Latest News

Thursday, April 20, 2017

ထိုင်းတောင်ပိုင်းမှာ ဗုံးသယ်လာတဲ့ မွတ်ဆလင်စစ်သွေးကြွနှစ်ဦး ပေါက်ကွဲသေဆုံး

ထိုင်းတောင်ပိုင်းမှာ ဗုံးသယ်လာတဲ့ မွတ်ဆလင်စစ်သွေးကြွနှစ်ဦး ပေါက်ကွဲသေဆုံး

ဗုံးဖောက်ခွဲအကြမ်းဖက်မှုတွေ နေ့စဉ်ရက်ဆက်ဆိုသလိုဖြစ်ပွားနေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ ဒီကနေ့ မွတ်ဆလင်စစ်သွေးကြွနှစ်ဦး သေဆုံးသွားကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

အဲဒီစစ်သွေးကြွနှစ်ဦးဟာ ဆောင်ခလခရိုင်အတွင်း မော်တော်ဆိုင်ကယ်နဲ့ ဗုံးတစ်လုံးသယ်ဆောင်လာစဉ် လမ်းတဝက်မှာတင် ပေါက်ကွဲသွားခဲ့တာကြောင့် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ထိုင်းစစ်ဘက် ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုပါတယ်။

စစ်သွေးကြွသူပုန်တွေဟာ နရသီဝတ်၊ ပတ္တာနီနဲ့ ဆောင်ခလခရိုင်က မြို့နယ် ၁၁ ခုမှာ ဗုဒ္ဓဟူးနေ့ည ကလည်း ဗုံးဖောက်ခွဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် ၂ ဦးသေဆုံးပြီး၊ ၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။

မွတ်ဆလင်လူများစုနေထိုင်တဲ့ အဲဒီထိုင်းတောင်ပိုင်းဒေသမှာ ၂၀၀၄ ခုနှစ်ကစတင်တဲ့ နယ်မြေခွဲထွက်ရေး အကြမ်းဖက်လှုပ်ရှားမှုတွေကြောင့် သေဆုံးသူ ၆၈၀၀ ကျော်ရှိသွားပြီ ဖြစ်ပါတယ်။ RFA

No comments:

Post a Comment