ရန်စလာရင် မညှာမတာ တုန့်ပြန်မယ်လို့ မြောက်ကိုရိယား ပြော
အမေရိကန်က တမျိုးမျိုး လာပြီး ရန်စတိုက်ခိုက်ရင် ညှာတာမှု လုံးဝမထားဘဲ တုန့်ပြန် တိုက်ခိုက်သွားမယ်လို့ ဒီနေ့ ကျေညာလိုက်ပါတယ်။
အမေရိကန် လေယာဉ်သင်္ဘောကြီး တစီးနဲ့ စစ်သင်္ဘောတချို့ ကိုရိယားကွှန်းဆွယ်ဘက်ကို ချဉ်းကပ်လာတာနဲ့ တပ်သက်ပြီး မြောက်ကိုရိယား အစိုးရသတင်းဌာနက ကျေညာချက်ထုတ်ပြန်တာပါ။
တောင်ကိုရိယားမှာရှိတဲ့ အမေရိကန် စစ်စခန်းတွေ နဲ့ တောင်ကိုရိယား သမ္မတ အိမ်တော်တို့ကို မိနစ်ပိုင်းအတွင်း ပြားပြားဝပ်သွားစေနိုင်တယ်လို့  လဲ ဆိုပါတယ်။
ဂျပန်ကလဲ အခြေအနေကို စောင့်ကြည့်နေပြီး လေကြောင်းကင်းလှည့်ထောက်လှမ်းရေးတွေ တိုးမြှင့်ထားတယ်လို့ ဒီနေ့ ကြေညာပါတယ်။
မြောက်ကိုရိယားက နျူးကလိယား စမ်းသတ်မှု တရပ် လုပ်အုံးမယ်လို့ အရင် သောကြာနေ့က ကြေညာခဲ့ပြီးနောက် အမေရိကန်က စစ်သင်္ဘောတွေ လွှတ်လိုက်တာ ဖြစ်ပါတယ်။
RFA Burmese
Subscribe to:
Post Comments (Atom)
No comments:
Post a Comment