၂၀၁၇၊ ဧပြီ (၁)ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ တာဝန်ယူမှု (၁)နှစ်ပြည့်အတွက် ပြောကြားချက်...
"အစိုးရသက်တမ်း တစ်နှစ်ပြည့်ပါပြီ။ မတ်တပ်ရပ်နိုင်တဲ့အဆင့်ရောက်ပါပြီ။ ဒိအစိုးရကတော့ မခံပါဘူးကွာဆိုပြီး ပွက်လောညံနေတဲ့ကြားကနေ ကျွန်တော်တို့ တစ်နှစ်ပြည့်ပါပြီ။ ဒီလိုရောက်လာအောင် တစ်နှစ်လုံး စိန်ခေါ်မှုတွေ ကျော်လွှားခဲ့ရတယ်။ ပထမတစ်နှစ်ကတော့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့ တကယ်ပြောင်းလဲချင်လို့ နှစ်ပေါင်း ၃၀ကျော်လောက် ရုန်းကန်ခဲ့ရတယ်။ ပြည်သူလူထုကို အကြောက်တရားကင်းစေချင်တယ်ဗျာ။ ဒီမိုကရေစီအမြစ် တွယ်စေချင်တယ်။ နောက်ကြောင်းပြန်ခရီး ဘယ်တော့မှ မလှည့်စေချင်ဘူး။ တီုင်းရင်းသားအားလုံးရဲ့ အခွင့်အရေးတွေ ဖန်တီးပေးနိုင်မယ့် ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ချင်တယ်။ ပါတီစတည်ထောင်ကတည်းက ဒီအတိုင်းရပ်တည်လာတယ်။ အခက်အခဲပေါင်းများစွာ ဖြတ်လာပြီး ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ စီမံခန့်ခွဲတဲ့နေရာ ရောက်နေပါပြီ။ တိုင်းပြည်ရဲ့စနစ်ကို ပြောင်းလဲနိုင်ဖို့ စီမံခန့်ခွဲမှုအာဏာ လိုပါတယ်။ ပြည်သူလူထုနဲ့ နိုင်ငံအတွက်ပါ။ တိုင်းရင်းသားတွေအားလုံးအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် မျှော်မှန်းခဲ့တဲ့၊ မက်ခဲ့တဲ့ အိမ်မက်ကို စတင်အကာင်အထည်ဖော်တာပါ။ ပြည်သူလူထု အကြောက်တရားကင်းအောင် လုပ်ပေးခဲ့တယ်။"
"ကျွန်တော်တို့ ပြည်သူ့ငွေတွေ အလွဲသုံးစားလုပ်မိမှာ ကြောက်ပါတယ်။ အစိုးရအဖွဲ့ဝင်တွေ လာဘ်မစားဘူး။ ခွဲတမ်းပေးစရာ မလိုပါဘူး။ ပြည်သူပူးပေါင်းယုံကြည်မှုနဲ့ ရပ်တည်လာတာ။ ပြည်သူနဲ့အတူပါ။ ပြည်သူအပေါ်မှာ မေတ္တာထားမယ်။ နိုင်ငံအပေါ်မှာ သစ္စာထားမယ်။ ပြည်သူတွေအခက်အခဲကို တတ်နိုင်သမျှ ရင်ဆိုင်ဖြေရှင်းပေးမယ်။ ပြည်သူ့အကျိုးအတွက် လုပ်ရမယ်ဆိုရင် အချိန်မရွေးပါဘူး"
ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့
[မန္တလေးမြို့ ခုတင် ၅၅၀ဆံ့ ကလေးဆေးရုံကြီးတွင် ပြောကြားချက်။ ၂၀၁၇၊ ဧပြီ ၁ရက်]
#TheMandalayNewsJournal
Sunday, April 2, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment