Latest News

Tuesday, April 4, 2017

သေကြောင်းကြံစည်နေတဲ့ အိမ်အကူကို ဗီဒီယိုရိုက်ထားတဲ့ ကူဝိတ်အမျိုးသမီး အဖမ်းခံရ

သေကြောင်းကြံစည်နေတဲ့ အိမ်အကူကို ဗီဒီယိုရိုက်ထားတဲ့ ကူဝိတ်အမျိုးသမီး အဖမ်းခံရ

ဗီဒီယိုမှာ အိမ်အကူအမျိုးသမီးက အဆောက်အအုံအပြင်မှာ တွဲလောင်းဖြစ်နေပြီး သူ့ကို ကယ်ပေးဖို့ အကူအညီတောင်းနေတာတွေ့ရတယ်။
မတ် ၃၁ – ကိုယ့်ကိုယ်ကို အဆုံးစီရင်တယ်လို့ယူဆရတဲ့ အီသီယိုးပီးယားအိမ်အကူတစ်ဦး အထပ်မြင့် ခုနစ်လွှာကနေခုန်ချ သွားတာကို  ကယ်ဖို့မကြိုးစားခဲ့ဘဲ ဗီဒီယိုမှတ်တမ်းရိုက်ယူထားတဲ့  အိမ်ရှင်အမျိုးသမီးကို  ကူဝိတ်ရဲတပ်ဖွဲ့ ကဖမ်းဆီးထားတယ်လို့ သိရပါတယ်။
အိမ်ရှင်အမျိုးသမီးက အောက်ထပ်နေကာအမိုးပေါ်မှာတင်ပြီး အသက်ရှင်ခဲ့တာကိုလည်း ရိုက်ကူးထားခဲ့ပြီးမှ လူမှုမီဒီယာမှာ ပို့စ်တင်ခဲ့တာဖြစ်ပါတယ်။
၁၂စက္ကန့်စာ ဗီဒီယိုမှာအိမ်အကူအမျိုးသမီးက အဆောက်အအုံ အပြင်မှာ တွဲလောင်းဖြစ်နေပြီး လက်တစ်ဖက်ကာ ပြတင်းပေါက် ဘောင်ကို တင်းတင်းဆုပ်ထား ကာစိတ်ပြောင်းသွားဟန်နဲ့ သူ့ကို ကယ်ပေးဖို့ အကူအညီတောင်းနေ တာတွေ့ရတယ်။
‘ရူးနေလား၊ ပြန်လာခဲ့လေလို့ ကင်မရာကိုင်ထားတဲ့ အမျိုးသမီး ကပြောနေတာ ကြားရသလို ကြောက်လန့်နေတဲ့ အိမ်အကူကလည်း ကုပ်တွယ်ထားတဲ့  သူ့လက်လွတ်ပြီးပြုတ်မကျမီ အကူအညီ တောင်းနေတာကိုတွေ့ရပါတယ်။
အဲသည်အချိန်မှာ  အလုပ်ရှင်ကဘာမှမတုံ့ပြန်ဘဲ ဗီဒီယိုဆက်ရိုက်နေ ခဲ့ပါတယ်။
နောက်ကျမှဆေးအကူအဖွဲ့က သူ့ကိုကယ်ခဲ့ပြီးဆေးရုံကို  အမြန်ပို့ဆောင်ခဲ့ကြပါတယ်။ သူဟာ နားနဲ့နှာခေါင်းမှာသွေးယိုခဲ့ပြီး လက်တစ်ဖက်ကျိုးခဲ့တယ်လို့ သိရပါတယ်။
ပြစ်မှုဆိုင်ရာ ရဲတပ်ဖွဲ့ကတော့ သည်အမျိုးသမီးကိုမကူညီခဲ့တဲ့အလုပ် ရှင်ကိုတရားစွဲဆိုဖို့ အမှုလွှဲပြောင်းပေးထားပြီလို့သိရပါတယ်။
ဘာကြောင့်အခုလို  အဆုံးစီရင်ရတာလဲဆိုတာကိုတော့ မဖော်ပြခဲ့ပါဘူး။ ကူဝိတ်လူ့အခွင့်အရေးအသင်းကတော့ သည်အမှု ကို စုံစမ်းစစ်ဆေးပြီး  တရားရုံးကိုလွှဲပြောင်းပေးဖို့သောကြာနေ့မှာ အာဏာပိုင်တွေကို တိုက်တွန်းခဲ့ ပါတယ်။
သည်နိုင်ငံမှာ အိမ်အကူလုပ်သားတွေ ၆၀ဝ,ဝ၀ဝ ကျော်ရှိပြီး   အများစုကအာရှလူမျိုးတွေဖြစ်ပါတယ်။ အတော်များများဟာ အနိုင်ကျင့်ခံရတာ၊ နှိပ်စက်ညှဉ်းပန်းခံရတာနဲ့ လစာမရတာတွေ ကြုံနေရပါတယ်။
အနိုင်ကျင့်ခံရမှုကြောင့် နှစ်စဉ်အလုပ်ကနေထွက်ပြေးကြတဲ့ အိမ်အကူရာပေါင်းများစွာရှိနေပြီး အစိုးရကသူတို့ကိုထိန်း သိမ်းစောင့်ရှောက်ထားရပါတယ်။ တချို့ ကတော့ ကိုယ့်နိုင်ငံရဲ့ သံရုံးတွေမှာ အကူအညီတောင်းကြပါတယ်။

YSD

[ref: AFP, Mar 31, 2017.]

Kumudra

No comments:

Post a Comment