သို့
မန်းဂျော်နီ ( ၀န်ကြီးချူ ပ် ) ဧရာဝတီတိုင်းဒေသကြီး
ဦးဗဟိန်း ( ၀န်ကြီး )
မွေးမြူ ရေး ရေလုပ်ငန်းနှင့်ဆည်မြောင်းဝန်ကြီးဌာန
ဧရာဝတီတိုင်းဒေသကြီး
ဦးစိုးသန်း ( ညွှန်ကြားရေးမှူး )
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး
ဒေါ်ခိုင်ဇင်ဦး ( ဥက္ကဌ )
တိုင်ကြားစာနှင့်အသနားခံစာရေးရာကော်မတီ
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ တွင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတင်ဒါအောင်ပြီး
မြောင်းမြမြို့နယ်ဝါးချောင်းကျေးရွာတွင်ဧကရာဇ်မင်းကုမ္ပဏီမှတာဝန်ယူတည်ဆောက်သည့်
၎လက္မ×၆၀၀ပေ တွင်းနက်တူးဖော်ခြင်းလုပ်ငန်းကျပ်သန်း(၂၀)အကုန်အကျခံတည်ဆောက်ခဲ့သည့်လုပ်ငန်းမှာအရည်အသွေးလုံးဝမပြည့်မှီခြင်းများလုပ်ဆောင်ခဲ့ပါသည်။
- ၄ လက္မပေ၆၀၀တူးရမည့်နေရာတွင်ပေ၂၈၀သာတူးသွားခြင်း
- ကျောက်ထုတ်တန်းများကိုကျောက်စရစ်သုံးလောင်းရမည့်နေရာတွင်အုတ်ခဲကျိုးများ
ထည့်လောင်းသွားခြင်း
- ရေကန်တွင်သုံးထားသည်မဆလာများမှာလက်နှင့်ကုတ်လျှင်ပင်ပဲ့ထွက်ခြင်း
- တံခါးရွက်မှာလည်းသစ်ပွသားများသုံးထားခြင်း
- ဆက်ပြောရရင်အများကြီးပုံများသာကြည့်ကြပါဘယ်လိုတွေလုပ်သွားတယ်ဆိုတာ......
မန်းဂျော်နီ ( ၀န်ကြီးချူ ပ် )ဦးဆောင်သောကျွန်တော်တို့ဧရာဝတီတိုင်းရဲ့အစိုးရခင်ဗျား.....
ကျွန်တော်ဟာမြို့အတွက်နစ်နာရမည့်ကိစ္စတော်တော်များများကိုဖော်ထုတ်တင်ပြတိုင်တန်းခဲ့ပါသော်လည်းမည်သည့်အရေးယူဆောင်ရွက်ခဲ့ခြင်းမျိုးမရှိပါ။
လူသာသူများသောက်မျင်ကတ့်ခံရတာသာအဖတ်တင်ကျန်ခဲ့ပါသည်။
ယ္ခု ကိစ္စတွင်လည်းသက်ဆိုင်ရာကုမ္ပဏီနှင်သက်ဆိုင်ရာဌာနမှတာဝန်ရှိသူကိုအရေးယူပေးသင့်ပါသည် ။
( မြောင်းမြ )
မှတ်ချက်။ ။၎င်းကျေးရွာမှရွာသူရွာသားများပြောသောစကားလေးလက်ဆောင်ပါးလိုက်ပါရစေ"ရေကန်ကိုရေထည့်မသုံးရဲပါ သုံးမည်ဆိုလျှင်ရေကန်အပြည့်ထည့်ထားချိန်တွင်သက်ဆိုင်ရာကုမ္ပဏီမှတာဝန်ရှိသူနှင့်သက်ဆိုင်ရာဌာနမှတာဝန်ရှိသူများရေကန်အောက်တွင်နေရဲလျှင်သူတို့ရေထည့်သုံးပါမည်တဲ့ ဟားးးးးမှတ်ကရော
No comments:
Post a Comment