Latest News

Sunday, April 23, 2017

အမေရိကန်လေယာဥင်္တင်သင်္ဘော မြောက်ကိုရီးယားပစ်ခတ်နှစ်မြှုပ်ခြင်းခံရမည်။ ကားလ်ဗင်ဆန် ကိုရီးယား ကျွန်းဆွယ်သို့ ၂၄-နာရီအတွင်းရောက်မည်။ အမေရိကန်နှင့်အတူ ဂျပန်စစ်င်္ဘောများလည်းပါဝင်မည်။ ကိုရီး ယားကျွန်းဆွယ်တင်း မာမှု့ ပေါက်ကွဲလုနီးပါးတွင် အမေရိ ကန်နိုင်ငံသားတစ်ဦး မြောက်ကိုရီးယားတွင် ဖမ်းဆီးခံရ။ အမေရိကန်အား ဒေါသမီးပွားစေရန် အချက်တစ် ခုတိုးမြင့်လာ။ ၂၄-နာရီအတွင်း ကိုရီးယားကျွန်း ဆွယ် စစ်မီးတောက်လောင်နိုင်

အမေရိကန်လေယာဥင်္တင်သင်္ဘော မြောက်ကိုရီးယားပစ်ခတ်နှစ်မြှုပ်ခြင်းခံရမည်။ ကားလ်ဗင်ဆန် ကိုရီးယား ကျွန်းဆွယ်သို့ ၂၄-နာရီအတွင်းရောက်မည်။ အမေရိကန်နှင့်အတူ ဂျပန်စစ်င်္ဘောများလည်းပါဝင်မည်။ ကိုရီး ယားကျွန်းဆွယ်တင်း မာမှု့ ပေါက်ကွဲလုနီးပါးတွင် အမေရိ ကန်နိုင်ငံသားတစ်ဦး မြောက်ကိုရီးယားတွင် ဖမ်းဆီးခံရ။ အမေရိကန်အား ဒေါသမီးပွားစေရန် အချက်တစ် ခုတိုးမြင့်လာ။ ၂၄-နာရီအတွင်း ကိုရီးယားကျွန်း ဆွယ် စစ်မီးတောက်လောင်နိုင်

( ဧပြီ-၂၃၊ ၂၀၁၇ ) အမေရိကန်လေယာဉ်တင်သင်္ဘော ကားလ်ဗင်ဆန်သည် ၂၄-နာရီအတွင်း ကိုရီးယားကျွန်း ဆွယ် အနီးတစ်ဝှိုက်သို့ရောက်ရှိလာမည်ဖြစ်ပြီး အဆိုပါစစ်သင်္ဘောများရောက်ရှိလာလျှင် ပစ်ခတ်နှစ်မြှုပ်ခြင်း ခံရလိမ့်မည်ဖြစ် ကြောင်း မြောက်ကိုရီးယားက သတိပေးကြုးံဝါးလိုက်ကြောင်းရုရှားတူဒေးမီဒီယာက အရေးကြီး စက်ရပ် သတင်း အဖြစ်ယနေ့ဖော်ပြလိုက်သည်။


မိမိတို့ဗော်လံတီယာတပ်များက အမေရိကန်ညူကလီယာစွမ်းအင်သုံးလေယာဉ်တင်သင်္ဘောကို တစ်ချက်တည်း နှင့် ပစ်ခတ်နှစ်မြှုပ်မည်ဖြစ်ကြောင်း မြောက်ကိုရီးယားအလုပ်သမားပါတီ၏တရားဝင်သတင်းစာ ရိုဒေါင်းဆင်မန် အားကိုးကား၍ ရိုက်တာသတင်းတွင်ဖော်ပြသည်။

ယမန်နေ့ အမေရိကန်ဒုတိယသမ္မတ၏ ပြောကြားချက်အရ လေယာဉ်တင်သင်္ဘော ကားလ်ဘင်ဆန်အနေဖြင့် ၂၄-နာရီအတွင်း ကိုရီးယားကျွန်းဆွယ်အနီးရောက်ရှီမည်ဟု တွက်ဆရပြီး၊ အမေရိကန်ဒုတိယသမ္မတပြောကြား ခဲ့စဉ် စစ်သင်္ဘောများဆောင်ရွက်ရန်တာဝန်နှင့်ပတ်သက်၍ အသေးစိတ်ဖော်ပြခဲ့ခြင်းမရှိချေ။

ထိုစဉ်အတွင်း အမေရိကန်စစ်သင်္ဘောများနှင့်အတူ မိမိဖျက်သင်္ဘောနှစ်စီးလည်း ပူးတွဲစစ်ရေးလေ့ကျင့်ရန် ပါဝင်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံက သတင်းထုတ်ပြန်လိုက်သည်။ ယနေ့လက်ရှိအချိန်တွင် အမေရိကန်စစ် သင်္ဘောများတည်နေရာကို အတိကျမသိရသော်လည်း  ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း ရေပြင်တွင်ရောက်ရှိ နေလိမ့်မည်ဟု မှန်းဆရသည်။

ယနေ့ ရိုက်တာ၏အခြားသတင်းတစ်ပုဒ်တွင် အမေရိကန်နိုင်ငံသားတစ်ဦးအား မြောက်ကိုရီးယားအာဏာ ပိုင်များက ပြုံယမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးလိုက်ကြောင်း တောင်ကိုရီးယား ယွန်ဟတ် သတင်းအေဂျင်စီကို ကိုးကားလျှက်ရေးသားဖော်ပြသည်။

ကိုရီးယားလူမျိုး အမေရိကန်နိုင်ငံသားဖြစ်သူ မစ္စတာကင်သည် မြောက်ကိုရီးယားမှ ပြန်လည်ထွက်ခွာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး ၄င်းသည် မြောက်ကိုရီးယားပြုံယမ်းတက္ကသိုလ်နှင့်  ညီအမတတ္ကသိုလ်ဖြစ်သော အိမ်နီးချင်းတရုပ်နိုင်ငံ ယန်ဘင်းသိပ္ပံနှင့်နည်းပညာတက္ကသိုလ်( YUST) မှ ပါမောက္ခဟောင်းတစ်ဦးဖြစ် သည်ဆို၏။

,မြောက်ကိုရီးယားတွင် ယခင်ဖမ်းဆီးထားသော အမေရိကန်နိုင်ငံသား ၂-ဦးရှိခဲ့ရာ ယခုမစ္စတာကင်ဖမ်းဆီးခံရခြင်းမှာ ပေါက်ကွဲလုဆဲ ကိုရီးယားကျွန်းဆွယ်အခြေအနေတွင် အမေရိကန်၏ ဒေါသအမြက်ကို ဆွပေးရာရောက်မည့် မီါ်ပွားတစ်ခုဖြစ်လာနိုင်သည်။

Photo: As Per Links
Htay Oung

No comments:

Post a Comment