Latest News

Tuesday, April 25, 2017

ကောလင်းမြို့နယ်တွင်ရွှေကြောတွေ့ရှိ၊ တူးဖော်မှုကို ပိတ်ပင်တားမြစ်ထား

ကောလင်းမြို့နယ်တွင်ရွှေကြောတွေ့ရှိ၊ တူးဖော်မှုကို ပိတ်ပင်တားမြစ်ထား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် လာကာကျေးရွာအုပ်စု၊ လာကာကျေးရွာအနီး ဘိုးမင်း တောင်မှာရွှေကြောတွေ့ရှိပြီး တူးဖော်မှုတွေကို သက်ဆိုင်ရာက တားမြစ်ပိတ်ပင်ထားတယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။

ဧပြီ ၂၃ ရက်က လာကာကျေးရွာ ဒေသခံတဦးက ရွှေပါရှိတဲ့ ကျောက်တုံးကို တွေ့ရှိပြီး ဆက်လက် တူးဖော်ရာကနေ ကျောက်ရွှေကြောဖြစ်နေကြောင်းတွေ့ရှိခဲ့တာပါ။

အဆိုပါ ရွှေကြောကို  ဒေသခံ ၃၀၀ ကျော်လောက်က လာရောက်  အလှည့်ကျ တူးဖော်ခဲ့ကြပြီး မလိုလားအပ်တဲ့ အန္တရာယ်တွေ ဖြစ်ပေါ်လာနိုင်တာကြောင့် တူးဖော်မှုအား သက်ဆိုင်ရာ အဖွဲ့အစည်းတွေက  တားမြစ်ထားတယ်လို့ဆိုပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် အောင်ခလိန်ကျေးရွာမှာလည်း ရွှေထွက်ရှိခဲ့တဲ့ အတွက် ရွှေတူးဖော်နေတဲ့ ဒေသခံရွာသားတဦး မတ်လ ၁၈ ရက်က သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးခဲ့ပြီးနောက်ပိုင်း အဲဒီနေရာမှာ လာရောက် ရွှေမတူးကြဖို့ အစိုးရက ပိတ်ပင်တားမြစ် ထားပါတယ်။  ဒီဗွီဘီ

No comments:

Post a Comment