ဝ အတွင်းဖြင့် ဈေးနှုန်း အပြောင်းအလဲ နည်းသည်။ စားအုန်းဆီ လက်ကား အလှယ်တစ်ပိဿာ ၁၇၅၅ ကျပ် ရှိသည်။

ကုန်စည်ဒိုင်ဖွင့် ပုဂ္ဂလိကဘဏ် အများစုလည်းဖွင့်နေသည့် ဧပြီ ၁၈ ရက်တွင် မတ်ပဲ RC တစ်တန် ကျပ် ၁ဝ၇၈ဝဝဝ၊ SQ RC တစ်တန် ကျပ် ၁၃၄၆ဝဝဝ၊ ပဲစင်းငုံနီ RC တစ်တန် ကျပ် ၇၆၅ဝဝဝ နှုန်းဈေးဖွင့်သည်။

မတ်ပဲ RC ကုန်သေတ္တာအလုံးရေ ၂၅ လုံးအရောင်းအဝယ်ဖြစ်သည်ဟု ဒိုင်ဈေးနှုန်းစာရွက်တွင် ဖော်ပြထားသည်။ ပြည်ပမှ တင်သွင်း လာသောနိုင်ငံစုံသကြားဈေးမှာ လက်ကားတစ်ပိဿာ ငွေကျပ် ၁၂၂ဝမှငွေကျပ် ၁၂၄ဝ အတွင်း တင်သွင်းလာသည့် နိုင်ငံအပေါ်မူတည် ၍ ဈေးနှုန်းကွာ ခြားရောင်းချနေကြောင်း သိရသည်။

ဧပြီ ၁၉ ရက်မှစ၍ကုန်အဝင် နယ်အဝယ်တော်လာရာက်မှုများပြား လာမည်ဖြစ်ရာ ယခုနှစ်တွင်ကုန်တန် ဖိုးငွေကြေးလွှဲပြောင်းပေးပို့ရာတွင် ဘဏ်များ ဖွင့်လာသဖြင့် ရောင်းဝယ်ရေးတွင် ပိုမိုအဆင်ပြေလာသည် ဟုကုန်သည်များက ပြောသည်။

(မောင်စေအောင်)ပြန်/ဆက်

No comments:

Post a Comment