Latest News

Wednesday, April 5, 2017

မြန်မာပြည်အတွက် ဂုဏ်ယူစရာဖြစ်အောင်လုပ်မှာပါဆိုတဲ့ အောင်လအန်ဆန်ရဲ့ မြစ်ကြီးနားခရီးစဉ်

မြန်မာပြည်အတွက် ဂုဏ်ယူစရာဖြစ်အောင်လုပ်မှာပါဆိုတဲ့ အောင်လအန်ဆန်ရဲ့ မြစ်ကြီးနားခရီးစဉ်

အောင်လအန်ဆန်က ပြီးခဲ့တဲ့ရက်ပိုင်းက သူ့ဇာတိ မြစ်ကြီးနားကို ၁၄ နှစ်ကြာခဲ့အပြီး ပထမဆုံးအကြိမ် ပြန်သွားခဲ့ပါတယ်။

"ကျွန်တော့အဖေက ကိုယ့်ရဲ့ လာရာဇာတိကို မမေ့ရဘူးလို့ ပြောခဲ့တယ်။ ကျွန်တော့ကိုမွေးခဲ့တဲ့မြစ်ကြီးနားကအိမ်ကို ၁၄ နှစ်ကြာမှ ကျွန်တော်ပြန်ရောက်ခဲ့တာပါ။ စိတ်လှုပ်ရှားတဲ့ခံစားမှုအတွေ့အကြုံကို ရခဲ့ပါတယ်။ အိမ်ကို ပြန်လာရတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ပြီးတော့ နွေးထွေးမှု၊ ချစ်ခင်ဂရုစိုက်မှု ၊ ကြင်နာမှုတွေကို မိသားစုတွေ၊ သူငယ်ချင်းတွေ၊ ကျွန်တော့ပရိသတ်တွေဆီကနေ ရရှိခဲ့ပါတယ်။ ဒီခရီးကတော့ ရှေ့ဆက်လျှောက်လှမ်းနိုင်အောင် အထောက်အပံ့ဖြစ်စေတာပါပဲ" လို့ သူက ဒီနေ့ လူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။

သူက စစ်ရှောင်စခန်းတွေသွားပြီးစစ်ရှောင်ဒုက္ခသည်တွေကို တွေ့ဆုံခဲ့ပါသေးတယ်။

"ရောက်တုန်း IDP စခန်းတွေ ရောက်ခဲ့ပါတယ်။ စခန်းတွေမှာ ရှိတဲ့လူတွေက နေထိုင်အသက်ရှင်ရေးနဲ့အစားအသောက်အတွက် ခက်ခဲတာ တွေ့နေရပါတယ်။ သူတို့နဲ့တွေ့ဆုံစကားပြောခဲ့ပါတယ်။ ဒီလောက်ဒုက္ခတွေကြုံတာတောင်မှ သူတို့ပြုံးနေနိုင်သေးတာဟာ ကျွန်တော့်အတွက် သင်ယူစရာပါပဲ" လို့ သူက ဆိုပါတယ်။

မြစ်ကြီးနားမှာ ရက်အနည်းငယ်ကြာပြီးနောက် သူပြန်ခဲ့ပါပြီ။

"အခုတော့ ကျွန်တော် ထရိန်နင်ကမ့်ကိုပြန်နေပါပြီ။ ကျွန်တော် လသိပ်မကြာခင်မှာ ပြန်ကစားဖို့ စောင့်တောင်မစောင့်နိုင်တော့ပါဘူး။ မြန်မာပြည်အတွက် ဂုဏ်ယူနိုင်အောင် လုပ်မှာပါ" လို့ သူက ဆိုပါတယ်။ မဇ္ဈိမ

       


No comments:

Post a Comment