Friday, April 21, 2017
လိမ်လည်ခေါ်ဆောင်ကာ တစ်လခန့် သားမယားပြုကျင့်သူကို အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်
မိန်းကလေးငယ်များကို အခကြေးငွေယူပြီး ထိုင်းနိုင်ငံသို့ ပို့ပေးမည်ဟု လိမ်ခေါ်ပြီး တစ်လခန့် သားမယားပြုကျင့် ခဲ့ကြောင်း စွပ်စွဲချက်ဖြင့် အမှုရင်ဆိုင်နေရသူဖြစ်သည့် မွန်ပြည်နယ် ပေါင်မြို့နယ် ထန်းပင်ချောင်ကြီးကျေးရွာမှ ဦးငယ် နှင့် ဒေါ်စန်းနုတို့၏သား မင်ဦး ၂၂ နှစ်အား ပေါင်မြို့နယ် တရားရုံး ရာဇ၀တ်ကြီးမှု အမှတ် ၂၈၈/၂၀၁၆ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၆၃ အရအလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇နှစ်ကျခံစေရန် မြို့နယ်တရားသူကြီးဒေါ်ဝင်းမာခင် မှ ထိရောက်ဟန့် တားလောက်သော အမြင့်ဆုံးပြစ်ဒဏ်များကို ၂၀၊၄၊၂၀၁၇ ရက်နေ့က အမိန့်ချမှတ်ခဲ့သည်။
မင်းဦးသည် မြ၀တီ၊ ထန်းပင်ချောင်လိုင်းကားမောင်းနေသူဖြစ်ပြီး ၎င်း၏မိခင်ဒေါ်စန်းနုက ငွေ ၈သိန်းကျပ်ယူကာ အလုပ်ရှာပေးမည်ဟု ပြောဆို ချိတ်ဆက်ပေးသည့် အသက်၁၆နှစ်အရွယ် ထန်းပင်ချောင်ရွာမှ မ×××အား မိမိကားဖြင့် တင်ခေါ်သွားပြီးနောက် မဲဆောက်မြို့ရှိ ၎င်းတို့ငှားရမ်းထားသော ကားဂိတ်တိုက်ခန်းတွင် ညဘက်အချိန် သားမယားပြုကျင့်ကာ နေရာအချို့သို့တစ်လခန့်ခေါ်ထားခဲ့စဉ် မိန်းကလေး၏အဖွားဖြစ်သူက အမှုတိုင်တန်းခဲ့သောကြောင့် တစ်နှစ်ကျော်ကြာ အမှုရင်ဆိုင်ခဲ့ပြီး ယခုကဲ့သို့ပြစ်ဒဏ်များ ချမှတ်ခံရခြင်းဖြစ်သည်။
၎င်း၏အကိုဖြစ်သူ ရန်အောင်မှာလည်း အလားတူပြစ်မှုဖြင့်လည်းကောင်း မိခင်ဒေါ်စန်းနုမှာ ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဥပဒေပုဒ်မ၂၆ အရလည်းကောင်း သားဖြစ်သူပြစ်မှုကျုးလွန်စဉ်ပါဝင်ကူညီခဲ့သဖြင့်လည်းကောင်း ထောင်ဒဏ်များ ကျခံနေရဆဲဖြစ်သည်။
Paung Daily
https://www.facebook.com/paungdaily/
လိမ်လည်ခေါ်ဆောင်ကာ တစ်လခန့် သားမယားပြုကျင့်သူကို အမြင့်ဆုံး ပြစ်ဒဏ်ချမှတ်
Reviewed by timeayeyar
on
5:26 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment