Latest News

Wednesday, April 19, 2017

ဒုဝန်ကြီးမရှိသေးတဲ့ ၀န်ကြီးဌာနတွေ ဒုဝန်ကြီး ခန့်ဖို့ စီစဉ်နေ

ဒုဝန်ကြီးမရှိသေးတဲ့ ၀န်ကြီးဌာနတွေ ဒုဝန်ကြီး ခန့်ဖို့ စီစဉ်နေ

နေပြည်တော် ဧပြီ ၂၀ ။ ။ဒုဝန်ကြီး မရှိတဲ့ ၀န်ကြီးဌာနတွေက လုပ်ငန်းဆောင်ရွက်ရာမှာ လိုသလောက်ခရီးရောက်မှု မရှိတာကြောင့် ပြန်ခန့်ဖို့ တောင်းဆိုမှုတွေကို လိုက်လျောဖို့ အတွက် စီစဉ်ဆောင်ရွက်နေပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ဗဟိုအလုပ်အမှုဆောင်၊အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကပြောပါတယ်။

“တခြားဌာနတွေ တင်ပြတာတွေ ရှိတယ်၊ စဉ်းစားတုန်းပဲ၊ ခန့်သွားဖို့တော့ ရှိပါတယ်။ ခေါင်းဆောင်က လူရွေးတယ်။ တစ်အချက်က အရည်အချင်းရှိရမယ်၊ နှစ်အချက် အဂတိတရား နည်သလား၊ သုံးအချက်က ၀န်ကြီးနဲ့ အဆင်ပြေမလား အဲ့တာကိုက်ညီမှ ခန့်လို့ရမှာပေါ့” လို့ ဦးဝင်းထိန်က ပြောပါတယ်။
စီးပွားကူးသန်းရေး ၀န်ကြီးဌာနမှ ဒုတိယ ၀န်ကြီး အဖြစ် ဦးအောင်ထူးကို ၂၀၁၇ခုနှစ် ဧပြီ ၁၉ ရက်စွဲနဲ့ ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ လုပ်ငန်းဆောင်ရွက်မှာ ၀န်ကြီးတစ်ပါးတည်း နိုင်နင်းမှု မရှိတာကြောင့် အခုလို ဒုဝန်ကြီးကို ပြန်လည်ခန့်အပ်ရခြင်းဖြစ်တယ်လို့လည်းသိရပါတယ်။
NLD အစိုးရတက်လာပြီး ပေါင်းလို့ရတဲ့ ၀န်ကြီးဌာနများကို ပေါင်းပြီး ဒုဝန်ကြီးများခန့်အပ်ခြင်းမရှိတော့ပဲ ၀န်ကြီးတစ်ပါးတည်းသာ ထားရှိတာဖြစ်ပါယ်။ လုပ်ငန်းလည်ပတ်လုပ်ကိုင်တဲ့နေရာမှာ ၀န်ကြီးတစ်ပါးတည်း နိုင်နင်းမှုမရှိတာကြောင့် ၀န်ကြီးတွေကိုယ်တိုင်က ဒုဝန်ကြီး ပြန်လည်ခန့်အပ်ပေးဘို့ ဒေါ်အောင်ဆန်းစုကြည်ဆီမှာ တောင်းခံခဲ့တယ်လို့လည်း သိရပါတယ်။
“၀န်ကြီးတွေ အလုပ်လုပ်ရတာ အဆင်မပြေဘူး၊ ခန့်ပေးပါ၊ အလုပ်မနိုင်ဘူး၊ ဒုတိယ ၀န်ကြီးရှိမှ ကောင်းမယ်၊ ဒုတိယ ၀န်ကြီးရှာပေးပါလို့ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြတဲ့ အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောတူညီချက်အရ သူတို့ကို ခန့်တာပါ။” လို့လည်း ဦးဝင်းထိန်က ဆိုပါတယ်။
ဒုဝန်ကြီးနေရာကို ခန့်အပ်ဖို့အတွက် တစ်ယောက်တည်းကိုေ ရွးချယ်ခြင်း မဟုတ်ပဲ အနည်းဆုံးခြောက်ယောက်ထဲမှ လက်ရှိဝန်ကြီးရာထူးနဲ့ တာဝန်ထမ်းဆောင်နေတဲ့ ပုဂ္ဂိုလိများနဲ့ ကိုက်ညီမယ့် သူလည်းဖြစ်အောင် ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။
“ခန့်ထားပြီးသားဖြစ်တဲ့ ဒုဝန်ကြီးများဟာ သူတို့အရည်အချင်းကို ကြည့်ရုံမကဘူး ၀န်ကြီးကိုလည်း တိုင်ပင်တယ်၊ သည်လူနဲ့ အလုပ်ဖြစ်လား၊ သိလား၊ သိတဲ့သူဆို ပိုကောင်းတာပေါ့၊ မသိတဲ့ သူဆိုရင် သူ့အရည်အချင်းကို ၀န်ကြီးက လေ့လာနေရအုန်းမှာပေါ့ သူသဘောတူတယ်ဆိုရင် လုပ်ရတာ အဆင်ပြေတာပေါ့” လို့ ဦးဝင်းထိန်က ပြောပါတယ်။
မိုးမိုး
Kumudra

No comments:

Post a Comment