Latest News

Thursday, April 20, 2017

ရုရှားဗုံးကြဲလေယာဉ်နှစ်စင်းကို အမေရိကန်တိုက်လေယာဉ်များက ကြားဖြတ်ဟန့်တား

ရုရှားဗုံးကြဲလေယာဉ်နှစ်စင်းကို အမေရိကန်တိုက်လေယာဉ်များက ကြားဖြတ်ဟန့်တား

အလာစကာ၊ ဧပြီ-၁၉

အမေရိကန်တိုက်လေယာဉ်များက ရုရှားဗုံးကြဲလေယာဉ်နှစ်စင်းကို အလာ စကာကမ်းခြေအလွန် နိုင်ငံတကာလေကြောင်းပိုင်းနက်တွင် ကြားဖြတ်ဟန့် တားခဲ့ရ သည်ဟု သိရသည်။

အမေရိကန် အက်ဖ်-၂၂ တိုက်လေယာဉ်များက ကြားဖြတ်ဟန့်တား ခြင်း မပြုမီ ရုရှားဗုံးကြဲလေယာဉ် တီယူ-၉၅ ဗုံးကြဲလေယာဉ်များသည် အလာစကာကို ဒက်ကျွန်း၏ မိုင် ၁၀၀ အတွင်း ပျံသန်းခဲ့ကြောင်း သိရသည်။

ရုရှားဗုံးကြဲလေယာဉ် တီယူ-၉၅ အက်စ်သည် လမ်းကြောင်းပြောင်း ပျံသန်းခြင်း မပြုမီ အမေရိကန်လေယာဉ်များက ရုရှားလေယာဉ်များကို ၁၂ မိနစ်ကြာ လိုက်ပါ စောင့်ကြပ်ပေးခဲ့သဖြင့် ရုရှားလေယာဉ်များ သည် ရုရှားအလယ်ပိုင်းသို့ ဆက်လက်ထွက်ခွာသွားသည်။

ရုရှားလေယာဉ်များသည် နိုင်ငံတကာလေကြောင်းပိုင်နက်အတွင်း ရှိကြသည်။ သို့ရာတွင် အလာစကာလေကြောင်းကာကွယ်ရေး ဇုန်အတွင်း ကျရောက် နေသည်ဟု ဆိုသည်။ အမေရိကန် တိုက်လေယာဉ်များက ဟန့်တားမည့် ရုရှားဗုံးကြဲ လေယာဉ်များသည် အယ်လ်မန်ဒေါ့လေတပ် အခြေစိုက်စခန်း၏ အနောက်တောင်ဘက် မိုင် ၂၈၀ တွင် ရောက်ရှိနေပြီး အလူတီယန်ကျွန်းများအနီးကိုလည်း ဖြတ်သန်းခဲ့သည်ဟု ဆိုသည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

No comments:

Post a Comment