ဘန်ကောက်မြို့လယ် လမ်းဘေးဈေးဆိုင်ယဉ်ကျေးမှု ဆက်လက်ထိန်းသိမ်းထားမည်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ အဓိကလမ်းမကြီးတွေက ဈေးဆိုင်တွေကို ဖျက်သိမ်းမယ်လို့ အာဏာပိုင်တွေက ပြောပေမဲ့၊ ဘန်ကောက်ရဲ့လမ်းဘေးစားသောက်ဆိုင်ယဉ်ကျေးမှုကတော့ ဆက်လက်ရှင်သန်နေမှာ ဖြစ်တယ်လို့ ထိုင်းခရီးသွားလုပ်ငန်း အကြီးအကဲက ပြောကြားလိုက်ပါတယ်။
ထိုင်းရဲ့ ထင်ရှားကျော်ကြားတဲ့ ကိုယ်ပိုင်အမှတ်လက္ခဏာဖြစ်တဲ့ သဲသဲရုတ်ရုတ် ရှုတ်ရှုတ်ထွေးထွေး လမ်းဘေးဈေးဆိုင် ယဉ်ကျေးမှုဟန်ပန်ကို စင်ကာပူပုံစံနဲ့ အစားထိုးလို့မရနိုင်ပါဘူး၊ ထိုင်းမှာသာရှိတဲ့ သီးခြားလက္ခဏာကို ထိန်းသိမ်းရမှာပါ၊ အခု ကြေညာထားတဲ့ အစီအစဉ်ကလည်း ဘန်ကောက်မြို့လမ်းတွေပေါ်က စားသောက်ဆိုင်တွေအားလုံးကို ဖယ်ရှားပစ်မှာမဟုတ်ဘဲ၊ တချို့လိုအပ်တဲ့နေရာတွေမှာ သပ်သပ်ရပ်ရပ်လေးတွေ ဖြစ်အောင် စီမံသွားရုံသာ ဖြစ်ပါတယ်လို့လည်း ပြောပါတယ်။
စည်ပင်သာယာရေးအရာရှိတွေကတော့ ဘန်ကောက်မြို့မှာရှိတဲ့ လမ်းဘေးဈေးသည် ၃ သောင်းလောက်ထဲက သုံးပုံနှစ်ပုံနီးပါးကို ဖယ်ရှားတာ၊ ပြန်လည်နေရာချထားပေးတာတွေ ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။ RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment