မန္တလေးသင်္ကြန်ပွဲတော်တွင် မြို့မအသင်းကြီးနှင့်အတူ အဆိုတော် ဒေါ်မာမာအေး ကိုယ်တိုင်ပါဝင်၍ မြို့တွင်း၌ လှည့်လည် ဖျော်ဖြေမည်
၅.၄.၂၀၁၇
မန္တလေးသင်္ကြန်ပွဲတော်ကာလတွင် မြို့မအပျော်တမ်းတူရိယာအသင်းကြီးနှင့်အတူ အဆိုတော်ဒေါ်မာမာအေးတို့ က မန္တလေးမြို့တော်အတွင်းရှိ မြို့နယ်များ၊ ရပ်ကွက်များနှင့် မဏ္ဍပ်များတွင် လှည့်လည်ဖျော်ဖြေပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
"ကျွန်တော်တို့ မြို့မအသင်းကြီးက ၂၀၁၇ ခုနှစ် မန္တလေးသင်္ကြန်ပွဲတော်ကာလအတွင်းမှာ အသင်းကရေးစပ် ထားတဲ့ သင်္ကြန်သီချင်း(၁၂)ပုဒ်ကို မန္တလေးသင်္ကြန်မှာ ဖျော်ဖြေသွားမှာဖြစ်ပါတယ်။ နောက်ပြီး မြို့မအသင်းက ပြည်သူတွေအကြိုက်များတဲ့ တေးသီချင်းတွေကိုလည်း ဖျော်ဖြေသွားမှာပါ။"ဟု မြို့မအသင်းဥက္ကဌ ဒေါက်တာ လှခိုင်က ပြောသည်။
လက်ရှိသင်္ကြန်သီချင်းသစ်(၁၂)ပုဒ်ကို မြို့မအပျော်တမ်းတူရိယာအသင်းကြီး၏ တေးရေးဆရာများဖြစ်သည့် မြို့မကိုပေါ၊ ဦးရွှန်းမြိုင်၊ ဦးရဲထွေး၊ ဦးမောင်စိန်၊ ဦးသန်းမောင်ဝင်း၊ ဦးတင်၊ မြဒါလီတို့က ရေးစပ်ပေးထားခြင်းဖြစ် ပြီး မန္တလေးသင်္ကြန်တွင်ဖျော်ဖြေခဲ့သည့်သက်တမ်းမှာ (၂၂)နှစ်အထိရှိပြီဖြစ်ကြောင်း သိရသည်။
"မြို့မတေးဂီတရယ်၊ မန္တလေးသင်္ကြန်ရယ်ဆိုတာက ဘယ်လိုမှ ခွဲခြားလို့မရပါဘူး။ မြို့မတေးဂီတအသင်းကြီးဆို တာက ကျွန်တော်တို့ငယ်ငယ်လေးကတည်းကသိရှိခဲ့တဲ့ အသင်းကြီးပါ။ ဘယ်အစိုးရမင်းတွေပဲတက်တက်၊ ပြောင်းပြောင်း မြို့မအသင်းကြီးကတော့ ဘယ်တော့မှပြောင်းလဲတာမရှိပါဘူး။ ဒါမှဂီတသူရဲကောင်းဖြစ်ပါတယ်"ဟု မန္တလေးမြို့ရှိမြို့ခံစာရေးဆရာတစ်ဦးကပြောသည်။
၂၀၁၇ ခုနှစ် မြို့မအလှပြယာဉ်ကို သစ်သားချည်းမဟုတ်ဘဲ သံဖရိန်တွင် သစ်သားကပ်၍ မြို့မငွေငန်းရုပ် ပြု လုပ်သွားမည်ဖြစ်ပြီး (၂၀)ဝပ်မီးသီးများ အသုံးပြုတပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
အတိတ်၏ မန္တလေးသင်္ကြန်ပုံရိပ်ကို ပြန်လည်ဖော်ထုတ်သည့်အနေဖြင့် မန္တလေးမြို့တော်မဟာသင်္ကြန် ဗဟို မဏ္ဍပ်နှင့် မြို့မအလှပြယာဉ်တို့မှသင်္ကြန်သီချင်းများကို တစ်နာရီခန့်ကြာသည်အထိ အပြန်အလှန်သီဆိုရင်း သင်္ကြန်ပွဲတော်ကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
Yadanabon News
Wednesday, April 5, 2017
မန္တလေးသင်္ကြန်ပွဲတော်တွင် မြို့မအသင်းကြီးနှင့်အတူ အဆိုတော် ဒေါ်မာမာအေး ကိုယ်တိုင်ပါဝင်၍ မြို့တွင်း၌ လှည့်လည် ဖျော်ဖြေမည်
မန္တလေးသင်္ကြန်ပွဲတော်တွင် မြို့မအသင်းကြီးနှင့်အတူ အဆိုတော် ဒေါ်မာမာအေး ကိုယ်တိုင်ပါဝင်၍ မြို့တွင်း၌ လှည့်လည် ဖျော်ဖြေမည်
Reviewed by Ar Ti
on
12:15 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment