Latest News

Thursday, April 20, 2017

ရန်ကုန်မြို့တွင်း အဲကွန်းဘတ်စ် အသစ်များဖြင့် အစားထိုး ပြေးဆွဲမည်

ရန်ကုန်မြို့တွင်း အဲကွန်းဘတ်စ် အသစ်များဖြင့် အစားထိုးြေေပြေးဆွဲမ
ည်

ရန်ကုန်မြို့တွင်းပတ်ပြေးဆွဲနေသည့် YBS အညိုယာဉ်လိုင်း သုံးလိုင်း အနက် YBS ၅၆နှင့် ၅၇ ယာဉ်လိုင်းတို့သည် ဧပြီလ ၂၄ ရက်မှစ၍ အဲယားကွန်း ဘတ်စ်ယာဉ်အသစ် ၁၀ဝ စီး လဲလှယ် ပြေးဆွဲမည်ဖြစ်ကြောင်း Aero Star ကုမ္ပဏီထံမှ သိရသည်။

“တရုတ်ကနေ မှာထားတာ ရန်ကုန်ကို ရောက်နေပါပြီ။ ၂၄ ရက်ကျရင် တစ်လိုင်းကို ယာဉ်စီးရေ ၅၀ လောက် ထည့်သွင်းဖို့ မှန်းထားပါတယ်”ဟု YBS ၅၆၊ ၅၇ အညိုယာဉ်လိုင်း မန်နေဂျင်းဒါရိုက်တာ ဦးထွန်းထွန်းက ဆိုသည်။

Aero Star ကုမ္ပဏီအနေနှင့် အဲယားကွန်း ဘတ်စ်ယာဉ်ကြီး ၅၀ဝ စီး အသစ်တင်သွင်းခွင့်ကို တိုင်းအစိုးရအဖွဲ့ထံမှ လိုင်စင် ရရှိထားပြီးဖြစ်ပြီး တန်ဖိုးငွေအားဖြင့် အကြမ်းဖျင်း ဒီဇယ်ယာဉ် ကျပ်သိန်း ၂၀ဝ၊ စီအန်ဂျီယာဉ် ကျပ်သိန်း ၂၅၀ ရှိကာ လက်ရှိယာဉ် ၁၅၀ စီး ရောက်ရှိနေပြီဖြစ်ကြောင်း Aero Star ကုမ္ပဏီထံမှ သိရသည်။

“မီနီဘတ်စ်တွေ နေရာမှာ အစားထိုး ပြေးဆွဲမှာ ဖြစ်တယ်။ ဒီယာဉ်အသစ်တွေကို ချေးငွေနဲ့ ရောင်းမှာ မဟုတ်ဘူး။ အများပိုင်စနစ်ကို သွားမှာဖြစ်လို့ အစုရှယ်ယာရှင်အဖြစ်နဲ့ ပူးပေါင်းပါဝင်လို့ ရပါတယ်”ဟု ဦးထွန်းထွန်း ဆိုသည်။

YBS မြို့တွင်းပတ် အညိုယာဉ်လိုင်းများအနေနှင့် YBS ၅၆၊ ၅၇၊ ၅၈တို့ဖြစ်ပြီး ယာဉ်စီးခ ကျပ် ၁၀ဝ ဖြင့် သခင်မြပန်းခြံ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဗိုလ်တစ်ထောင် ဘုရားလမ်း၊ ကုန်သည်လမ်း၊ ကမ်းနားလမ်း၊ မဟာဗန္ဓုလလမ်းတို့ကို ပြေးဆွဲလျက်ရှိသည်။

မြို့တွင်းပတ်ပြေးဆွဲသည့် ယာဉ်များအနေဖြင့် YBS ၅၆၊၅၇ အညိုယာဉ်လိုင်းတွင် ယာဉ်စီးရေ ၁၀ဝ ရှိပြီး တစ်ရက်လျှင် ယာဉ် ၈၀ ခန့် ထွက်ရှိကြောင်း Aero Star ကုမ္ပဏီထံမှ သိရသည်။

The Voice

No comments:

Post a Comment