Latest News

Friday, April 21, 2017

တတိယကမ္ဘာစစ်ဖြစ်ဖို့ ရက်သတ္တပတ်သာလိုကြောင်း အကြားမြင်ပညာရှင်ဟောကိန်းထုတ်

တတိယကမ္ဘာစစ်ဖြစ်ဖို့ ရက်သတ္တပတ်သာလိုကြောင်း အကြားမြင်ပညာရှင်ဟောကိန်းထုတ်

ဘုရားသခင်ရဲ့အသံတော်-ဟု တင်စားခြင်းခံခဲ့ရသည့် Horacio Villegas လို့ အမည်ရတဲ့ ကမ္ဘာကျော်  အကြားမြင်
ဆရာကြီးဟာ ကမ္ဘာကြီးရဲ့နိဂုံးဟာ မကြာမီရက်သတ္တပတ်အတွင်း ကျရောက်လာတော့မှာဖြစ်ကြောင်း ဟောခဲ့ပါတယ်။ Haracio ဟာ ဘီလျှံနာထရမ့်ကို 2015 ခုနှစ်နောက်ပိုင်းမှာ အမေရိကန်သမ္မတအဖြစ် အရွေးခံရလိမ့်မယ်လို့ တပ်အပ်ဟောခဲ့သူဖြစ်တယ်လို့လည်း Daily Star သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် Haracio ဟာ ထရမ့်သာ သမ္မတဖြစ်လာပါက နြူကလီးယားလက်နက်တွေ ပါဝင်တဲ့ တတိယကမ္ဘာစစ်ကြီး ဖြစ်
ဖို့ ဧကန်သေချာကြောင်း၊ မယ်တော်မေရီရဲ့ နှစ် 100 မြောက် ဒေသစာရီလှည့်လည်ခြင်းနေ့ထက် အရင်စောပြီး တတိ ယကမ္ဘာစစ် ဖြစ်ပွားမှာဖြစ်ကြောင်း ဟောခဲ့ပါတယ်။

Haracio က ထရမ့်ဟာ ကမ္ဘာကြီးကို စစ်ပွဲတွေယူဆောင်လာသူ ဖြစ်ကြောင်း ဟောပြောခဲ့ပြီး၊ ထရမ့်ကလည်း မကြာသေးခင်ကမှာ ဆီးရီးယားကို ရန်စတိုက်ခိုက်ခဲ့သလို၊ မကြာမီမှာပဲ မြောက်ကိုရီးယားကို တိုက်ခိုက်ဖို့ စစ်ပြင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် မြောက်ကို တိုက်ခိုက်လာပါက ရုရှက အသင့်ကူညီဖို့အတွက် မြောက်ကိုရီယားနယ်စပ်မှာ စစ်သားတွေ စေလွှတ်ထားပြီ ဖြစ်တယ်လို့ သိရပါတယ်။

Haracio ဟာ ဆီးရီးယားကို ထရမ့်က တိုက်ခိုက်လိမ့်မည်ဖြစ်ကြောင်း တိုက်ခိုက်မှုမတိုင်ခင် ရက်ပိုင်းကတည်းက သတိပေးခဲ့သူလို့ သိရပြီး၊ တတိယကမ္ဘာစစ်ဖြစ်ပါက ရုရှ၊ မြောက်ကိုရီယား၊ တရုတ်တို့ဟာ စစ်ပွဲမှာ မဟာမိတ်နိုင်ငံများ အဖြစ် အစဉ်လာမပြတ် ရပ်တည်ဖို့ရှိတယ်လို့လည်း ဟောကိန်းထုတ်လိုက်ပါတယ်။

မယ်တော်မေရီလှည့်လည်ပွဲဟာ ပေါ်တူဂီနိုင်ငံမှာ 1917 ခုနှစ် မေလ 13 ရက်နေ့မှာ စတင်ခဲ့ပြီး ယခုနှစ် မေလ 13 ရက်နေ့မှာ နှစ် 100 မြောက်မှာဖြစ်ပါတယ်။ ဒါကြောင့် Haracio ရဲ့ ဟောစာတမ်းဟာ အမှန်တကယ် မမှန်ပါစေနဲ့လို့ သာ ဆုတောင်းနေရဖို့ရှိပြီး၊ တတိယကမ္ဘာစစ်ကြီးဖြစ်ပါက ကမ္ဘာကြီးဟာ နေ့ချင်းညချင်း ငရဲကျသလို ဖြစ်သွားဖို့ ရှိနေပါတယ်။

ယခုဆို မယ်တော်မာရီ လှည့်လည်ပွဲဟာ သုံပတ်နီးပါးသာ လိုတော့ပြီး၊ စစ်ပွဲကတော့ ယင်းလှည့်လည်ပွဲနေ့မှာပဲ အဆုံးသတ်လိမ့်မယ်လို့ Haracio က ဆိုပါတယ်။ Haracio က Daily Star သတင်းစာနဲ့ တွေ့ဆုံစဉ် ” အရေးကြီး ဆုံး မှာချင်တာကတော့ မေလ 13 ရက်နေ့မတိုင်ခင်မှာ ကမ္ဘာသူကမ္ဘာသားတွေ ကိုယ့်ကိုယ်ကို ကာကွယ်ထားကြဖို့ပါ … သမိုင်းမှာ မကြုံဖူးတာတွေ၊ မမြင်ဖူးတဲ့ အနိဋ္ဌာရုံမြင်ကွင်းတွေ မြင်ရဖို့ရှိပါတယ် “လို့ ပြောခဲ့ပါတယ်။

နတ်စည်တော် (Shwemom)



   

No comments:

Post a Comment