နည်းလမ်းစုံ ရွေးချယ်ထားကြောင်း မြောက်ကိုရီးယားကို အမေရိကန်သတိပေး
မြောက်ကိုရီးယားအရေးနဲ့ပတ်သက်လို့ အမေရိကန်က ဆောင်ရွက်မယ့် နည်းလမ်းမှန်သမျှ ရွေးထားပြီးပြီလို့ အမေရိကန်ဒုသမ္မတ မိုက်ခ်ပန့်စ်က ဒီနေ့ သတိပေးပြောလိုက်ပါတယ်။
အမေရိကန်အစိုးရအနေနဲ့ ကိုရီးယားကျွန်းစွယ်ဒေသလုံခြုံရေးအတွက် ငြိမ်းချမ်းတဲ့နည်းတွေ၊ စေ့စပ်ညှိနှိုင်းတဲ့နည်းတွေနဲ့ ဆောင်ရွက်ချင်ပါတယ်၊ ဒါပေမယ့် တောင်ကိုရီးယားပြည်သူတွေနဲ့ တသားတည်း ဆက်ပြီးရပ်တည်ဖို့အတွက် နည်းလမ်းမှန်သမျှရွေးထားပြီးပြီလို့ ဒုသမ္မတ ပန့်စ်က ပြောပါတယ်။
မြောက်ကိုရီးယားရဲ့မအောင်မြင်တဲ့နျူကလီယားဒုံးကျည်စမ်းသပ်ပြီးနောက်တနေ့မှာ တောင်နဲ့မြောက် ကိုရီးယားနယ်စပ်ကို ဒုသမ္မတ ပန့်စ် ဒီနေ့သွားရောက်ခဲ့ပြီး အခုလိုပြောလိုက်တာပါ။ အဲဒီဒေသမှာ အမေရိကန်ကစစ်အင်အားတွေအလုံးအရင်းနဲ့ဖြည့်ထားသလို၊ မြောက်ကိုရီးယားကလဲ ပြီးခဲ့တဲ့ရက်က စစ်အင်အားပြပွဲကြီးတခု ပြုလုပ်ခဲ့ပါတယ်။RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment