Latest News

Wednesday, April 5, 2017

သင်္ကြန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်

သင်္ကြန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အတွက်အကျပ်အတည်းကာလတစ်ခု မကြာမီရောက်ရှိလာတော့မည် ဖြစ်ကြောင်းရဲတပ်ဖွဲ့ဝင်အချို့က ညည်းတွားနေကြသည်။ လူဦးရေနှင့် ရဲတပ်ဖွဲ့ဝင်ဦးရေ အချိုးအစားမမျှသည့် အခြေအနေတွင် လူတန်းစားအလွှာမျိုးစုံက မူးယစ်သောက်စားကာ မီးကုန်ယမ်းကုန် ကဲကြမည့် သင်္ကြန်အတွက် ကြိုတင်စိုးရိမ်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၂ လ ရာသီလုံး ပျော်ပွဲရွှင်ပွဲအမျိုးမျိုးရှိသော်လည်း သင်္ကြန်ပွဲတော်သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တစ်ချိန်တည်းတွင် လူပေါင်းများ စွာက အုံလိုက်ကျင်းလိုက် ပျော် ရွှင်မြူးထူးကြသည့် ပွဲတော်ဖြစ် သည်။ အပူလွန်ကဲသည့် ရာသီ ဥတုအခြေအနေတွင် စိတ်ရှိတိုင်း မူးယစ်သောက်စားမည့်သူများ ကြောင့် လူတစ်ဦးချင်း လုံခြုံမှု ကင်းမဲ့စေသော ဖြစ်ရပ်မျိုးစုံရှိ သည့်အနက် သင်္ကြန်ပွဲတော်ကို အကြောင်းပြုကာ လူငယ်များ၏ အသက်အန္တရာယ်နှင့် ဂုဏ်သိက္ခာ ကို အဓိကခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါးအန္တရာယ်က အ လွန်ကြီးမားနေသည်။

ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ သင်္ကြန်ပွဲတော်ကာလသည် ရဲ တပ်ဖွဲ့အတွက် အမှန်တကယ် စိန် ခေါ်မှုဖြစ်နေပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင် များက ယင်းကာလတွင် လွယ် လွယ်ကူကူ ရလေ့ရှိသော မူးယစ် ဆေးဝါးမျိုးစုံကို ထိန်းချုပ်နိုင်ရေး သည် စိန်ခေါ်မှုဖြစ်လာနေသည်။

၂၀၁၇ သင်္ကြန်ကာလ အ တွင်း မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ ပြည်သူများသတိပြု ရန် နှိုးဆော်ချက် ငါးချက်ကို သင်္ကြန်မတိုင်မီ ၁၀ ရက်ကျော် ကစ၍ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ သည်။ ယာဉ်မောင်းများ မူးယစ် ဆေးမသုံးစွဲရန်၊ ကာမစိတ်နှိုးဆွ စေသော ဆေးဝါးများ ကိုယ်တိုင် သောက်သုံးခြင်းမပြုလုပ်ရန်နှင့် အခြားသူကလည်း မြှူဆွယ်၍ ယင်းဆေးများ တိုက်ကျွေးသည့် အန္တရာယ်ကို သတိပြုရန်၊ မူးယစ် ဆေးနှင့် ကာမစိတ်နိုးကြွစေသော ဆေးများတွေ့ပါကလည်း ပြည် သူများအနေဖြင့် လုံခြုံရေးအဖွဲ့သို့ အမြန်ဆုံးသတင်းပေးရန် ထုတ် ပြန်ထားသည်။ ယခုနှစ်တွင် ရဲ တပ်ဖွဲ့၏ ဆောင်ရွက်ချက်များ အနက် ယခင်နှင့်မတူသည့် ထူး ခြားချက်မှာ သင်္ကြန်အတွင်း လိုက် နာရန် သတိပေးချက်များကို နိုင်ငံ ပိုင်မီဒီယာများမှသာမက ပုဂ္ဂလိ က မီဒီယာများတွင်ပါ ကြော်ငြာ ထည့်၍ ရဲတပ်ဖွဲ့က သတိပေးခဲ့ သည်။

ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် အချက် ၁၂ ချက်တွင် အမျိုးသမီး များအနေဖြင့် ဆွေမျိုးသားချင်းမ ဟုတ်သူများနှင့် အတူလည်ပတ် ခြင်း၊ ၎င်းတို့ ကျွေးသော အစားအ သောက်များကို မချင့်မချိန်စားသုံး ခြင်း၊ အချိန်လွန် ရေကစားလည် ပတ်ခြင်းနှင့် ဆိတ်ကွယ်ရာတွင် အနားယူခြင်းများ ရှောင်ရှားရန် လည်း သတိပေးထားသည်။

သို့သော် သင်္ကြန်အတွင်း သားကောင်သုတ်မည့် မုဆိုးများ က အသင့်ရှိနေသည်။ သင်္ကြန် ကာလတိုင်း ရန်ကုန်မြို့ရှိ နာမည် ကြီး မဏ္ဍပ်တိုင်းတွင် ထိုင်လေ့ရှိ သော မရမ်းကုန်းမြို့နယ်မှ ကိုဖိုး ချိုက သင်္ကြန်ပွဲတော်တွင် ရမ်း ကားမည့် လူငယ်များအတွက် မူး ယစ်ဆေးနှင့် ဆက်နွှယ်သော အန္တရာယ် အလွန်များကြောင်း သတိပေးသည်။ မဏ္ဍပ်ကြီးအချို့ သည် ရေကစားသည့် လူငယ်များ အား စိတ်ကြွဆေးပြားများနှင့် ဆေးခြောက်ဖြင့် ပြုလုပ်ထားသော ဆေးလိပ်များ ပေးဝေလေ့ရှိ ကြောင်း ကိုဖိုးချိုက ပြောသည်။

‘‘သင်္ကြန်မှာ ပျော်ရုံမဟုတ် ဘူး။ ပျော်တာနောက်မှာ မိန်းက လေးတွေ အများကြီး အသုံးချခံရ တယ်။ စိတ်ကြွဆေးမျိုးစုံက မဏ္ဍပ်ကြီးတွေမှာ အကုန်ရှိတယ်။ မိန်းကလေးတွေကဲမှ လူစည်တာ လေ’’ဟု နာမည်ကျော်စီးပွားရေး လုပ်ငန်းရှင်အချို့၊ အနုပညာရှင် အချို့နှင့်အတူ ကိုယ်ပိုင်သင်္ကြန် မဏ္ဍပ်ဆောက်ကာ မဏ္ဍပ်ပေါ်မှ အခြေအနေများကို ထဲထဲဝင်ဝင် သိနေသည့် ရန်ကုန်မြို့ခံ ကိုဝဏ္ဏ က ဆိုသည်။

ဆယ်ကျော်သက်ရွယ် မိန်း ကလေးများကို ပစ်မှတ်ထားကာ စိတ်ကြွဆေးမျိုးစုံ အသုံးပြု၍ ကာမလိမ်လည်ရယူဖျက်ဆီးခြင်း သည် သင်္ကြန်အတွင်း စိုးရိမ်စရာ အကောင်းဆုံးဖြစ်နေကြောင်း မူး ယစ်တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ မှ ရဲအရာရှိများကလည်း သတိ ပေးသည်။ ယင်းအချက်ကို ကာယ ကံရှင်လူငယ်များအပြင် မိသားစု အသိုက်အ၀န်းကပါ သိရှိနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် သတိပေးခြင်း ဖြစ်ကြောင်း မူးယစ်တားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးကြီးမြင့် အောင်က ပြောသည်။

 သားကောင်ချောင်းသည့် မုဆိုးများက သင်္ကြန်ကာလတွင် နည်းမျိုးစုံသုံး၍ ထောင်ချောက် ဆင်ကြသည်။ စိတ်ကြွဆေး တစ် ပြားလျှင် ကျပ် ၂,၀၀၀ ခန့်မှ တစ် လုံးလျှင် ကျပ် ၅၀,၀၀၀ ခန့်ရှိသော E ဟု အလွယ်ခေါ်သည့် Etascy ဆေးပြားများကို လူစည်ကားရာ မဏ္ဍပ်များတွင် နည်းမျိုးစုံဖြင့် ဖြန့် ဖြူးကြသည်။ လူငယ်လူရွယ်များ ကလည်း မူးယစ်ဆေးဝါးမျိုးစုံကို ပေါပေါများများ သုံးစွဲလေ့ရှိ ကြောင်း မဏ္ဍပ်ကြီးများတွင် ပုံမှန် ရေကစားလေ့ရှိသူများထံမှ သိရ သည်။ ထို့အပြင် စိတ်ကြွဆေး ပြားမျိုးစုံနှင့် စိတ်ကြွဆေးတို့ ရော စပ်ထားသည့် ကော်ဖီမှုန့်ကဲ့သို့ ကာမစိတ်ကို လှုံ့ဆော်သည့် စိတ် ကြွဆေးများအန္တရာယ်ကလည်း သင်္ကြန်ကာလပျော်ရွှင်မည့် အ လွှာစုံမှ လူငယ်များအတွက် စိုးရိမ် စရာအခြေအနေဖြစ်သည်။

‘‘ပုံစံအမျိုးမျိုးနဲ့လာတဲ့ စိတ် ကြွဆေးတွေကို ရေတို့၊အချိုရည် တို့ထဲမှာ ထည့်လိုက်ရင် အရောင် တို့၊ အရသာတို့က မသိသာဘူး။ မသိသာတော့ မိန်းကလေးတွေမှာ အလစ်အငိုက်မိပြီးတော့မှ သောက် မိတဲ့အခါ မိနစ်ပိုင်းအတွင်းပဲ စိတ် အာရုံတွေ ထွေပြားပြီးတော့မှ ထိန်းချုပ်လို့မရတော့ဘူး။ တချို့ ဆေးတွေကျတော့ အဲဒီထက်ပိုဆိုး ပြီးတော့ ကာမဆန္ဒစိတ်တွေ နှိုးဆွ တဲ့အနေအထားမျိုးတွေဖြစ်လာ တယ်။ ဒီလိုနဲ့ မိန်းကလေးတွေ ဘ၀ပျက်သွားတာမျိုးတွေ။ ဒီ နောက်ပိုင်းမှာ ဒီလိုဆေးတွေပေါ် လာပြီ။ အပေါင်းအသင်းတွေနဲ့ လည်ပတ်တဲ့အခါ ဒီအချိန်မှာ သတိနဲ့နေကြဖို့လိုတယ်’’ဟု မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ရဲမှူးကြီးရာထူးဖြင့် အ ငြိမ်းစားယူခဲ့သော ဦးကျော်ကျော် မင်းက သတိပေးထားသည်။

လက်ရှိတွင် သင်္ကြန်ကာလ နီးကပ်လာသည်နှင့်အမျှ ကာမ ဆိုင်ရာ ဆေးဝါးအချို့ကို လူမှုကွန် ရက်စာမျက်နှာတွင် ပေါ်ပေါ်ထင်  ထင် ကြော်ငြာရောင်းချမှုများရှိနေပြီဖြစ်သည်။

သင်္ကြန်ကာလတွင် မူးယစ် ဆိုးကျိုးကြောင့် သားကောင်ဘ၀ ရောက်ရသော မိန်းကလေးငယ် များ၏ ရင်နင့်ဖွယ် အဖြစ်ဆိုးများ မရိုးအောင်ရှိနေသည်။ Simmons Gallery Showroom Supervisor ဒေါ်မေရီက သင်္ကြန် ကာလအတွင်း အရွယ်ရောက်ပြီး မိန်းကလေးငယ်အချို့၏ စိတ် လွတ်ကိုယ်လွတ် နေထိုင်သွားလာ မှုများက သမီးရှင်တစ်ယောက်အ နေဖြင့် စိုးရိမ်မကင်းဖြစ်ရကြောင်း ပြောသည်။

 ‘‘သင်္ကြန်တွင်းမှာ မိန်းက လေးတွေ စိတ်လွတ်ကိုယ်လွတ် ဖြစ်နေတာတွေ တွေ့ရတယ်။ ကားတွေပေါ်မှာ ယောကျာ်းလေး တွေထဲ မိန်းကလေးတွေက သရုပ် ပျက်နေတာမျိုးတွေ ပုံမှန်မဟုတ် တဲ့ အဖြစ်မျိုးတွေပေါ့။ အရွယ်မ ရောက်သေးဘဲ အညွန့်ချိုးခံရတာ မျိုးတွေမဖြစ်အောင် ကာယကံရှင် ကိုယ်တိုင်ကရော တာဝန်ရှိသူတွေ ရော လူ့အဖွဲ့အစည်းကပါ ၀ိုင်း ထိန်းကျောင်းပေးဖို့ လိုတယ်’’

 အသက် (၁၄)နှစ်အရွယ် သမီးဖြစ်သူကတော ယခုနှစ် သင်္ကြန်တွင် သီလရှင်ဝတ်ကာ တရားစခန်းဝင်မည်ဖြစ်၍ စိတ် အေးနေရသည်ဟု ဒေါ်မေရီက ဆိုသည်။

အစိုးရသစ်လက်ထက်တွင် ယခင်နှစ်များထက် မဏ္ဍပ်အရေ အတွက် နည်းသွား၍ ရဲတပ်ဖွဲ့၏ သင်္ကြန်တွင်း မူးယစ်ဆေးဝါးထိန်း ချုပ်တားဆီးရေး စွမ်းဆောင်နိုင်မှု အပေါ် ယခင်နှစ် သင်္ကြန်ပွဲတော် ရလဒ်များနှင့် နှိုင်းယှဉ်စောင့်ကြည့် ရမည်ဖြစ်သည်။ အုပ်ချုပ်ရေး တာဝန်များကို ဒီချုပ်အစိုးရ တာ ၀န်ယူသည့် ၂၀၁၆ မှစ၍ မြို့ ကြီးများရှိ နာမည်ကြီး မဏ္ဍပ်များ အပြင် ဒေသအနှံ့မှ သင်္ကြန်မဏ္ဍပ် အတော်များများကို တည်ဆောက် ခွင့် ပိတ်သိမ်းခဲ့သည်။ ၂၀၁၇ ရန်ကုန်သင်္ကြန်တွင်လည်း အများ ပြည်သူနှင့်သက်ဆိုင်သည့် နေရာ များ၌ စီးပွားဖြစ် ရေကစားမဏ္ဍပ် များ ဆောက်လုပ်ခွင့်ပြုမည်မ ဟုတ်ဘဲ အများပြည်သူနှင့်မသက် ဆိုင်သည့် ကိုယ်ပိုင်ခြံဝင်းများတွင် သီးသန့်ပြုလုပ်မည့်သူများအတွက် စီးပွားဖြစ်မဏ္ဍပ်များ ဆောက်လုပ် ခွင့်ပြုမည်ဖြစ်ကြောင်း ရန်ကုန် တိုင်း အစိုးရအဖွဲ့က ကြေညာ ထားသည်။ ထို့အပြင် မဏ္ဍပ်ကြီး အချို့တွင် တည်ဆောက်ထား တတ်သော အလုံပိတ်အခန်းများ အရေး ထိထိရောက်ရောက် အ ရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

 ရဲတပ်ဖွဲ့ဝင်များ အဓိက ကြုံ တွေ့နေသော အခက်အခဲမှာ တပ် ဖွဲ့ဝင်အင်အား အလွန်နည်းပါးနေ ခြင်းဖြစ်သည်။ လုံခြုံရေးရဲတပ်ဖွဲ့ ၀င်အင်အား အလွန်နည်းပါးနေ သကဲ့သို့ မူးယစ်ဆေးဝါးတိုက်ဖျက် ရေးကို တာဝန်ယူရသည့် ရဲတပ်ဖွဲ့ ၀င်အင်အားမှာ နောက်ဆုံးရရှိ သော စာရင်းများအရ တစ်နိုင်ငံ လုံးတွင် အင်အား ၁,၃၀၀ ခန့်သာ ရှိနေသည်။ ယင်းတို့အထဲမှ ၈၀၀ ခန့်သည် တိုက်ဖျက်ရေးတာဝန် ထမ်းဆောင်နေပြီး ၅၀၀ ခန့်မှာ ရုံး လုပ်ငန်းများ ဆောင်ရွက်နေရ ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။ လူဦးရေ အထူထပ်ဆုံးနှင့် မှုခင်းဖြစ်စဉ်အ များဆုံး ရန်ကုန်မြို့တွင် အများ ပြည်သူနှင့် သက်ဆိုင်သော နေရာ များ၌ စီးပွားဖြစ် ရေကစားမဏ္ဍပ် များ ဆောက်လုပ်ခွင့်ပြုမည်မ ဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ သတင်းထုတ်ပြန် မှုအပေါ် ရဲတပ်ဖွဲ့ဝင်များက ကြို ဆိုသည်။ သို့သော် အန္တရာယ်ကြီး မားသော မူးယစ်ဆေးဝါးမှုများကို ရဲတပ်ဖွဲ့အနေဖြင့် အမှန်တကယ် ဖမ်းဆီးအရေးယူရန် လိုအပ်နေ သည်။ သင်္ကြန်အတွင်း မူးယစ် ဆေးဝါးအန္တရာယ်ကြီးမားကြောင်း မူးယစ်ဆေးကျော့ကွင်း ကိုယ်တိုင် မိခဲ့သူများအပြင် နယ်ပယ်အသီး သီးက အသိပေးထားသော်လည်း ၂၀၁၆ သင်္ကြန်အတွင်း အမှုမျိုးစုံ ၉၆၇ မှုကို အရေးယူခဲ့ရာ မူးယစ် ဆေးဝါးမှု မပါဝင်ပေ။ ရဲတပ်ဖွဲ့ ၏ တရားဝင် သတင်းထုတ်ပြန်မှုတွင် လူသတ်မှု၊ လုယက်မှု၊ မုဒိမ်း မှု၊ ခိုးမှု၊ ယာဉ်တိုက်မှု၊ နာကျင်စေ မှု၊ လက်နက်မှု၊ ယစ်မျိုးဖမ်းဆီးမှု၊ ခါးပိုက်နှိုက် မသင်္ကာမှု၊ သေမှုသေ ခင်းများ စသည့် အမှုမျိုးစုံ ၉၆၇ မှု ဖြစ်ပွားကာ သေဆုံးသူ ၂၇၂ ဦး နှင့် ဒဏ်ရာရသူ ၁,၀၈၆ ဦး ရှိခဲ့ ကြောင်း ဖော်ပြထားရာ မူးယစ် ဆေးဝါး ဖမ်းဆီးမှုတစ်မှုမှ မပါဝင် ခဲ့ပေ။

ယခုနှစ်တွင် ရဲတပ်ဖွဲ့က သင်္ကြန်ပွဲတော်ကာလ မူးယစ်ဆေး ၀ါး ထိန်းချုပ်နိုင်ရေးအပါအ၀င် မှုခင်းများ လျော့နည်းစေရေးအ တွက် ကြိုတင်ကာကွယ်မှုစီမံချက် ကို မြန်မာနိုင်ငံအနှံ့တွင် မတ်လ အတွင်း ဆောင်ရွက်ခဲ့သည်။ယင်း စီမံချက်တွင် မူးယစ်ဆေးဝါးမှု ၃၄၅ မှုအပါအ၀င် အမှုမျိုးစုံ ၉၀၀ ကျော် ဖမ်းဆီးအရေးယူနိုင်ခဲ့ ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးတင် ၀င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ၀န် ကြီးချုပ်ဦးဖြိုးမင်းသိန်းက ၂၀၁၇ ရန်ကုန်မဟာသင်္ကြန်ပွဲတော်တွင် အများပြည်သူပျော်ရွှင်စွာ ရေ ကစားနိုင်ရန် လုံခြုံရေးကို ကောင်း မွန်စွာ ဆောင်ရွက်ပေးမည်ဖြစ်ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့က စနစ် တကျ ကွပ်ကဲမည်ဖြစ်၍ စိတ်မပူ ရန် ပြောကြားထားသည်။ လူ တစ်ဦးချင်း လုံခြုံရေးကို ကန့်လန့် ကာနောက်ကွယ်မှ ခြိမ်းခြောက်နေ သော သင်္ကြန်မဏ္ဍပ်များအပေါ် ပုံစံမျိုးစုံဖြင့် စိမ့်ဝင်နေမည့် မူးယစ် ဆေးအန္တရာယ်ကိုလည်း အစိုးရ နှင့် ရဲတပ်ဖွဲ့၏ တာဝန်ယူမှုဖြင့် ဖြေရှင်းပေးစေလိုကြောင်း သင်္ကြန် ပွဲတော်ကို သောကကင်းကင်းဖြင့် ပျော်ရွှင်စွာ ဖြတ်သန်းလိုသူများက မျှော်လင့်နေသည်။

( 7Day News )

No comments:

Post a Comment