Latest News

Monday, April 17, 2017

ပြည်သူတွေကိုကျေးဇူးတင်ကြောင်း သမ္မတဦးထင်ကျော်ပြော

ပြည်သူတွေကိုကျေးဇူးတင်ကြောင်း သမ္မတဦးထင်ကျော်ပြော

မြန်မာသက္ကရာဇ် ၁၃၇၉ နှစ်ကို စတင်ကူးပြောင်းတဲ့ မြန်မာနှစ်ဆန်းတရက်နေ့မှာ သမ္မတ ဦးထင်ကျော်က နှစ်သစ်ကူးနှုတ်ခွန်းဆက် ဆုတောင်းစကား ပြောရာမှာ… လူနေမှုဘဝ အခက်အခဲတွေကြား ကနေ အစိုးရအပေါ် ယုံကြည်စိတ်ရှည်ပြီး နားလည်မှုပေးနေတဲ့ ပြည်သူတရပ်လုံးကို အထူးကျေးဇူးတင် ကြောင်း ထည့်သွင်းပြောလိုက်ပါတယ်။ အစိုးရသစ်အနေနဲ့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တရပ် ပေါ်ပေါက်ရေး တို့ကို အကောင်အထည်ဖော်ရာမှာ လုပ်ငန်း သဘောသဘာဝအရ အလွန်နူးညံ့ သိမ်မွေ့တဲ့အတွက် အစစ အရာရာ အထူးသတိထား ဆောင်ရွက်နေရတယ်လို့ သမ္မတဦးထင်ကျော်က ပြောပါတယ်။

အမျိုးသား ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုသာလျှင် တခုတည်းသောအဖြေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ငြိမ်းချမ်းရေးအတွက် ပြည်သူတွေက ငွေသန်းထောင်ပေါင်းများစွာ ထည့်ဝင်လှူဒါန်းတာဟာ ပြည်သူတွေ ငြိမ်းချမ်းတဲ့ဘဝကို ဘယ်လောက်လိုချင်နေကြတယ် ဆိုတာကို ပြသနေတာဖြစ်ကြောင်း၊ အခုနှစ်အတွင်းမှာ ပြည်သူတွေအတွက် ဝမ်းမြောက်စရာ ရလဒ်ကောင်းတွေ ရရှိလိမ့် မယ်လို့ မျှော်လင့်ကြောင်းလည်း သမ္မတဦးထင်ကျော်က ပြောဆိုသွားပါတယ်။

အလားတူပဲ ဒုသမ္မတ ၂ ဦး ဖြစ်တဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နဲ့၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းတို့ကလည်း နှစ်သစ်ကူး ဆုတောင်းစကားတွေ အသီးသီး ပြောကြားခဲ့ကြပါတယ်။ RFA

No comments:

Post a Comment