Latest News

Thursday, April 6, 2017

ဂ်ပန္နည္းပညာအသုံးျပဳၿပီး ဧရာ၀တီတုိင္းတြင္ ရထားလမ္း စမ္းသပ္ခင္း

D Box ကို အသုံးျပဳ၍ မီးရထားလမ္းကို ျပဳဴျပင္ေနစဥ္ (ဓာတ္ပံု − သက္ေဆြ)
         
 ရထားလမ္းေအာက္ခံ ေျမသားမ်ား ပ်က္စီးယုိယြင္းမႈ နည္းပါးေစရန္ႏွင့္ ရထားသြားစဥ္ ေျမသားတုန္ခါမႈ ေလ်ာ့နည္းေစ ရန္ ဂ်ပန္နည္းပညာျဖင့္ ဧရာ၀တီ တုိင္းတြင္ ရထားလမ္းစမ္းသပ္ ခင္းျခင္း ေဆာင္ရြက္ေနသည္။

ပုသိမ္-ဘဲဂရက္-အိမ္မဲ ရထားလမ္း၊ ေဒါင့္ႀကီး-အိမ္မဲ လမ္းပုိင္း၏ မုိင္တုိင္အမွတ္ ၁၆ မုိင္ ၂ ဖာလုံႏွင့္ ၄ ဖာလုံၾကားတြင္ ဂ်ပန္နည္းပညာျဖင့္ ထုတ္လုပ္ ေသာ D Box (Divide Box) အသုံးျပဳ၍ ၂၀၁၇ ဇန္န၀ါရီ ၂၇ ရက္က စတင္ကာစမ္းသပ္ျပဳျပင္မႈမ်ား ေဆာင္ရြက္ေနသည္။ယင္း ကဲ့သုိ႔ ျပဳျပင္ရာတြင္ D Box အိတ္ကို တီထြင္ထုတ္လုပ္သူ မစၥတာ ဖူတိုရွီႏိုိမုိတုိက ၎ဥကၠ႒အျဖစ္ ေဆာင္ရြက္သည့္ Metry ကုမၸဏီ မွ ၀န္ထမ္းမ်ား၊ နည္းပညာ၊ ေငြ ေၾကးႏွင့္ ပစၥည္းမ်ားစုိက္ထုတ္၍ ဧရာ၀တီတုိင္း ျမန္မာ့မီးရထားပုိ႔ ေဆာင္ေရးဦးစီးဌာနႏွင့္ ပူးေပါင္း ကာ ရထားလမ္းကုိ စမ္းသပ္ လမ္းခင္းေနသည္။

D Box အိတ္သည္ တစ္မီ တာပတ္လည္ရွိၿပီး အျမင့္အား ျဖင့္ တစ္ေပခြဲခန္႔ရွိသည္။ ယင္း အိတ္အတြင္း သဘာ၀ေျမသား၊ သဲႏွင့္ ေက်ာက္မ်ားထည့္၍ ဇလီ ဖားတုံးေအာက္တြင္ခံကာ အသုံး ျပဳရၿပီး တန္တစ္ေထာင္ ဖိအား ဒဏ္ခံႏုိင္သည္။ အဆုိပါ အိတ္ အတြင္း ေရျဖတ္သန္း စီးဆင္း ႏုိင္ၿပီး အတြင္းရွိ ေျမသားမ်ား ျပင္ပသုိ႔ ထြက္မသြားရန္ စီမံထား သည္။ ထုိ႔အျပင္ အဆုိပါအိတ္ သည္ ေျမေအာက္တြင္ ႏွစ္တစ္ရာ ေက်ာ္  အထားခံေၾကာင္း မစၥတာ ဖူတုိရွီႏုိမုိတုိက ရွင္းျပသည္။

‘‘မုိးမ်ားတဲ့ ေနရာနဲ႔ စိမ့္ရွိတဲ့ ေျမသားအတြက္ေတာ့ ေကာင္းပါ တယ္။ သူတို႔နဲ႔အတူတြဲၿပီး အလုပ္ လုပ္ေတာ့ အေတြ႕အႀကံဳေတြ  အမ်ားႀကီးရတယ္။ ဒီအေတြ႕အ ႀကံဳေတြနဲ႔ က်န္တဲ့ေနရာေတြမွာ ျပန္ၿပီးအသုံးခ်မွာပါ။ ရထားလမ္း တစ္လမ္း ေကာင္းဖုိ႔က ေအာက္ခံ ေျမသားနဲ႔ ေက်ာက္ခဲေတြ အမ်ား ႀကီးလုိပါတယ္။ ရထားလမ္းေတြ ျပဳျပင္ႏုိင္ဖုိ႔ ႏုိင္ငံေတာ္အစုိးရမွာ ဘတ္ဂ်က္ေတြ တင္ျပထားပါ တယ္’’ ဟု ဧရာ၀တီတုိင္း ရထား ပုိ႔ေဆာင္ေရးဦးစီးဌာန အင္ဂ်င္နီယာမွဴးဦးစုိးျမင့္ေအာင္က ေျပာ သည္။

‘‘ရထားသြားခ်ိန္မွာ ေျမသား တုန္ခါမႈကုိ စမ္းသပ္တယ္။  အဲဒီ အခ်ိန္မွာ D Box ကုိ ထည့္ၿပီးအ သုံးမျပဳခင္က ေျမသားတုန္ခါမႈနဲ႔ D Box အသုံးျပဳၿပီး ေျမသားတုန္ ခါမႈပမာဏက အပုံေလးဆယ္ပုံ တစ္ပုံကြာျခားတာ ေတြ႕ရတယ္’’ ဟု မစၥတာဖူတုိရွီႏုိမုိတုိက ေျပာ သည္။

ဆက္လက္၍  ၎က‘‘ဂ်ပန္ႏုိင္ငံမွာရွိတဲ့  ရထားလမ္းေတြရဲ႕ ေအာက္ခံကုိလည္း D Box အိတ္ေတြခံၿပီးေတာ့ ေဖာက္ထားတယ္။ ေအာက္ခံ လမ္းေကာင္းေတာ့ ရထားကၿငိမ္ၿပီးသြားတယ္။ ရထားအရွိန္ေၾကာင့္ ေျမသားတုန္ခါမႈနည္းတယ္။ ပတ္၀န္းက်င္ကုိ မထိခုိက္ဘူး။  အိမ္ေတြ ေဆာက္တဲ့အခါမွာလည္း ေအာက္ခံအေနနဲ႔ သုံးလုိ႔ရတယ္။ ကားလမ္းနဲ႔ဆည္ေတြ၊ တာတမံေတြကုိလည္း ဒီအိတ္ေတြကုိ ေအာက္ခံအေနနဲ႔ အသုံးျပဳလုိ႔ရတယ္’’ ဟု ေျပာသည္။

ဘဲဂရက္ - အိမ္မဲရထား လမ္းသည္ စုစုေပါင္း အရွည္ ၂၀ ဒသမ ၇၅ မုိင္ရွိၿပီး စမ္း သပ္ျပဳျပင္သည့္ ေနရာသည္ ေအာက္ခံေျမသား ေကာင္းမြန္ ျခင္းမရွိသည့္ ေနရာအားစစ္ေဆး ၍ စမ္းသပ္ခဲ့သည္။ လက္ရွိတြင္ ရထားလမ္းျပဳျပင္တည္ေဆာက္ မႈၿပီးစီးေတာ့မည္ျဖစ္၍ အေသး စိတ္စစ္ေဆးမႈမ်ား ေဆာင္ရြက္ ေနေၾကာင္း ျမန္မာ့မီးရထား ပုိ႔ ေဆာင္ေရးဦးစီးဌာနမွ သိရသည္။

ရထားလမ္းမ်ား ေကာင္းမြန္ ေစရန္ တစ္မိုင္လွ်င္ ေက်ာက္ က်င္းေပါင္း ငါးရာအသုံးျပဳရမည္ ျဖစ္ေသာ္လည္း လက္ရွိတြင္ လုံ ေလာက္သည့္ ပမာဏထည့္သြင္း ႏုိင္ျခင္း မရွိေသးေၾကာင္း ျမန္မာ့ မီးရထားပုိ႔ေဆာင္ေရးဌာနမွ သိရ သည္။ ေမာ္ေတာ္ယာဥ္လမ္းမ်ား ေကာင္းမြန္လာသျဖင့္ သြားလာမႈ လြယ္ကူျမန္ဆန္ေသာ္လည္း ကုန္ စည္မ်ားသယ္ေဆာင္ရာ၌ ရထား အသုံးျပဳ သယ္ယူပုိ႔ေဆာင္ျခင္း သည္ ကုန္က်မႈပမာဏနည္း၍  ၀န္မ်ားစြာကုိ သယ္ယူပုိ႔ေဆာင္ ႏုိင္ေၾကာင္း သိရသည္။

Credit: 7Day Daily

#Unicode Version
D Box ကို အသုံးပြု၍ မီးရထားလမ်းကို ပြုူပြင်နေစဉ် (ဓာတ်ပုံ − သက်ဆွေ)

 ရထားလမ်းအောက်ခံ မြေသားများ ပျက်စီးယိုယွင်းမှု နည်းပါးစေရန်နှင့် ရထားသွားစဉ် မြေသားတုန်ခါမှု လျော့နည်းစေ ရန် ဂျပန်နည်းပညာဖြင့် ဧရာဝတီ တိုင်းတွင် ရထားလမ်းစမ်းသပ် ခင်းခြင်း ဆောင်ရွက်နေသည်။

ပုသိမ်-ဘဲဂရက်-အိမ်မဲ ရထားလမ်း၊ ဒေါင့်ကြီး-အိမ်မဲ လမ်းပိုင်း၏ မိုင်တိုင်အမှတ် ၁၆ မိုင် ၂ ဖာလုံနှင့် ၄ ဖာလုံကြားတွင် ဂျပန်နည်းပညာဖြင့် ထုတ်လုပ် သော D Box (Divide Box) အသုံးပြု၍ ၂၀၁၇ ဇန်နဝါရီ ၂၇ ရက်က စတင်ကာစမ်းသပ်ပြုပြင်မှုများ ဆောင်ရွက်နေသည်။ယင်း ကဲ့သို့ ပြုပြင်ရာတွင် D Box အိတ်ကို တီထွင်ထုတ်လုပ်သူ မစ္စတာ ဖူတိုရှီနိုမိုတိုက ၎င်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် Metry ကုမ္ပဏီ မှ ဝန်ထမ်းများ၊ နည်းပညာ၊ ငွေ ကြေးနှင့် ပစ္စည်းများစိုက်ထုတ်၍ ဧရာဝတီတိုင်း မြန်မာ့မီးရထားပို့ ဆောင်ရေးဦးစီးဌာနနှင့် ပူးပေါင်း ကာ ရထားလမ်းကို စမ်းသပ် လမ်းခင်းနေသည်။

D Box အိတ်သည် တစ်မီ တာပတ်လည်ရှိပြီး အမြင့်အား ဖြင့် တစ်ပေခွဲခန့်ရှိသည်။ ယင်း အိတ်အတွင်း သဘာဝမြေသား၊ သဲနှင့် ကျောက်များထည့်၍ ဇလီ ဖားတုံးအောက်တွင်ခံကာ အသုံး ပြုရပြီး တန်တစ်ထောင် ဖိအား ဒဏ်ခံနိုင်သည်။ အဆိုပါ အိတ် အတွင်း ရေဖြတ်သန်း စီးဆင်း နိုင်ပြီး အတွင်းရှိ မြေသားများ ပြင်ပသို့ ထွက်မသွားရန် စီမံထား သည်။ ထို့အပြင် အဆိုပါအိတ် သည် မြေအောက်တွင် နှစ်တစ်ရာ ကျော်  အထားခံကြောင်း မစ္စတာ ဖူတိုရှီနိုမိုတိုက ရှင်းပြသည်။

‘‘မိုးများတဲ့ နေရာနဲ့ စိမ့်ရှိတဲ့ မြေသားအတွက်တော့ ကောင်းပါ တယ်။ သူတို့နဲ့အတူတွဲပြီး အလုပ် လုပ်တော့ အတွေ့အကြုံတွေ  အများကြီးရတယ်။ ဒီအတွေ့အ ကြုံတွေနဲ့ ကျန်တဲ့နေရာတွေမှာ ပြန်ပြီးအသုံးချမှာပါ။ ရထားလမ်း တစ်လမ်း ကောင်းဖို့က အောက်ခံ မြေသားနဲ့ ကျောက်ခဲတွေ အများ ကြီးလိုပါတယ်။ ရထားလမ်းတွေ ပြုပြင်နိုင်ဖို့ နိုင်ငံတော်အစိုးရမှာ ဘတ်ဂျက်တွေ တင်ပြထားပါ တယ်’’ ဟု ဧရာဝတီတိုင်း ရထား ပို့ဆောင်ရေးဦးစီးဌာန အင်ဂျင်နီယာမှူးဦးစိုးမြင့်အောင်က ပြော သည်။

‘‘ရထားသွားချိန်မှာ မြေသား တုန်ခါမှုကို စမ်းသပ်တယ်။  အဲဒီ အချိန်မှာ D Box ကို ထည့်ပြီးအ သုံးမပြုခင်က မြေသားတုန်ခါမှုနဲ့ D Box အသုံးပြုပြီး မြေသားတုန် ခါမှုပမာဏက အပုံလေးဆယ်ပုံ တစ်ပုံကွာခြားတာ တွေ့ရတယ်’’ ဟု မစ္စတာဖူတိုရှီနိုမိုတိုက ပြော သည်။

ဆက်လက်၍  ၎င်းက‘‘ဂျပန်နိုင်ငံမှာရှိတဲ့  ရထားလမ်းတွေရဲ့ အောက်ခံကိုလည်း D Box အိတ်တွေခံပြီးတော့ ဖောက်ထားတယ်။ အောက်ခံ လမ်းကောင်းတော့ ရထားကငြိမ်ပြီးသွားတယ်။ ရထားအရှိန်ကြောင့် မြေသားတုန်ခါမှုနည်းတယ်။ ပတ်ဝန်းကျင်ကို မထိခိုက်ဘူး။  အိမ်တွေ ဆောက်တဲ့အခါမှာလည်း အောက်ခံအနေနဲ့ သုံးလို့ရတယ်။ ကားလမ်းနဲ့ဆည်တွေ၊ တာတမံတွေကိုလည်း ဒီအိတ်တွေကို အောက်ခံအနေနဲ့ အသုံးပြုလို့ရတယ်’’ ဟု ပြောသည်။

ဘဲဂရက် - အိမ်မဲရထား လမ်းသည် စုစုပေါင်း အရှည် ၂၀ ဒသမ ၇၅ မိုင်ရှိပြီး စမ်း သပ်ပြုပြင်သည့် နေရာသည် အောက်ခံမြေသား ကောင်းမွန် ခြင်းမရှိသည့် နေရာအားစစ်ဆေး ၍ စမ်းသပ်ခဲ့သည်။ လက်ရှိတွင် ရထားလမ်းပြုပြင်တည်ဆောက် မှုပြီးစီးတော့မည်ဖြစ်၍ အသေး စိတ်စစ်ဆေးမှုများ ဆောင်ရွက် နေကြောင်း မြန်မာ့မီးရထား ပို့ ဆောင်ရေးဦးစီးဌာနမှ သိရသည်။

ရထားလမ်းများ ကောင်းမွန် စေရန် တစ်မိုင်လျှင် ကျောက် ကျင်းပေါင်း ငါးရာအသုံးပြုရမည် ဖြစ်သော်လည်း လက်ရှိတွင် လုံ လောက်သည့် ပမာဏထည့်သွင်း နိုင်ခြင်း မရှိသေးကြောင်း မြန်မာ့ မီးရထားပို့ဆောင်ရေးဌာနမှ သိရ သည်။ မော်တော်ယာဉ်လမ်းများ ကောင်းမွန်လာသဖြင့် သွားလာမှု လွယ်ကူမြန်ဆန်သော်လည်း ကုန် စည်များသယ်ဆောင်ရာ၌ ရထား အသုံးပြု သယ်ယူပို့ဆောင်ခြင်း သည် ကုန်ကျမှုပမာဏနည်း၍  ဝန်များစွာကို သယ်ယူပို့ဆောင် နိုင်ကြောင်း သိရသည်။
Credit: 7Day Daily

No comments:

Post a Comment