Latest News

Tuesday, April 4, 2017

အကျင့်ပျက်ခြစားသည်ဟု စွပ်စွဲခံနေရသော ပြည်ထဲရေးဝန်ကြီးကို ဖိလစ်ပိုင်သမ္မတ ရာထူးမှဖယ်ရှား

အကျင့်ပျက်ခြစားသည်ဟု စွပ်စွဲခံနေရသော ပြည်ထဲရေးဝန်ကြီးကို ဖိလစ်ပိုင်သမ္မတ ရာထူးမှဖယ်ရှား

မနီလာ ဧပြီ ၄။   ။ဖိလစ်ပိုင်သမ္မတဒူတာတေးသည် အကျင့်ပျက်ခြစားမှုဆိုင်ရာပြဿနာများအတွက် ပထမဆုံး အကြီးတန်းအစိုးရ အရာရှိတစ်ဦးကို ဖယ်ရှားသည့်အနေဖြင့် ပြည်ထဲရေးဝန်ကြီးကို ယုံကြည်မှုနှင့် စိတ်ချရမှုဆုံးရှုံးသည်ဟု ဆိုကာ ရာထူးမှ ဖယ်ရှားခဲ့သော ဝန်ကြီးအဖွဲ့အရာရှိနှစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

သမ္မတသက်တမ်း ၁၀ လသာရှိသေးသည့် ဒူတာတေးသည် တိုင်းပြည်ဖွံ့ဖြိုးစေရန် မူးယစ်ဆေးဝါး၊ ရာဇဝတ်မှုနှင့် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို လုပ်ဆောင်ခဲ့ရသည်။ ၄င်းသည် ဒါဇင်နှင့်ချီသော ဌာနဆိုင်ရာဝန်ထမ်းများ၊ အကြီးတန်းလူဝင်မှု ကြီးကြပ်ရေးအရာရှိနှစ်ဦးနှင့် မဲဆွယ်စည်းရုံးရေးပြောဆိုဆိုခွင့်ရှိသူဟောင်းတို့ကို အကျင့်ပျက်ခြစားမှု ပြဿနာများကြောင့် ရာထူးမှဖယ်ရှားခဲ့သည်။ သမ္မတရုံးပြောခွင့်ရ အန်နက်စ်တို အဘယ်လာက "သမ္မတဒူတာတေးဟာ ပြည်ထဲရေးနှင့် ဒေသဆိုင်ရာ အစိုးရလက်ထောက် မစ္စတာ အစ္စမယ် ဆူနိုကို ယုံကြည်မှုနှင့် စိတ်ချရမှုဆုံးရှုံးတယ်လို့ဆိုပြီး အလုပ်ထုတ်ခဲ့ပါတယ်" ဟု ပြောကြားခဲ့သည်။ ယင်းကြေညာချက်ကို တနင်္လာညတွင် ပြုလုပ်ခဲ့သည့် ဝန်ကြီးအဖွဲ့အစည်းအဝေးအဆုံးသတ်တွင် ကြေညာခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။ ပြောရေးဆိုခွင့်ရှိသူက "အဲဒီလက်ထောက်ဟာ သမ္မတနေရာ အတွက် ရွေးကောက်ပွဲဝင်မယ့်သူဖြစ်ပါတယ်၊ ဒါပေမယ့် အကျင့်ပျက်ခြစားမှုလိုမျိုး ကိစ္စရက်တွေကို ဆောင်ရွက်ပြီးတော့ ယုံကြည်ရတဲ့အစိုးရကို သစ္စာဖောက်ဖို့လုပ်တာက သမ္မတဖြစ်ရေးအတွက် အဟန့်အတား မဖြစ်စေပါဘူး" ဟု ပြောဆိုခဲ့သည်။
Ref:Reuters
Democracy Today

No comments:

Post a Comment