Latest News

Sunday, April 2, 2017

အပိုဘီးအတွင်းထည့်သွင်းသယ်ဆောင်လာသောဘိန်းဖြူများ သိမ်းဆည်းရမိ

အပိုဘီးအတွင်းထည့်သွင်းသယ်ဆောင်လာသောဘိန်းဖြူများ သိမ်းဆည်းရမိ


ရန်ကုန် ဧပြီ ၂

မူဆယ်မြို့မှ လားရှိုးမြို့သို့ သွား ရောက်မည့် မစ်ဆူဘီရှိ ပါဂျဲရိုး အမျိုး အစားယာဉ်၏ နောက်ဘက်တွင် တပ်ဆင်လာသော အပိုဘီးအတွင်း ဆပ်ပြာခွက်များဖြင့် ဘိန်းဖြူများ ထည့်သွင်းသယ်ဆောင်လာမှုကို ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းတွင် ဧပြီ ၁ ရက်က သိမ်းဆည်းရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရ သည်။

တရားမဝင် ကုန်သွယ်မှုများကို မြန်မာနိုင်ငံ အထက်ပိုင်း မူဆယ်- မန္တလေး ပြည်ထောင်စုလမ်းမကြီး တွင် ရေပူအမြဲတမ်းစစ်ဆေးရေး စခန်းနှင့် မြန်မာနိုင်ငံ အောက်ပိုင်း မြဝတီ-ရန်ကုန် လမ်းမကြီးတွင် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းတို့ ဖွင့်လှစ်၍ ပူးပေါင်းအဖွဲ့ များနှင့် စစ်ဆေးလျက်ရှိရာ ဧပြီ ၁ ရက်က အဆိုပါ မစ်ဆူဘီရှိ ပါဂျဲရိုး ယာဉ်ကို ရေပူအမြဲတမ်းစစ်ဆေးရေး စခန်း တာဝန်ရှိသူများက စစ်ဆေးရန် တားဆီးစဉ်တွင် ရပ်တန့်ပေးခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံတားဆီးပြီး စခန်းသို့ ခေါ်ဆောင် စစ်ဆေးခဲ့ရာ ယာဉ်၏ နောက်ဘက်၌ တပ်ဆင်ထားသော အပိုဘီးအတွင်းတွင် ဆပ်ပြာခွက် ၇၄ ခွက်ဖြင့် ထည့်ထားသည့် ဘိန်းဖြူဟုယူဆရသည့် အဖြူရောင် အမှုန့်များ ၈၈၈ ဂရမ်ခန့်နှင့် သယ်ဆောင်လာသည့် ယာဉ်တစ်စီး အပါအဝင် စုစုပေါင်း ခန့်မှန်းတန်ဖိုး ကျပ် ၂၆ ဒသမ ၈၇၂ သန်းခန့်ကို သိမ်းဆည်းခဲ့ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

အဆိုပါ စစ်ဆေးရေးစခန်းနှစ်ခုက တရားမဝင် ကုန်သွယ်မှုများကို တားဆီးစစ်ဆေးလျက်ရှိရာ ၂ဝ၁၇ ဧပြီ ၁ ရက်တွင် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းက တားဆီးမှု ၁ မှု (ခန့်မှန်းတန်ဖိုး ကျပ် ၂၆ ဒသမ ၈၇၂ သန်းခန့်)နှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းက တားဆီးမှု နှစ်မှု၊ (ခန့်မှန်းတန်ဖိုးကျပ် ၁၅ ဒသမ ဝ၆ သန်းခန့်တို့)အား သိမ်းဆည်းရမိခဲ့ ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ပြန်/ဆက်

No comments:

Post a Comment