Latest News

Wednesday, April 19, 2017

သေဆုံးသွားတဲ့ ရဲတပ်ကြပ်ကြီးမိုက်ကယ်ရဲ့အလှူကို ရန်ကင်းမှာပြုလုပ်

သေဆုံးသွားတဲ့ ရဲတပ်ကြပ်ကြီးမိုက်ကယ်ရဲ့အလှူကို ရန်ကင်းမှာပြုလုပ်

တပ်​ကြပ်​ကြီးမိုက်​ကယ်​ရဲ့သခင်​ ဒုတပ်​ကြပ်​​အောင်​ဖိုက်​အိမ်​မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဗုံးရှင်းလင်းရေးခွေး ရဲတပ်ကြပ်ကြီးမိုက်ကယ်ရဲ့ အလှူကို ရန်ကင်းမြို့နယ် ရဲရိပ်သာမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရဲရိပ်သာမှ တပ်​ကြပ်​ကြီးမိုက်​ကယ်​ရဲ့သခင်​ ဒုတပ်​ကြပ်​​အောင်​ဖိုက်​အိမ်​မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တပ်ကြပ်ကြီးမိုက်ကယ်ဟာ ဧပြီလ ၁၅ ရက်နေ့က တာဝန်​ထမ်း​ဆောင်​​နေစဉ်​အစာအိမ်​​သွေး​ကြော​စိမ့်ရောဂါနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

တပ်ကြပ်ကြီးအဆင့်ရှိတဲ့ မိုက်ကယ်ဟာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ မိုင်းရှင်းတပ်စုမှာ အထူးလေ့ကျင့်ပေးထားတဲ့ အယ်ဇေးရှင်း အမျိုးအစားရဲခွေးတစ်ကောင်ဖြစ်ပြီး ဧပြီလ ၁၅ ရက်နေ့က သေဆုံးသွားတာဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်း ဗုံးရှာဖွေရေး လုပ်ငန်းတွေမှာ ဗုံးလေးလုံးရှာနိုင်လို့ တပ်ကြပ်ကြီးရာထူး ရရှိထားတာဖြစ်တယ်လို့သိရပါတယ်။ မြို့တော်ဝန်ဗဟိုမဏ္ဍာပ်မှာ တာဝန်ထမ်းဆောင်နေရင် နေမကောင်းဖြစ်လာလို့ ဆေးကုသနေရာကတဆင့် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

ဗုံးရှာဖွေရေးအတွက် တပ်ကြပ်ကြီးမိုက်ကယ်ရဲ့နေရာမှာ တပ်သားရမ်ဘိုက ဆက်လက်တာဝန်ထမ်းဆောင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ တပ်သားရမ်ဘိုဟာ  အမှတ်(၁)စစ်ဘက်ရေးရာလုံခြုံရေးအတတ်သင် ကျောင်းမှာဖွင့်လှစ်တဲ့ မိုင်းနဲ့မူးယစ်ဆေးဝါးရှာဖွေရေးသင်တန်းအမှတ်စဉ်(၁၄/၂၀၁၆) ကိုတက်ရောက်ထားသူဖြစ်ပြီး အသက် တစ်နှစ်ခြောက်လအရွယ်ရှိပြီဖြစ်ပါတယ်။ အမေရိကန်နဲ့ ပြင်သစ်သံရုံး၊ သုဝဏ္ဏအားကစားကွင်းမှာလုပ်ခဲ့တဲ့ ဘောလုံးအကယ်ဒမီဖွင့်ပွဲ၊ ၂၀၁၇ မြန်မာ့အကယ်ဒမီထူးချွန်ဆု အခမ်းအနားနဲ့ မဟာသင်္ကြန်ကာလအတွင်းတွေမှာ တပ်သားရမ်ဘိုကလည်း ဗုံးရှင်းလင်းရေးတာဝန်တွေကို ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ကြပ်ကြီးမိုက်ကယ်က ရွှေအိုရောင်နဲ့ အနက်ရောင် ရောစပ်ထားတဲ့ ဂျာမန် (ရှက်ပက်) အမျိုးအစား အယ်လ်ဇေးရှင်း ခွေးတစ်ကောင် ဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇွန်လမှာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
Source : Yangon Police (Facebook), DVB

No comments:

Post a Comment