Latest News

Monday, April 10, 2017

သင်္ကြန်မတိုင်မီ အခြေခံစားသောက်ကုန်အချို့ ဈေးအနည်းငယ်တက်

သင်္ကြန်မတိုင်မီ အခြေခံစားသောက်ကုန်အချို့ ဈေးအနည်းငယ်တက်

သင်္ကြန်ပွဲတော်နီးလာ သဖြင့် အခြေခံစားသောက်ကုန် ဈေးနှုန်းသည် ကျပ် ၅၀ မှ ကျပ် ၁,၀၀၀ အထိ တက်လာကြောင်းစားသောက်ကုန်အရောင်းဆိုင်များမှ စုံစမ်းသိရသည်။

မီးဖိုချောင်သုံးစားသောက် ကုန်များဖြစ်သည့် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁,၆၀၀ မှ ကျပ် ၁,၈၀၀ အထိ၊ ကြက်သွန်ဖြူ တစ်ပိဿာဈေးမှာ ကျပ် ၇,၀၀၀ အထိ၊ အာလူးတစ်ပိဿာလျှင် ကျပ် ၁,၂၀၀ မှ ကျပ် ၁,၃၀၀ အထိနှင့် စားအုန်းဆီဈေးသည် ကျပ် ၂,၀၀၀ မှ ကျပ် ၂,၁၀၀ အထိရောင်းချကြောင်း စားသောက်ကုန်အရောင်းဆိုင်များမှ သိရသည်။

အဓိကစားသောက်ကုန်ဖြစ် သည့် ဆန်ချောဈေးမှာ သင်္ကြန်မတိုင်မီ တစ်လကျော်အတွင်း ဆန်တစ်အိတ်လျှင် ယခင်ရောင်းဈေးထက် ကျပ် ၁,၀၀၀ ခန့်မြင့်တက်သွားပြီး လက်ရှိတွင် ပေါ်ဆန်းမွှေးဆန်တစ်အိတ်လျှင် ကျပ် ၃၂,၀၀၀ အထိ ဈေးပေါက်ကြောင်း ၀ါးတန်းဆန်ကုန်စည်ဒိုင်မှ သိရသည်။

ပြည်တွင်းထုတ်ကော်ဖီမစ် ဈေးသည် အထုပ် ၃၀ ၀င် တစ်ထုပ်လျှင် ယခင်ကျပ် ၂,၇၀၀ မှ ကျပ် ၃,၀၀၀ အထိ မြင့်တက်သွားပြီး နို့ဆီဘူးဈေးသည် ကျပ် ၅၀ ခန့်မြင့် တက်သွားကာ အမျိုးအစားပေါ်မူ တည်ပြီး ကျပ် ၇၀၀ မှ ၉၀၀ ခန့်၊ သကြားဈေးသည် တစ်ပိဿာလျှင် ကျပ် ၁,၈၀၀ ဖြင့် ရောင်းချရ ကြောင်း စားသောက်ကုန်အ ရောင်းဆိုင်အချို့က ဆိုသည်။

ကြက်ဥဈေးသည် ပုံမှန်အတိုင်းဖြစ်ပြီး တစ်လုံးလျှင် ကျပ် ၁၂၀ မှ ကျပ် ၁၅၀ အထိ ရောင်းချသည်။

အသားဈေးများမှာ မြင့်တက်ခြင်းမရှိဘဲ ကြက်သား တစ်ပိဿာလျှင် ကျပ် ၈,၀၀၀ မှ ကျပ် ၁၂,၀၀၀ အထိ၊ ၀က်သား တစ်ပိဿာလျှင် ကျပ် ၁၀,၀၀၀ မှ ကျပ် ၁၁,၀၀၀ အထိနှင့် အမဲသား ဈေးသည် ကျပ် ၁၀,၀၀၀ မှ ကျပ် ၁၁,၀၀၀ အထိ၊ ငါးကြင်းဈေးသည် တစ်ပိဿာလျှင် ကျပ် ၇,၀၀၀ မှ ကျပ် ၉,၀၀၀ အထိ ရောင်းချကြောင်း အသား၊ ငါးဈေးကွက်မှ သိရသည်။

(7Day News)

No comments:

Post a Comment