Latest News

Friday, April 14, 2017

ဗုံးအားလုံးရဲ့ အမေဆိုတာ

ဗုံးအားလုံးရဲ့ အမေဆိုတာ

Mother of all bombs ဗုံးအားလုံးရဲ့မိခင် ဆိုတဲ့ ဗုံးကို ကြဲလိုက်ပြီဆိုတာနဲ့အဲဒီနေရာမှာရှိတဲ့ လူသားတွေဟာ
ခန္ဓာကိုယ်တွေအရည်ပျော်သွားကြမယ်။  ပြင်းထန်လွန်းတဲ့ပေါက်ကွဲအားကြောင့် လူ့ခန္ဓာကိုယ်ရဲ့ အတွင်းအင်္ဂါတွေ ကြေမွပျက်စီးသွားမယ်။ မိခင်ဗုံးရဲ့ အကျိုးသက်ရောက်ရာ နေရာမှာရှိသမျှ အောက်စီဂျင်တွေကို ပေါက်ကွဲလောင်ကျွမ်းစေတာကြောင့် အသက်ရှူကြပ်ပြီး သေသွားကြမယ်။ တကယ်လို့ မသေမကြေဘဲ ကံကောင်းထောက်မခဲ့မယ်ဆိုရင်တောင် အဲဒီလူဟာ စိတ်ပိုင်းဆိုင်ရာ ကြောက်ရွံ့တုန်လှုပ်မှုဗတွကို သေတပန်သက်တစ်ဆုံး ခံစားသွားကြရမယ်
-
mother of all bombs ဆိုတာကတော့ thermobaric သာမိုဘားရစ် လို့ခေါ်တဲ့ ဗုံးတစ်မျိုးဖြစ်တယ်။ အဲဒီဗုံးတစ်လုံး ပေါက်ကွဲပြီဆိုတာနဲ့ သူဟာလေထုထဲက အောက်စီဂျင်တွေကို စုပ်ယူလိုက်မယ်။ ပြီးတဲ့အခါ အောက်စီဂျင်ကို လောင်ကျွမ်းစေပြီး ပြင်းထန်စူးရှတဲ့ အပူရှိန်ကို ဖြစ်ပေါ်စေတယ်။ မြင့်မားလွန်းတဲ့အပူရှိန်ဟာ ပြင်းထန်တဲ့ပေါက်ကွဲမှုနဲ့ ထပ်ပေါင်းစည်းလိုက်တဲ့အခါ ငရဲပြည်မှာတိုက်ခတ်နေတဲ့ မီးလျှံအပြည့်နဲ့မုန်တိုင်းတစ်ခုအသွင်ဖြစ်တယ်။ thermo (သာမို) ဆိုတဲ့ အပူရှိန်ကို baric (ဘားရစ်) ဆိုတဲ့ ဖိနှိပ်ခြင်းနဲ့ ပြင်းထန်စွာ ပူပြင်းလောင်မြိုက်စေတဲ့လက်နက်ပဲဖြစ်တယ်။ လက်နက်တစ်ခုရဲ့ အကျိုးသက်ရောက်မှုအချိန် Duration အနေနဲ့လည်း သမားရိုးကျ ဗုံးတွေထက် ပိုမိုကြာမြင်တာကြောင့် ထိခိုက်ပျက်စီးမှုဟာ ပိုမိုများပြားတယ်။ သစ်ပင်တွေ၊ အဆောက်အအုံတွေ၊ ဥမင်လှိုင်ခေါင်းတွေကို မြေဖို့ပြီးသားဖြစ်သွားစေတယ်။
-
အခု အမေရိကန်တွေ လတ်တလောအသုံးပြုခဲ့တဲ့ GBU-43 ဗုံးတွေဟာလည်း အဲဒီ Mother of all bombs (MOAB) တွေပဲဖြစ်တယ်။ သူတို့တွေဟာ သာမိုဘားရစ်ဗုံးတွေကိုမှ နည်းပညာအဆင့်မြှင့်တင်ထားတဲ့အဖျက်စွမ်းအားကြီးဗုံးတွေဖြစ်တယ်။ ဗုံးရဲ့ ပထမအဆင့်ပေါက်ကွဲချိန်မှာ အပူရှိန်ပြင်းထန်စွာနဲ့ လောင်ကျွမ်းနေတဲ့ မီးလုံး၊မီးငွေ့တွေဟာ ပေ(၃၀) ၀န်းကျင်မှာရှိသမျှ  အရာတိုင်းကို အငွေ့ပျံသွားစေမှာဖြစ်တယ်။

(သက်ရောက်မှုဟာ ဗဟိုချက်ကနေ မီတာ ၃၀၀ ထိ ကျယ်ဝန်းပြန့်ထွက်သွားမယ်။ သံကူကွန်ကရစ်ထုကို ပေ ၂၀၀ ထိ ဖောက်နိုင်တယ်။ မီးတောက်ရဲ့အပူရှိန်ဟာ ပေ ၃၀ ထိ အရည်ပျော်နိုင်တယ်။)
-
တစ်စက္ကန့်ရဲ့  တစ်ထောင်ပုံတစ်ပုံ ဆိုတဲ့အချိန်လေးအတွင်းမှာတင် ၀န်းကျင်မှာရှိတဲ့ အောက်စီဂျင်တွေကို စုတ်ယူပြီးဖြစ်တယ်။ အဲဒီဗုံးမျိုးဟာ ဥမင်လိုဏ်ခေါင်းတွေထဲက အောက်စီဂျင်တွေကို စုတ်ယူသလို ဖြစ်တဲ့အတွက် အမေရိကန်တွေဟာ ISIS တွေကို တိုက်ခိုက်ရာမှာ တွင်တွင်ကျယ်ကျယ်ကြီးအသုံးပြုဖို့ ရည်ရွယ်ခဲ့ကြတာဖြစ်တယ်။
-
အဲဒီနောက်မှာတော့ ပြင်းထန်တောက်လောင်နေတဲ့ မီးလေပြင်းတွေဟာ အပြင်ဘက်ကို ပေါက်ကွဲပြန့်နှံ့သွားပြီး လမ်းတစ်လျှောက်မှာရှိသမျှ အရာတိုင်းကို ထောင်းလမောင်းကြေဖျက်ဆီးပြစ်နိုင်မယ်။ သစ်ပင်တွေ အဆောက်အဦးတွေဟာ မြေပြင်ညီအနေအထားအထိ တန်းညှိပြီးဖြစ်သွားနိုင်တယ်။ အဲဒီစိတ်မချမ်းမြေ့ဖွယ် ပေါက်ကွဲသံကြီးကိုတော့ မိုင်တော်တော်အကွာအဝေးကနေ ပေါက်ကွဲသံကိုကြားကြရမယ်။
-
ဗုံးပေါက်ကွဲရာအနီးအနားမှာရှိတဲ့လူတွေရဲ့ နားနှစ်ဖက်ဟာ သွေးစိမ်းရှင်ရှင် ယိုစိုးကျရောက်မယ်။ ပေါက်ကွဲမှု ရဲ့ ပြင်းထန်လှတဲ့တွန်းအားကြောင်း ကိုယ်တွင်းအင်္ဂါတွေပျက်စီးသေကြေကြမယ်။ ပေါက်ကွဲမှုနဲ့ နှစ်မိုင်အကွာအဝေးမှာ ရှိနေတဲ့ လူတစ်ယောက်ဟာ အကြားအာရုံဆုံးရှုံးသွားမှာပဲဖြစ်တယ်။
-

ဗုံးပေါက်ကွဲရာနေရာတည့်တည့်ရဲ့ ဥမင်လိုဏ်ခေါင်းထဲမှာရောက်ရှိနေသူတွေဟာ ပေါင် (၁၉၀၀၀) ဖိအားဒဏ်ကိုခံကြရတဲ့အပြင် အောက်စီဂျင်ပြတ်လတ်မှုကြောင့် ရာနှုန်းပြည့် သေကြရမှာ သေချာသလောက်ပဲဖြစ်တယ်။ မသေခဲ့ရင်တောင်မှ ပေါက်ကွဲမှု မှိုပွင့်ကြီးရဲ့ စိတ်ဆင်းရဲစရာမြင်ကွင်းတွေဟာ သူ့ဘ၀တစ်လျှောက်ခြောက်လှန့်တုန်လှုပ်စေမှာပဲဖြစ်တယ်။
=
ခုရေးသားတဲ့ MOAB ကတော့  non-nuclear weapon ဆိုတဲ့ နျူကလိယား လက်နက်မဟုတ်တဲ့ သာမာန်ဗုံးတစ်လုံးပဲဖြစ်တယ်။  သာမာန်ဗုံးတစ်လုံးဟာ အဲဒီလောက်ပျက်စီးသေကြေစေမယ်ဆို တကယ်လို့များ နျူစစ်ပွဲ ဖြစ်ခဲ့ရင်တော့ ကျွန်တော်တို့ ကမ္ဘာရဲ့အနာဂတ်.. မတွေးဝံ့စရာပဲ..။ ဗုံးတွေရဲ့ အမေ တောင် ဒီလောက် ဖျက်ဆီးနိုင်ရင်။ ဗုံးအမေလင် ဖြစ်တဲ့ နျူကလီယားဗုံး၊ ဗုံးအမေ့ဘိုးအေ ဖြစ်တဲ့ ဟိုက်ဒရိုဂျင်ဗုံးတွေဆိုရင်တော့ ကျွန်တော်တို့တွေအားလုံးမျိုးတုံးသွားမလားပဲ။ အားလုံးအေးချမ်းကြပါစေ
=
(ဖြိုးသုတ)

https://m.facebook.com/story.php?story_fbid=1267930526576297&id=100000780842398

No comments:

Post a Comment