Latest News

Monday, April 10, 2017

Google ကိုတရားစွဲခြင်း

Google ကိုတရားစွဲခြင်း


ဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ Google ကို တရားစွဲဆိုခြင်းဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ အလုပ်သမားဝန်ကြီးဌာနဖြစ်တဲ့ Department of Labor က တရားစွဲဆိုခြင်းဖြစ်ပါတယ်။ အဓိက အကြောင်းကတော့ အမျိုးသမီးဝန်ထမ်းများကို အမျိုးသားများထက်နှိမ်ပြီး လစာပေးထားလို့ဖြစ်ပါတယ်။

အလွယ်ပြောရရင် Equal Opportunity ဥပဒေကိုချိုးဖောက်ခြင်းလို့ အလုပ်သမားဝန်ကြီးဌာနက စွပ်စွဲရုံးတင်ခြင်းဖြစ်ပါတယ်။ တရားရုံးမှာ ဂူဂယ်လ်ရဲ့ ဝန်ထမ်း ၂၀၀၀၀ ရဲ့ လစာတွေကို ထုတ်ပြန်ကျေညာဖို့အတွက် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့ပါတယ်။

ဂူဂယ်မှာအလုပ်လုပ်သူ အမျိုးသမီးများက အလုပ်သမားဝန်ကြီးဌာနကို တိုင်ကြားမှုတွေ အဆက်မပြတ်ပေါ်ပေါက်ခဲ့ပါတယ်။ အမျိုးသမီးဝန်ထမ်းများဟာ ရာထူးတူတဲ့အမျိုးသားများလောက် လစာမရလို့ စုပေါင်းတိုင်ကြားခြင်းဖြစ်ပါတယ်။

ဂူဂယလ်ကတော့ သူတို့အနေနဲ့ ဥပဒေချိုးဖောက်မှုမရှိကြောင်း ငြင်းဆန်ခဲ့ပါတယ်။

ရည်ညွန်း - CNN Money

( Thant Zin Myint )

No comments:

Post a Comment