Latest News

Sunday, April 2, 2017

စီးပွား​ရေးလုပ်​ငန်းရှင်​များ အခွန်​ထမ်းပြီး လူထုအတွက်​ ​စေတနာဖြင့်​ လှူဒါန်းကူညီပံ့ပိုး​ပေး​စေလို​ကြောင်း ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​ ​ပြောကြား

စီးပွား​ရေးလုပ်​ငန်းရှင်​များ အခွန်​ထမ်းပြီး လူထုအတွက်​ ​စေတနာဖြင့်​ လှူဒါန်းကူညီပံ့ပိုး​ပေး​စေလို​ကြောင်း ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​ ​ပြောကြား

နိုင်​ငံတွင်​ရှိ​သော သယံဇာတ၊ ကုန်​သွယ်​မှုလုပ်​ငန်းများ၊ စီးပွား​ရေးလုပ်​ငန်းများ ​ဆောင်​ရွက်​ကြသည့်​ စီးပွား​ရေးလုပ်​ငန်းရှင်​များသည်​ အခွန်​ထမ်း​ဆောင်​ပြီး လူထုအတွက်​ ​ရာခိုင်​နှုန်းအချို့ကို စေတနာဖြင့်​ လှူဒါန်းကူညီပံ့ပိုး​ပေး​စေလို​ကြောင်း မန္တ​လေးတိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​က ​ပြောကြားသည်​။

"ကျွန်​​တော်​တို့အစိုးရမှာ စီးပွား​ရေးမူ ၁၂ချက်​ ချမှတ်​ထားတာရှိပါတယ်​။ စီးပွား​ရေးလုပ်​ငန်းအားလုံး ဖိတ်​​ခေါ်ထားပါတယ်​။ မြန်​မာပြည်​မှာ စီးပွား​ရေးမလုပ်​လို့ မရဘူး။ လုပ်​ရမယ်​။ လုပ်​ခွင့်​ရှိရမယ်​။ ဒါ​ပေမယ့်​ CSR ဆိုတဲ့ Corporate Social Responsibility ပြန်​​ပေးရမယ်​။ လူထုအတွက်​ အထောက်​အပံ့​တွေ ပြန်​​ပေးရမှာပါ။ ဘယ်​​လောက်​လှူရင်​ အခွန်​ဘယ်​​လောက်​​လျော့မယ်​ဆိုတာ နိုင်​ငံတကာမှာ ရှိတယ်​။ ဒါ​ကြောင့်​မို့ နိုင်​ငံတကာမှာ လှူတာ ပံ့ပိုးတာ​တွေ အများကြီး ဖြစ်​​နေတာ။ ကျွန်​​တော်​တို့ဆီမှာလည်း ဖြစ်​လာမှာပါ။ စီးပွား​ရေးလုပ်​ငန်းရှင်​​တွေကို ကြိုဆိုပါတယ်​။ ဒါ​ပေမယ့်​ ရလာတဲ့အကျိုးစီးပွားအားလုံးထဲက ရာခိုင်​နှုန်းအချို့ကို​တော့ လူထုအတွက်​ သုံး​စေချင်​တယ်​။ ဒါက လုပ်​သင့်​လုပ်​ထိုက်​တဲ့ အလုပ်​ပါ။ လုပ်​ငန်းရှင်​​တွေအားလုံးဟာ အခွန်​လည်း​ဆောင်​မယ်​ CSR လည်း လုပ်​​ပေးမယ်​ဆိုရင်​ ကျွန်​​တော်​တို့ သွား​နေတဲ့ခရီး ပိုနီးလာပါမယ်​။ တိုင်းရင်းသား စီးပွား​ရေးလုပ်​ငန်းရှင်​​တွေလည်း အဆင်​​ပြေ​စေချင်​ပါတယ်​။ ပြည်​သူကိုလည်း ပူး​ပေါင်းပါဝင်​​စေချင်​ပါတယ်​"ဟု ဝန်​ကြီးချုပ်​ ​ဒေါက်​တာ​ဇော်​မြင့်​​မောင်​က မန္တ​လေးမြို့ ခုတင် ၅၅၀ဆံ့ ကလေးဆေးရုံကြီးတွင်​ ဧပြီ ၁ရက်က ကျင်းပ​သော ဧဒင်အုပ်စုကုမ္ပဏီ၏ ဆေးဝါးကုသရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲတွင်​ ​ပြောကြားခဲ့သည်​။

TheMandalayNewsJournal

No comments:

Post a Comment