ဒေါ်အောင်ဆန်းစုကြည် ဥရောပ သုံးနိုင်ငံမသွားခင် ဖိလစ်ပိုင်သွားမည်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ပြုလုပ်မည့် အာဆီယံထိပ်သီး အစည်းအဝေးနှင့်အာဆီယံဆပ်စပ် အစည်းအဝေးများတက်ရောက်ရန် ဧပြီ၂၈ရက်တွင် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ဧပြီ ၂၈ရက်နှင့် ၂၉ရက် နှစ်ရက်ကြာ နေထိုင်သွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆက်ပြောသည်။
ဖိလစ်ပိုင် နိုင်ငံမှ ပြန်ရောက်ပါက ဧပြီ လကုန်ပိုင်းတွင် ဥရောပ သုံးနိုင်ငံသို့ ချစ်ကြည်ရေး အလည်အပတ်ခရီးစဉ် သွားရောက်မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောသည်။
“ပြန်လာတာနဲ့ အီတလီ၊အင်္ဂလန်နှင့်ဘယ်ဂျီယံ ဥရောပ သုံးနိုင်ငံကို ခရီးထွက်မယ်။ပြင်သစ်က transit ပဲရှိမယ်။ ပြင်သစ်မပါဘူး။ အဲဒီကကနေ ပြန်လာရင် တရုတ်ကို ဆက်သွားမယ်”ဟု ဦးဇော်ဌေးက ပြောသည်။
သတင်းထောက် - ငြိမ်းချမ်း (7Day News)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment