အရှေ့မြင်းပြိုင်ကွင်းနားမှာ ဖွင့်ထားတာပါ။
သရုပ်ဆောင် ရတနာခင်တို့ မိသားစုကတော့ ငွေ၅၀၀နဲ့ ထမင်းတစ်နပ်စားလို့ရအောင်စီစဉ်လိုက်ပါတယ်။ ဒီတစ်ခါ ဖွင့်လှစ်လိုက်တဲ့ ဆိုင်က ဒုတိယအကြိမ် ဖွင့်တဲ့ ဆိုင်ဖြစ်ပါတယ်။
အခုဖွင့်လိုက်တဲ့ ဆိုင်က တာမွေမြို့နယ်၊ ၁၆၆လမ်းထိပ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ အမှတ်(၂၆) မှာဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ပွဲကိုတော့ ဧပြီလ(၅)ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့တာပါ။ယင်းကဲ့သို့ ဆိုင်ခွဲများကို ထပ်မံဖွင့် လှစ်သွားရန်ရှိသလို အခြေခံလူတန်းစားများအတွက် တန်ဖိုးနည်းအိမ်ယာများကိုဆောက်လုပ်ပေးဖို့ ရှိတယ်လို့ သိရပါတယ်။
ရတနာခင်တို့ မိသားစု ဖွင့်လိုက်တဲ့ ဆိုင်နာမည်ကတော့ ရွှေ(အာဟာရ)ဆိုင် ဖြစ်ကာ မြန်မာထမင်းဟင်းအပြင် တရုတ်အစားအစာများလည်း ရရှိတယ်လို့ သိရပါတယ်။
အဲ့ဒီဆိုင်ကတော့ မိဘပြည်သူများအတွက် သက်သာချောင်ချိရေး ထမင်းဟင်းတစ်ပွဲကို ၅၀၀ကျပ်တည်းနဲ့ ရောင်းချပေးနိုင်တဲ့ ဆိုင်တွေ ပေါ်ပေါက်လာဖို့လည်း အကောင်အထည် ဖော်ပေးတာဖြစ်တယ်လို့လည်း သိရပါတယ်။
Duwun
Photo : ရတနာခင် ဖေ့စ်ဘွတ်
No comments:
Post a Comment